images
UN
UN
အခုက ဂမ်ဘီယာနဲ့ဖြစ်တာမဟုတ်ဘူး ဒီ OIC အဖွဲ့ဝင် ၅၇ နိုင်ငံနဲ့ ဖြစ်တဲ့ဘဝရောက်သွားပြီ အဲဒီလိုရောက်အောင် ဘယ်သူဇာတ်ပို့ခဲ့တာလဲ ဘယ်အစိုးရလက်ထက်မှာမှ မရှိခဲ့တဲ့ နိုင်ငံတော်ကိုတရားစွဲတယ် ဆိုတာက နိုင်ငံသားအားလုံး တရားခံဖြစ်သွားပြီ
Friday, 29 November 2019
ဧရာဝတီသတင်းဌာန
***************
မေး။ ။ ကျွန်တော်ဆိုလိုချင်တာက တပ် အနေနဲ့ဘာလုပ်သင့်လဲ။ အန်ကယ်တို့ရဲ့ အကြံပြုချက်ပေါ့။
ဦးသိန်းညွန့်
ဥက္ကဋ္ဌအမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ
*****************************
ဖြေ။ ။ တပ်ကဘယ်နေရာကပါသင့်လဲဆို ရင် တပ်မတော်က အစောကြီးကတည်းက မြန်မာ့နိုင်ငံရေးနဲ့ တပ်မတော်ဆိုပြီးတော့ ရခိုင်ကိစ္စကအစ ပြည့်ပြည့်စုံစုံထုတ်ပြန် ထားတာပဲ။ ရခိုင်နဲ့ပြဿနာက အဓိက တရားခံက နယ်ချဲ့အင်္ဂလိပ်၊ နယ်ချဲ့ အင်္ဂလိပ်က ဖန်တီးပြီးတော့ ဒီဘင်္ဂါလီတွေ ကို နိုင်ငံခြားသားဆိုပြီးခေါ်လာတဲ့အတွက် ဒီပြဿနာစတာပဲ။ ဒါနယ်ချဲ့အင်္ဂလိပ်က စတဲ့ပြဿနာကို နယ်ချဲ့အင်္ဂလိပ်နဲ့ပတ် သက်တဲ့ အခုနောက်ပိုင်းမှ မကင်းရာ မကင်းကြောင်းတွေက ဒီပြဿနာလို စလာ တယ်ဆိုတဲ့ဟာလည်း ကြားနေရတာပဲ။ အခုဆိုရင် OIC က တရားစွဲတဲ့ကိစ္စမျိုးမှာ ဒီအခုကျွန်တော်တို့ရဲ့သတင်းအရ ဆိုရင် ဗြိတိန်ကEU ကခွဲထွက်တဲ့အခါမှာ လျော်ပေးရမယ့်စရိတ်တွေကို ဆောဒီတစ် နိုင်ငံတည်းကနေပေးမယ်ဆိုတဲ့သတင်းရှိ နေတာပဲ။ ဆော်ဒီကအပေးအယူက ဘာလဲ ဆိုရင် အခုမြန်မာနိုင်ငံတပ်မတော်ကို တရားစွဲတဲ့ကိစ္စတွေအားလုံးမှာ အင်္ဂလိပ် ကနေတက်တက်ြ<ွကြ<ွကလုပ်ပေးဖို့ အင်္ဂလိပ် ကသူ့ပြဿနာနဲ့သူအခုရက်ပိုင်းပဲရှိပေ မယ့်။ ရှေ့မှာလာဦးမယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် နယ်ချဲ့သမားက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၂နှစ်ကနေ အခုအချိန်ထိ တိုင်းပြည်ကို ဆင်းရဲတွင်းရော၊ ငရဲတွင်း ရောရောက်အောင်ပို့နိုင်တာကတော့ နယ်ချဲ့ အင်္ဂလိပ်ပဲလို့ ထပ်ပြောပါရစေ။
ဧရာဝတီသတင်းဌာန
မေး။ ။နောက်တစ်ခုကတော့ ကြံ့ခိုင်ရေး ပါတီကိုမေးချင်ပါတယ်။ ဒီရွေးကောက်ပွဲ မှာ အန်ကယ်တို့ တစ်ပြည်လုံးအတိုင်း အတာနဲ့ပြိုင်မလား။ ဒါမှမဟုတ်လက်ရှိ အန်ကယ်လို့ပူးပေါင်းထားတဲ့ပါတီ ၂ဝမှာ ပါတဲ့ ပါတီတွေနဲ့ မဲဆန္ဒနယ်ခွဲဝေပြီးပြိုင် မလား။ ဘယ်လိုစဉ်းစားထားလဲပေါ့နော်။
