images
UN
UN
သီတဂူဇောတိကစက္ခုဒါနဆေးရုံ (အောင်လံ)တွင် မျက်စိဝေဒနာရှင် ၂၃၄ ဦးအား အခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့
သိန်းလွင်(အောင်လံ) Monday, 25 November 2019
အောင်လံမြို့ ရွာထောင်ရပ်ကွက် ရှိ သီတဂူဇောတိကစက္ခုဒါနဆေးရုံ ၌ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် များနှင့် သီတဂူဆေးရုံတော်များ ၏အဓိပတိသီတဂူဆရာတော်ကြီး ၏လမ်းညွှန်မှု၊ သီတဂူရွှေပြည်ဟိန်း ဆရာတော်၏ အနီးကပ်ကြီးကြပ်မှု ဖြင့် မျက်စိဝေဒနာရှင်၂၃၄ ဦးအား အခမဲ့ခွဲစိတ်ကုသမှုများကိုဆောင် ရွက်ပေးနိုင်ခဲ့ကြောင်း စက္ခုဒါန ဆေးရုံတာဝန်ခံ ဆရာတော်သီတဂူ အရှင်ဇောတိကထံမှ သိရသည်။
အဆိုပါခွဲစိတ်ကုသမှုကို မျက် စိအထူးကုပါမောက္ခ(ငြိမ်း) ဒေါက် တာမြအောင်နှင့်မျက်စိအထူးကု ဆရာဝန်ကြီးများက အလှည့်ကျခွဲ စိတ်ကုသပေးကြခြင်းဖြစ်ပြီး ယခု လ၂၁ ရက်တွင် လူနာ ၈၂ ဦး၊ ၂၃ ရက်တွင် လူနာ ၈၇ ဦး၊ ၂၄ ရက်တွင် လူနာ ၆၅ ဦး စုစုပေါင်း မျက်စိဝေဒနာရှင် ၂၃၄ ဦ တို့အား ခွဲစိတ်ကုသပေးနိုင်ခဲ့သည်။ ခွဲစိတ် ကုသခြင်းလုပ်ငန်းများအတွက် ဆရာဝန်ကြီးများ၏ သွားလာနေ ထိုင်စားသောက်မှုနှင့် ဆေးဝါးတို့ အတွက် ကုန်ကျစရိတ်အားလုံးတို့ ၏အလှူရှင်မှာ ရန်ကုန်မြို့နေ(ပိုင်-ကုမ္ပဏီ) မိသားစုတို့၏ကောင်းမှု ဖြစ်ပြီး လူနာများအတွက် အာဟာရ အလှူရှင်များမှာ သီတဂူအရှင်ဇော တိကနှင့်မြို့ပေါ်ရှိ ဌာနဆိုင်ရာ များ၏ စုပေါင်းကောင်းမှုကုသိုလ် ဖြစ်ကြောင်း သိရသည်။