images
UN
UN
ပခုက္ကူမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်မိရပ်ဖများ ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေး
နွယ်နီနိုင်(ချောက်) Sunday, 17 November 2019
ပခုက္ကူခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းထွန်းဦးဆောင်၍ မြို့နယ်ပါတီကော်မတီဝင်(ဘဏ္ဍာ ရေးမှူး) ဦးစန်းမြင့်၊ မြို့နယ်ပါတီ ကော်မတီဝင်ဦးမောင်နိုင်(စည်းရုံး ရေး နယ်မြေတာဝန်ခံ)၊ မြို့နယ် အရန်ပါတီကော်မတီဝင် ဦးအောင် ဝင်းတို့လိုက်ပါပြီး ပခုက္ကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီစည်းရုံးရေး နယ်မြေ(၈)အတွင်းရှိ ညောင်ပင် အုပ်စု ညောင်ပင်ကျေးရွာ ရွာဦး ဓမ္မာရုံ၌တွေ့ဆုံဆွေးနွေးပွဲကို မွန်းလွဲ ၁ နာရီခွဲမှ စတင်ဆွေးနွေးခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲတွင် ညောင်ပင် အုပ်စု အုပ်စုပါတီဥက္ကဋ္ဌဦးဇော်လွင် နှင့် ရပ်ကျေးစည်းမှူးဦးတင်မောင် ရွှေ၊ ယင်းနောက်ညောင်ပင်ကျေး ရွာရှိပါတီဝင်များနှင့်ရပ်မိရပ်ဖများ တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများအား ရှင်း လင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက် လာသည့်ရပ်မိရပ်ဖများ၊ ကျေးရွာ ပါတီဝင်တို့နှင့်အတူ ပါတီအောင် နိုင်ရေးအတွက် အတူတူဆွေး နွေးခဲ့ကြသည်။ ဆွေးနွေးပွဲကို မွန်းလွဲ ၂ နာရီ မိနစ် ၅ဝ တွင်ြ့ပီးမြောက်ခဲ့ကြောင်း သိရသည်။