============================================================
ဦးလှသိန်း
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်
****************************
ဖြေ။ ။အားလုံးဝင်ပြိုင်မှာဖြစ်ပါတယ်။ မဲ ဆန္ဒနယ်ခွဲဝေဖို့တော့ လောလောဆယ်မရှိ သေးပါဘူး။
ဒီမိုကရေစီတူဒေး
မေး။ ။အန်ကယ်ဦးလှသိန်းကိုမေးချင်ပါ တယ်။ ပထမအနေနဲ့ရွေးကောက်ပွဲကော် မရှင်နဲ့ပတ်သက်လို့ ပါတီ ၂ဝက ဥပဒေ အရဆောင်ရွက်သွားမယ်လို့ပြောတယ်။ ဘယ်လိုပုံစံမျိုးနဲ့ဆောင်ရွက်သွားမလဲပေါ့ နော်။ NLD ပါတီက ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်ပြောထားတာရှိတယ်။ ဒီ ၁၉၉ဝ အထွေထွေရွေးကောက်ပွဲ၊ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ သူတို့ပါတီရဲ့ ကော်မရှင်မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့ သူတို့မကြောက်ဘူးပေါ့နော်။ သူတို့ယုံ ကြည်မှုရှိတယ်၊ ပြိုင်ခဲ့တယ်။ ဘာမှလည်း ကြောက်စရာမလိုဘူး။ ဘာကြောင့်လဲဆို ကိုယ့်ပါတီအပေါ် ကိုယ်ယုံကြည်မှုရှိတဲ့ အတွက် ပြိုင်တဲ့အတွက် နိုင်ခဲ့တယ်ပေါ့ နော်။ အခု အန်ကယ်တို့အနေနဲ့ အဲဒါကို စိုးရွံ့နေတာလားဆိုတဲ့ ပုံစံမျိုးပြောလာတယ် ပေါ့နော်။ အဲဒီအပေါ်မှာ အန်ကယ်တို့ အနေနဲ့ ဘာများပြောစရာရှိလဲ။
============================================================
ဦးလှသိန်း
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်
****************************
ဖြေ။ ။အဲဒါနဲ့ပတ်သက်လို့ ဥပဒေအရ ရပ်တည်သွားမယ်ဆိုတာက အန်ကယ်တို့ နိုင်ငံရေးပါတီတွေလိုက်နာရမယ့် ဥပဒေရှိ တယ်။ ကော်မရှင်ဥပဒေရှိတယ်။ တခြား ဆက်နွှယ်နေတဲ့ ဥပဒေတွေအများကြီးရှိ တယ်။ နောက်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆက်နွှယ်နေတာတွေရှိတယ်။ ပုဒ်မ-၁၉၈ မှာလည်း ဘယ်ဥပဒေက ဘယ်လိုဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆောင်ရွက် ရမယ်ဆိုတာပါတယ်။ ဒါကြောင့် အန်ကယ် တို့ပါတီတွေကတော့ နိုင်ငံရေးပါတီ ၂ဝ ကြေညာချက်ထုတ်တုန်းကလည်း အဲဒီ ဥပဒေတွေအပေါ်မူတည်ပြီးတော့မှ ဒါကို ထုတ်တာ။ ခုနဆရာဦးသိန်းညွန့်ရော၊ဆရာ ဦးသိမ်းကြည်ရော ပြောသွားတယ်။ အန် ကယ်တို့ နိုင်ငံရေးပါတီဆိုတာမျိုးက နိုင်ငံ ကောင်းဖို့အတွက်ဝင်လုပ်တဲ့ပါတီ။ ဘယ် သူ့မှ သွားပြီးတိုက်ခိုက်၊ ဘာညာလုပ်တာ မဟုတ်ပါဘူး။
