images
UN
UN
ပွဲဆက်များမှုအတွက် ပူပန်မှုမရှိကြောင်း လီဗာပူးကွင်းလယ်လူမာနေးပြော
Friday, 29 November 2019

လီဗာပူးကွင်းလယ်ကစား သမားမာနေးက ပွဲဆက်များမှု အတွက် ပူပန်မှုမရှိဘဲ ပင်ပန်းသော အခြေအနေနှင့်လည်း ရင်ဆိုင်နေရ ခြင်းမရှိဟု ပြောကြားလိုက်သည်။ မာနေးသည် ၂ဝ၁၇-၂ဝ၁၈ ဘော လုံးရာသီမှစကာ လီဗာပူးအသင်း နှင့် ဆီနီဂေါလက်ရွေးစင်အသင်းတို့ အတွက် ၁၃၁ ပွဲအထိ ပါဝင်ကစား ခဲ့ရသည်။ ၄င်းနှင့်တွဲဖက်များဖြစ် သော ဆာလက်မှာ အဆိုပါကာလ အတွင်း ၁၃၃ ပွဲကစားခဲ့ရပြီး ဖာမီ နိုမှာ ၁၄၉ ပွဲအထိ ကစားထား ရသည်။
လက်ရှိတွင်လည်း ၄င်းတို့ သုံးဦးသည် လီဗာပူး၏ပွဲစဉ်တိုင်း ၌ ဆက်လက်ပါဝင်ကစားနေရဆဲ ဖြစ်သည်။ သို့သော် မာနေးက ''အရိုးသားဆုံးပြောရရင် ပွဲဆက် များတာက အခက်အခဲတချို့ရှိပေ မယ့် ကျွန်တော့်အတွက်တော့ ပင် ပန်းတယ်လို့ မခံစားရပါဘူး။ အသင်းနဲ့နည်းပြက လိုအပ်တဲ့ အချိန်တိုင်းမှာ ကစားပေးနိုင်ဖို့ ပြင်ဆင်ထားတာကြောင့် ဒီကိစ္စ အတွက် ပူပန်တာလည်းမရှိပါဘူး'' ဟု ပြောကြားခဲ့သည်။
လီဗာပူးအသင်းသည်လာမည့် ဒီဇင်ဘာလအတွင်း ကိုးပွဲကစား ရမည်ဖြစ်၍ ပွဲဆက်များမှုနှင့် ရင် ဆိုင်နေရပြီး ကမ္ဘာ့ကလပ်များ ဖလားပြိုင်ပွဲနှင့်လိဂ်ဖလားပွဲတို့ကို အသင်းနှစ်သင်းခွဲကာ ယှဉ်ပြိုင် ကစားရန်အထိ စီစဉ်နေရသည်။
Ref ;Telegraph