images
UN
UN
ပေါင်မြို့နယ်တွင် လောင်းကစားပြုလုပ်သူနှစ်ဦးကို ဖမ်းဆီးရမိ
နိုင်နိုင်(မွန်) Saturday, 23 November 2019
မွန်ပြည်နယ် ပေါင်မြို့နယ် ရင်းငြိမ်ရဲကင်းစခန်းမှူး ဒုရဲ အုပ် စိုးအောင်နှင့်တပ်ဖွဲ့ဝင်များ သည် ယမန်နေ့ ည ၈ နာရီ ၄၅ မိနစ်က လောင်းကစားသတင်းအရ သက် သေများနှင့် အတူရင်းငြိမ်(မြောက်) ကျေးရွာ အမှတ်(၁၂)ရပ်ကွက် ဘောလုံးကွင်းအတွင်းရှိ မဟာဒုက် ဘုရားပွဲတော်အတွင်း၌ မုတ္တမ ကျေးရွာ မေတ္တာမွန်(၃)လမ်းနေ မစန္ဒာအေး(၂ဝနှစ်)နှင့် မော်လမြိုင် မြို့ ရွှေပြည်အေးရပ်နေမျိုးကို (၂ဝနှစ်)တို့ နှစ်ဦးကို တွေ့ရှိပြီး ၄င်းတို့နှင့်အတူ ဆင်၊ ဇော်ဂျီ၊ ကျား၊ နဂါး၊ မြင်း၊ ဒေါင်းရုပ်များ ရေးဆွဲထားသည့် အလျား ၃ ပေ ၃ လက်မ၊ အနံ ၂ ပေ ၇ လက်မရှိ ဗီနိုင်းစ တစ်ခု၊ အဆိုပါရုပ်ပုံပါ အံစာတုံးသုံးတုံးနှင့်လောင်းကစား ဆက်စပ်ပစ္စည်းများ၊ ငွေစက္ကူရော ရာကျပ် ၄၄ဝဝဝ တို့ကို ရှာဖွေ တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ပေါင်မြို့မ ရဲစခန်းမှ မစန္ဒာအေးနှင့် မျိုးကိုတို့ နှစ်ဦးအပေါ် (ပ)၂၇၉၃/၂ဝ၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။