အဲဒီတော့နိုင်ငံတော်ကောင်း ဖို့အတွက်ဆိုရင် အန်ကယ်တို့အကြံပြုစရာ ဆိုလို့ရှိရင် နိုင်ငံတော်သမ္မတရယ်၊ UEC ရယ် တင်တယ်။ ဒါမှလုပ်ပိုင်ခွင့်မရှိဘူးဆို ရင်လည်း အန်ကယ်တို့က ဘာမှဆက်လုပ် လို့မရဘူး။ ဒါခုနကသွားပြောတဲ့ ဟာပါ။ ဒီတည်ဆဲဥပဒေတွေနဲ့ ဆောင်ရွက်သွား မယ်ဆိုတာကို ဆိုလိုတာပါ။ နောက်တစ်ခု ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တို့ပါတီတွေ ကတော့ သတ္တိရှိတယ်။ ဘယ်ဟာမှဟိုဒင်း မဖြစ်ဘူး။ တို့ဟာတို့ယုံကြည်တဲ့အတွက် ကြောင့် တို့ဝင်ပြိုင်တယ်။ ဒါလေးမေးသွား တာဖြစ်ပါတယ်။ အန်ကယ်တို့ပါတီအနေ နဲ့ကလည်း အဲဒီအတိုင်းပါပဲ။ အန်ကယ်တို့ အနေနဲ့ ဘယ်သူ့အပေါ်မှာမှ ဘာမှမဖြစ်ပါ ဘူး။ ဆိုလိုတာက အခုတင်ပြနေတယ် ဆိုတဲ့ သဘောကခုန IFES လိုဟာမျိုး တွေဖြစ်လာတယ်။ နည်းပညာတွေ သုံး လာတယ်။ အမေရိကန်လိုနိုင်ငံကြီးတောင် မှ ခုနအဲဒီလို ထိုးဖောက်မှုတွေဖြစ်လာလို့ ခုနဆရာ ဦးသိန်းညွန့် အကျယ်ရှင်းပြသွား ပြီးပြီ၊ ကျွန်တော်ကစကားဦးရှည်မှာစိုးလို့ မပြောတာ။ အဲဒီတော့ အဲဒီလိုဟာမျိုးတွေ ဖြစ်လို့ရှိရင် ကျွန်တော်တို့နိုင်ငံက အဲဒီ လောက်မှ IT က မထွန်းကားသေးဘူး။ ဒီမဲထည့်တာတောင်မှ လူပုဂ္ဂိုလ်တစ် ယောက်ဝင်လာရင် ဘယ်လိုနှိပ်ရမယ်။ ဘယ်မှာမဲထည့်ရမယ်၊ ဒီလိုမေးတာ။ ဒါ အပြင်မှာ တကယ်ဖြစ်နေတဲ့ ကိစ္စ၊ ကျေး ရွာတွေသွားကြည့်ရင် ပိုဆိုးပါတယ်။ ကျွန် တော်တို့ကရွာစဉ်တွေအထိ ရောက်တဲ့သူ တွေပါ။ အဲဒီလိုဟာမျိုးတွေဖြစ်နေတဲ့အခါ မှာ ဒီလိုဟာမျိုး ဖြစ်လာမယ်ဆိုရင် ဒစ်ဒစ်ဒစ်-ဒါဒါဒါဆိုရင် ဟိုမှာ ဒါဒါဒါ- ဒစ်ဒစ်ဒစ်ဖြစ်သွားမယ်။ ဒါတွေ ကျွန်တော် တို့ကအရင် ကြိုတွေးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ယုံပါတယ်။ လူဆိုတာက တော့ မိမိကိုယ်ကို မိမိယုံကြည်မှုရှိမှပဲ ရမယ်။ မိမိကိုယ်ကို မိမိမယုံကြည်ဘူး ဆိုရင်တော့ ဘာမှမလုပ်နဲ့ ဘာမှလဲရမှာ မဟုတ်ဘူး။ အဲဒီလိုပဲ ကျွန်တော်တို့နိုင်ငံရေး