images
UN
UN
ရွှေကူမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ဆီမီးခုံ-နန်းရီ Sunday, 17 November 2019
ရွှေကူမြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏လပတ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကိုယမန်နေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ရာ ဗန်းမော်ခရိုင်ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်ဦးမြဦး၊ ရွှေကူမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်မင်း၊ဘဏ္ဍာရေးမှူးဦးမြင့်သန်းဦးနှင့်မြို့နယ်ပါတီကော်မတီ ဝင်များ၊ အရန်ပါတီ ကော်မတီဝင်များ၊ရပ်/ကျေးပါတီများမှ ဥက္ကဋ္ဌ များနှင့်ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ခရိုင်ပါတီကော်မတီဝင် ဦးမြဦးက ပါတီ အောင်နိုင်ရေး၊ပါတီတွင်းစည်းလုံးညီညွတ်ရေးလုပ်ငန်းစဉ်များကိုလည်း ကောင်း၊မြို့နယ်ပါတီဥက္ကဋ္ဌဦးဇော်မင်းကပါတီအဆင့်ဆင့်မှ ညွန် ကြားချက်များ၊ ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ပါတီဘဏ္ဍာ ရေးမှူးဦးမြင့်သန်းဦးက မီဒီယာအကြောင်းသိကောင်းစရာများကို လည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများ က သိရှိလိုသည်များကိုမေးမြန်းကြရာ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီ ကော်မတီဝင်များက ပြန်လည်အကြံပြုဆွေးနွေးခဲ့ပြီး အစည်းအဝေး ကို မွန်းလွဲ ၂ နာရီခွဲတွင် ပြီးမြောက်ခဲ့ကြောင်း သိရသည်။