images
UN
UN
ညောင်ဦးမြို့နယ် ပြည်ခိုင် ဖြိုးပါတီ မြေနီကျေးရွာ ရပ်ကျေးဆိုင်းဘုတ်တင်
ကျော်ဌေး(ညောင်ဦး) Sunday, 17 November 2019
ညောင်ဦးခရိုင် ပြည်ခိုင်ဖြိုး ပါတီ ခရိုင်ပါတီဥက္ကဋ္ဌဦးညွန့်ဝင်း ဦးဆောင်ပြီး မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးအောင်ဌေး၊ ပါတီ အတွင်းရေးမှူးဦးအောင်ဆန်းဦး တို့သည် မြို့နယ်ပါတီကော်မတီ ဝင်များဖြစ်ကြသော စီမံဘဏ္ဍာ ရေးရာဌာနဒေါ်မြင့်မြင့်ရှိန်၊မြို့နယ် ပါတီကော်မတီဝင်ဦးတင်ဝင်း၊ဦး မင်းမင်းလတ်၊ဦးစံလင်းတို့နှင့်အတူ ညောင်ဦးမြို့နယ် မြေနီကျေးရွာ အုပ်စု မြေနီကျေးရွာသို့သွားရောက် ၍ ယနေ့နံနက်၉နာရီက ရပ်ကျေး ပါတီဆိုင်းဘုတ်အသစ်ပြောင်းလဲ တပ်ဆင်ပြီးရပ်ကျေးပါတီဝင်များ နှင့်အတူ ပါတီဆိုင်းဘုတ်စိုက်ထူ ပွဲကျင်းပခဲ့ကြသည်။
အဆိုပါဆိုင်းဘုတ်စိုက်ထူပွဲတွင် ခရိုင်/မြို့နယ်ပါတီဥက္ကဋ္ဌများက အမွှေးနံ့သာရည်များပက်ဖျန်း၍ ပြည်ခိုင်ဖြိုးပါတီနိုင်ရမည်ဟူသော ကြွေးကြော်သံ သုံးကြိမ်ဖြင့် ကြွေး ကြော်ကာ အောင်မြင်စွာကျင်းပခဲ့ ကြသည်။