images
UN
UN
ဆီးချိုဆေးတစ်မျိုးက အသည်းအဆီဖုံးခြင်းကို သိသာစွာလျှော့ချပေးနိုင်ဟုဆို
KK(IR) Thursday, 28 November 2019
သုတေသနသစ်များအရ အမျိုးအစား(၂)ဆီးချိုသွေးချိုရောဂါ(T2D) ကုသရာတွင်အသုံးပြုသည့်ဆေးတစ်မျိုးက အရက်ကြောင့် မဟုတ် သောအသည်းအဆီဖုံးရောဂါ (NAFLD)က ဖြစ်ပွားနေသူများအား အသည်းပေါ်မှ အဆီပမာဏကိုလျှော့ချပေးပြီး သွေးတွင်းသကြား ဓာတ်ကိုပါလျှော့ချပေးနိုင်သည်ဟု သိရသည်။ အမျိုးအစား(၂)ဆီးချို သွေးချိုဝေဒနာသည်များတွင်NAFLDအဖြစ်များပြီးပြင်းထန်အသည်း ရောဂါများအထိ ဆက်လက်ဖြစ်ပွားတတ်သည်ဟု သိရသည်။
သုတေသနတွေ့ရှိချက်များအရ သက်လတ်ပိုင်းဆီးချိုသွေးချို ဝေဒနာရှင်များတွင် ဆီးချိုသွေးချို ဆေးတစ်မျိုးဖြစ်သည့် empag- liflozin ကိုသောက်နေသူများက ကုသမှုစတင်ပြီး သီတင်းပတ် ၂ဝခန့်အကြာတွင် အသည်းပေါ်မှ အဆီ ၁၆ဒသမ ၂ ရာခိုင်နှုန်း မှ၁၁ဒသမ၃ ရာခိုင်နှုန်းခန့်အထိ လျော့ကျသွားသည်ကို တွေ့ရှိခဲ့ရ ကြောင်း သိရသည်။