images
UN
UN
လုပ်ငန်းများစနစ်တကျ စီမံခန့်ခွဲနိုင်ရေး လုပ်ငန်းရှင်များဆွေးနွေးပွဲ ပထမဆုံးအကြိမ်ကျင်းပ
မေနဒီမြနွယ် Sunday, 17 November 2019
လုပ်ငန်းများအားစနစ် တကျ စီမံခြင်း၊ လုပ်ငန်းများအောင်မြင် စွာဖွံ့ဖြိုးရေး၊ ချိတ်ဆက်ရေး၊ တိုး တက်ရေးဟူသော ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လုပ်ငန်း ပေါင်းများစွာမှ ဦးဆောင်လုပ်ငန်း ရှင် ၄ဝဝ ကျော်တက်ရောက်ပါဝင် သော မြန်မာ့ပထမဆုံးလုပ်ငန်းရှင် များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉နာရီက ရန်ကုန်တိုင်း ဒေသကြီး ကမ္ဘာအေးဘုရားလမ်း ပေါ်ရှိ Melia Yangon Hotel တွင် ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင်အာဆီယံ ဒေသအဆင့်မြှင့်တင်ရေးအတွက် SECA(အရှေ့တောင်အာရှစင်တာ) ၏အဓိကအရေးပါသည့်အကြောင်း အရာများကို ရှင်းလင်းစွာထုတ် ဖော်ပြသခြင်း SEAC မှ မြန်မာ့ လုပ်ငန်းရှင်များအား လုပ်ဆောင် နိုင်စွမ်းများကို အဆင့်မြှင့်တင်ရန် ထောက်ပံ့ခြင်းနှင့်အဖွဲ့အစည်းများ မှန်ကန်စွာ တိုးတက်ပြောင်းလဲရေး အတွက် လမ်းညွှန်ပေးခြင်း၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကဖြေ ရှင်းချက်ခုနစ်ခုကို ဖော်ထုတ်ပြသ ခြင်း၊ အဖွဲ့အစည်းတစ်ခုချင်းလို အပ်သော မတူညီသည့်အရာများ အတွက် ဖန်တီးပြုလုပ်နိုင်သော ဖြေရှင်းချက်များ၊ ဖြည့်ဆည်းပေး ခြင်းများကို ဆွေးနွေးပွဲတွင်ပါဝင် လမ်းညွှန်သွားခဲ့ကြောင်း သိရ သည်။
SEAC ၏စွမ်းရည်မြှင့်တင်ရေး နှင့် စီမံခန့်ခွဲမှုဒါရိုက်တာ Ms. Arinya Talerngsri နှင့်သင်ကြား ရေး အနုပညာအကြီးအကဲ Mr. James R. Engel တို့က မြန်မာ နိုင်ငံတွင်းမှ စီးပွားရေးလုပ်ငန်းများ သည် စိန်ခေါ်မှုအခက်အခဲပေါင်း များစွာနှင့်ရင်ဆိုင်နေရပြီး လုပ်ငန်း များသည် ဖွံ့ဖြိုးတိုးတက်နေခြင်း နှင့် လုံလောက်သည့်အခြေအနေ သို့ မရောက်ရှိနိုင်သေးကြောင်း၊ စနစ်တကျစီမံခန့်ခွဲနိုင်ခြင်းကသာ ယနေ့လုပ်ငန်းခွင်များအတွင်းကျယ် ကျယ်ပြန့်ပြန့် ရှေ့ဆက်လက် လျှောက်လှမ်းနိုင်မည့်နည်းလမ်း တစ်ခုဖြစ်ကြောင်း၊ လုပ်ငန်းများ ချဲ့ထွင်လာနိုင်ခြင်းသည် တိုးတက် မှုနှုန်းမည်မျှရှိသည်ကို ပြသနိုင် သည့်နည်းလမ်းတစ်ခုဖြစ်ပြီး မည်မျှတိုးတက်လာသည်ဆိုသော အကြောင်းအရာအား စနစ် တကျစီမံခန့်ခွဲခြင်းကသာ အမှန် တကယ်ဖော်ပြပေးနိုင်မည်ဖြစ် ကြောင်း၊ လုပ်ငန်းများကိုအမြတ် အစွန်းရရန်ထိန်းညှိပေးခြင်းသည် လုပ်ငန်းများချက်ချင်းတိုးတက်လာ စေရန် နည်းပါးသောအရင်းအမြစ် ကိုဖြည်းဖြည်းချင်း အသုံးပြုနေ ခြင်းထက် ပိုမိုထိရောက်စေသော နည်းတစ်ခုဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။
မြန်မာ-SEAC (အရှေ့တောင် အာရှစင်တာ)သည် အာဆီယံ၏ တီထွင်ဖန်တီးမှုနှင့် လမ်းညွှန်မှု အကောင်းဆုံး ရာသက်ပန်သင် ကြားရေးစင်တာတစ်ခုဖြစ်ပြီး အဆိုပါဆွေးနွေးပွဲတွင် စီမံခန့်ခွဲ ရေးနည်းပညာများကို လက်ရှိလုပ် ငန်းများလုပ်ကိုင်နေသော အတွေ့ အကြုံပေါင်းများစွာရှိထားသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် လက်တွေ့လုပ်ဆောင်သူများက ပါဝင်ဆွေးနွေးသွားကြမည်ဖြစ် ကြောင်း၊ 'လျင်မြန်သောစီးပွားရေး လုပ်ဆောင်ချက်၊ သင့်ရဲ့လုပ်ငန်း ပုံစံနှင့်လုပ်ဆောင်ချက်များကို ပြန်လည်တွေးခေါ်ပါ' ဟူသော ခေါင်းစဉ်ကို SEAC ၏ စွမ်းရည် မြှင့်တင်ရေးနှင့်စီမံခန့်ခွဲမှုဒါရိုက်တာ Ms. Arinya Talerngsri က ဆွေးနွေးသွားကြောင်း၊ ထို့ပြင် မထင်မှတ်ထားသော ပြောင်းလဲမှု များနှင့် ရင်ဆိုင်ရသည့်အခါ လျင် မြန်မှု၏အရေးပါပုံနှင့် အဓိပ္ပာယ် ကိုလည်း ရှင်းပြပေးသွားသကဲ့သို့ အောင်မြင်ရေးနည်းလမ်းအကြောင်း ကို ပုံစံကျတွေးခေါ်ခြင်း သင်ခန်း စာဖြင့် ဆန်းသစ်သော ခေါင်း ဆောင်မှု အတွေးအခေါ်ထက်မြက် ရေးစင်တာနှင့် SEAC Stanford ထိုင်းသုတေသနအဖွဲ့၏ အကြီး တန်း အမှုဆောင်ဒါရိုက်တာ Mr. William Malekကအခွင့်အလမ်း နှင့် အောင်မြင်နိုင်မှုတို့ကိုရရှိရန် ပုံစံကျတွေးခေါ်ခြင်းကိုသုံး၍ထုတ် ကုန်ဈေးကွက်အား ကိုက်ညီတိုး တက်အောင်လုပ်ဆောင်နိုင်မည့် နက်နဲသော အတွေးအခေါ်များကို မျှဝေပေးသွားမည်ဖြစ်ကြောင်းသိရ သည်။