ပါတီဆိုတာကလည်း ပါတီတိုင်းအားလုံး ကလည်း ကိုယ့်ပါတီအပေါ်ကိုယ်ရာခိုင် နှုန်း ၁ဝဝ အထက် ယုံကြည်မှုအပြည့်ရှိပြီး သားပါ။ ဒါကြောင့်မို့ ကျွန်တော်တိှု့Stand အတိုင်း ကျွန်တော်တို့ဘာသာ ကျွန်တော် တို့ရပ်တည်ပြီးတော့ ရွေးကောက်ပွဲကြီးကို ဘယ်လိုပဲ ဥပဒေတွေ ဘာပဲထုတ်ထုတ်၊ ဘာပဲလုပ်လုပ် အဲဒီဥပဒေနဲ့အညီ ဖြစ်သင့် တဲ့ဥပဒေဆိုရင် လိုက်နာမယ်။ တင်ပြသင့် တာရှိရင် တရားဝင်တင်ပြမယ်။ အဲဒီလို တင်ပြပြီးတော့ ရွေးကောက်ပွဲမှာ ဝင်သွား မယ်ဆိုတာလေးတော့ တင်ပြလိုပါတယ်။ ကျေးဇူးတင်ပါတယ်။
============================================================
ဦးသိမ်းကြည်
ဥက္ကဋ္ဌ အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီ
***************************************
ဖြေ။ ကျန်ခဲ့တာ တစ်ခုရှိလို့။ ကြောက် လားလို့မေးခဲ့တယ်လေ။ ကြောက်နေလို့ လားလို့။ အဲဒါလေးကို ပြစေချင်တယ်။ နိုင်ငံရေးပါတီဆိုတာ ကြောက်စရာတစ် ကြောင်းမှမရှိဘူး။ ကျွန်တော် ပြောပြီးပြီ ခံဖို့ပဲရှိတယ်။ နောက်တစ်ချက်ပြောဦး မယ်။ ရွေးကောက်ပွဲ ကိစ္စရပ်သည် ၁၉၉ဝ မီမယ်မထင်ဘူး။ လွတ်လပ်တဲ့ ဥပဒေအရ ဆောင်ရွက်ခဲ့တယ်။ ဦးဘဌေး၊ ဆရာချင်း ဒီပုဂ္ဂိုလ်တွေက ဦးဆောင်ပြီး လုပ်ခဲ့တယ်။ ပြဿနာမတက်ဘူး။ အဲဒီပြဿနာ မတက် တဲ့အချိန်မှာကျွန်တော်ပြောပြမယ်။ ၁၉၉ဝ အထွေထွေရွေးကောက်ပွဲဆိုတာ ထွက်လာ တဲ့အခါမှာ ပြဿနာပေါ်တယ်။ ဘာဖြစ်လို့ လဲ။ ကျွန်တော်တို့ NLD မှာ လှုပ်ရှားလာ တာ။ ပြဿနာတက်လာတယ်။ အဲဒီမှာ လူကြီးတွေ ဘာဆုံးဖြတ်လဲ။ ဦးချစ်မောင် ပါ။ အန်ကယ်ဦးချစ်မောင်။ ပါတီမှတ်ပုံ တင်တုန်းက ရွေးကောက်ပွဲဝင်တယ်။ ဒီမို ကရေစီဆိုတာ ရွေးကောက်ပွဲဝင်ကိုဝင်ရ မယ်ဆိုတဲ့ကိစ္စ။ ကျွန်တော်တို့အားလုံး လိုက်နာပြီး ဝင်ခဲ့ကြတယ်။ မဝင်တဲ့လူတွေ အားလုံးကို ထုတ်ပစ်လိုက်တယ်။ NLD က။ ဒါလေးကို အတွေ့အကြုံရှိအောင် ပြောပြတာပါ။ ၂ဝ၁၅ ရွေးကောက်ပွဲလုပ် တယ်။ ဒီနေ့သမ္မတကြီးဦးဝင်းမြင့်ကကော် မရှင်ကို မယုံဘူးလို့ပြောတယ်။ ကြားဖူး လား။ မှတ်တမ်းတွေရှိတယ်။ အပြင်က နေပြီးတော့ ပြောနေပြီ။ မင်းကိုနိုင်တို့ ဘာတို့ ညာတို့ပြောတယ်။ ပြီးသွားပြီ။ အဲဒီ တော့မှမျှတတယ်လို့ပြောတာ။ နိုင်ငံရေး ပါတီဆိုတာကြောက်စရာမရှိဘူး။ မယုံတာ ကို မယုံတယ်လို့ပြောတယ်။
