images
UN
UN
ရေဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ တိုက်နယ်အလိုက် နယ်မြေခွဲ၍ ပါတီလုပ်ငန်းများဆောင်ရွက်
သောင်းဌေး (ရေဦး) Sunday, 17 November 2019
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် ရေဦးမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့ နယ်ပါတီကော်မတီဝင်များသည် တိုက်နယ်အလိုက် နယ်မြေခွဲ၍ အောက်ပါအတိုင်းပါတီလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည် ။
ရေဦးမြို့နယ်ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးခင်မောင်ဆန်းသည် မြို့ နယ်ပါတီကော်မတီဝင် ဦးကျော် စိုးဝင်း၊မြို့နယ်ပါတီကော်မတီဝင်ဦး တင်ဦး၊ မြို့နယ် (အရန်ကော်မတီ ဝင်)ဦးမျိုးအောင်စိုးနှင့် အင်တော အုပ်စုရပ်/ကျေးပါတီဥက္ကဋ္ဌဦးလွမ်း အောင်တို့သည် အင်တောတိုက် နယ်ရွာဗုကြီးကျေးရွာအုပ်စု လှည်း သွင်းကျေးရွာ(ရွာခွဲ) ပါတီ ခေါင်း ဆောင်ဦးဘဝင်းနေအိမ်နှင့် ပုဏ္ဏ ကားကျေးရွာအုပ်စု ရပ်/ကျေး ပါတီဥက္ကဋ္ဌဦးညွန့်ထီ နေအိမ်နှင့် ပန်းကုန်းကျေးရွာ (မြို့နယ်အရန် ပါတီကော်မတီဝင်) ဦးကံမြင့် နေအိမ်၌ ပါတီလုပ်ငန်းများဆွေး နွေးဆောင်ရွက်ခြင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့ နယ်ပါတီကော်မတီဝင် (တင်းတိန် ရန်တိုက်နယ်တာဝန်ခံ) ဦးသောင်း ဋ္ဌေးသည် မိတ္ထီလာကျေးရွာအုပ်စု ညီနောင်ကျေးရွာ ရပ်/ကျေးပါ တီဥက္ကဋ္ဌဦးညိုသွင်နေအိမ်တွင်ရပ်/ ကျေးပါတီကော်မတီဝင်များနှင့် အတူပါတီလုပ်ငန်းများ ဆောင် ရွက်ခြင်း၊ မြို့နယ်ပါတီကော်မတီ ဝင် (သံသည်တိုက်နယ်တာဝန်ခံ) ဦးအောင်ကျော်မြင့်နှင့် ဒေါ်အေး သီဝင်းတို့သည်စည်သာမြေကျေးရွာ အုပ်စုရပ်/ကျေးပါတီဥက္ကဋ္ဌ ဦးဝင်း စောထွန်းနေအိမ်နှင့်ဖလံဂုဏ်ကျေးရွာ အုပ်စုရပ်/ကျေးပါတီကော်မတီဝင် ဦးဝင်းအောင်နေအိမ်၌ ပါတီ လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် မြို့နယ်ပါတီကော်မတီဝင် (ငြုတ္တုံ တိုက်နယ်တာဝန်ခံ) ဒေါ်ညိမ်းညိမ်း စိုးနှင့်မုတ်စီကျေးရွာ အုပ်စုရပ်/ ကျေးပါတီဥက္ကဋ္ဌ ဦးမောင်ကိုတို့ သည်ရွာမိဿာကျေးရွာအုပ်စု ရပ်/ ကျေးပါတီဥက္ကဋ္ဌဦးအောင်မြင့် နေအိမ်တွင် တွေ့ဆုံဆွေးနွေးကာ တိုက်နယ်အလိုက် (နယ်မြေခွဲ၍) ပါတီလုပ်ငန်းများအား အသီးသီး ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။