images
UN
UN
ပခုက္ကူမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဝင်များနှင့်တွေ့ဆုံ
နွယ်နီနိုင် (ချောက်) Sunday, 17 November 2019
ပခုက္ကူခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦးဆောင်၍ မြို့နယ်ပါတီ ကော်မတီဝင်(ဘဏ္ဏာရေးမှူး) ဦးစန်းမြင့်၊ မြို့နယ်ပါတီကော်မတီဝင် ဦးမောင်နိုင်(စည်းရုံးရေးနယ်မြေတာဝန်ခံ)၊ မြို့နယ်အရန်ပါတီကော် မတီဝင်ဦးအောင်ဝင်းလိုက်ပါပြီး ပခုက္ကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီစည်းရုံးရေးနယ်မြေ(၈)အတွင်းရှိ ရှားပင်အုပ်စု/ရှားပင်ကျေးရွာ ပါတီဥက္ကဋ္ဌ ဦးဇော်လင်း၏ အုပ်စုပါတီရုံးစိုက်နေအိမ်တွင် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်မှ ညနေ ၄ နာရီခွဲအထိ တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခဲ့သည်။
ယင်းတွေ့ဆုံဆွေးနွေးပွဲတွင်အုပ်စုပါတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့်ရှား ပင်ကျေးရွာရှိ ပါတီဝင်များ-ရပ်မိရပ်ဖများတွေ့ဆုံ၍လက်ရှိဖြစ်ပေါ် နေသောနိုင်ငံရေးအခြေအနေများအားရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍တက်ရောက်လာသည့် ရပ်မိရပ်ဖများကျေးရွာပါတီ ဝင်တို့နှင့်အတူပါတီအောင်နိုင်ရေးအတွက်အတူတူဆွေးနွေးခဲ့ကြောင်း သိရသည်။