images
UN
UN
ပဲခူးမြို့ နန်းတော်ရာရပ်ကွက်၌ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်
တင်စိုး(ပဲခူး) Sunday, 17 November 2019
ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှဦးဆောင်၍နန်းတော်ရာရပ်ကွက် အတွင်း၌ယနေ့နံနက် ၉ နာရီက ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပဲခူး တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ နာယက ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ(ငြိမ်း)ဦးဝင်းတင်၊ ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဦးမင်းခန့်ကျော်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ပဲခူး မြို့ပေါ်ရပ်ကွက်အသီးသီးမှပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ နန်းတော်ရာရပ်ကွက်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးအောင်နိုင်စိုးနှင့် အဖွဲ့ဝင်များ၊ပါတီဝင်များ တက် ရောက်ကြပြီး နန်းတော်ရာရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်အား အမွှေးနံ့သာရည်များပက်ဖျန်းပေး ခဲ့ကြသည်။
ထို့နောက် နန်းတော်ရာ ရပ် ကွက် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးအောင်နိုင်စိုး၏နေအိမ်၌ မြို့နယ် ပါတီကော်မတီဝင်များသည် ရပ် ကွက်အတွင်းရှိ ပါတီဝင်များနှင့် တွေ့ဆုံပြီး ပြည်ခိုင်ဖြိုးပါတီ၏ မူဝါဒနှင့် လုပ်ငန်းစဉ်များ၊စည်းရုံး ရေးကဏ္ဍနှင့်ပတ်သက်သည်များ၊ အကျိုးပြုလုပ်ငန်းဆောင်ရွက် ပေးနေမှုနှင့်ဆက်လက်ဆောင်ရွက် မည့်အစီအစဉ်များ၊ ပါတီဝင်များ ၏လိုအပ်ချက်အခက်အခဲပြဿနာ ဆောင်ရွက်ပေးမှုများ၊ ပါတီ အောင်နိုင်ရေးဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍အပြန်အလှန်ဆွေး နွေးကြကာ ပါတီနာယက ဦးဝင်း တင်က ပါတီဝင်တစ်ဦး၏ နာရေး အတွက်ထောက်ပံ့ငွေပေးအပ်ခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီ ကော်မတီဝင်များသည် ဗိုလ်ကုန်း ရပ်ကွက်နှင့်ဟံသာဝတီရပ်ကွက် များသို့သွားရောက်ပြီး ရပ်ကွက် ပါတီတာဝန်ရှိသူများနှင့်အတူ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်များ စိုက်ထူပေးပြီး အမွှေးနံ့သာရည် များပက်ဖျန်းခြင်း၊ ပါတီဝင် များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။