ဒီမိုကရေစီတူဒေး
************
မေး။ ။ ပြီးခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲ တုန်းက အန်ကယ်တို့ပါတီအနေနဲ့ပြည် နယ်မဲဆန္ဒနယ်တွေမှာ ဝင်မပြိုင်ခဲ့ဘူး။ အဓိ ကပေါ့နော်။ ပြီးတော့ အဲဒီရွေးကောက်ပွဲ ပြီးတဲ့အချိန်မှာ အန်ကယ်တို့စကားအရိပ် အမြွက်ပြောတာက လာမယ့်ရွေးကောက်ပွဲ မှာလည်း ဒီပြည်နယ်မဲဆန္ဒနယ်တွေပေါ့။ အဓိက တိုင်းရင်းသားတွေကို ဦးစားပေး ချင်လို့ အဲဒီမှာဝင်မပြိုင်ဖြစ်တာလို့လည်း ပြောတယ်။ ပြီးတော့ ဝင်မပြိုင်ဖို့လည်း အလားအလာရှိတယ်ဆိုတော့ လာမယ့် ရွေးကောက်ပွဲမှာရော ဒီပြည်နယ်မဲဆန္ဒ နယ်တွေကို လွှတ်ပေးဦးမှာလား။ ဒီတိုင်း ရင်းသားတွေကို ဦးစားပေးဦးမှာလား။
============================================================

ဦးလှသိန်း
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်
****************************
ဖြေ။ ။ပြည်နယ်မဲဆန္ဒနယ်တွေမှာလည်း အန်ကယ်တို့က ဝင်ပြိုင်မှာရှိပါ တယ်။ တချို့ဟာတွေကြလည်း အန်ကယ်တို့က မိတ်ဖက်ပါတီတွေရှိပါတယ်။ အဲဒီပေါ် မူတည်ပြီး အန်ကယ်တို့က ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျေးဇူး တင်ပါတယ်။
===========================================================
ဒီမိုကရေစီတူဒေး
************
မေး။ ။ အခုသိချင်တာက ICJ ကိစ္စနဲ့ပတ် သက်ပြီးတော့ အတိုင်ပင်ခံကလည်း သွား ရောက်ဖြေရှင်းတော့မယ်ပေါ့နော်။ တပ်မ တော်ကလည်း သူသွားနေဖို့၊ ပံ့ပိုးကူညီဖို့ ပြောနေပြီဆိုတော့ ဒီနိုင်ငံရေးပါတီ ၂ဝအနေ နဲ့ရော ICJ ကိစ္စရပ်နဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံဘက်က ရပ်တည် ထောက်ခံသွားဖို့ရှိသလား။ ဒါမှမဟုတ် ဘယ်လိုမျိုးအကြံပြုထောက်ပြပေးဖို့ရှိပါ သလဲ။
============================================================
ဦးသိန်းညွန့်
ဥက္ကဋ္ဌ အမျိုးသားဒီမိုကရေစီ ပါတီသစ် ပါတီ
*******************************
ဖြေ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီးရင် ကျွန်တော် တို့ အခုမှပြောတာမဟုတ်ပါဘူး။ ဦးဇော် ဌေး ၁၅ရက်နေ့ ရှင်းလင်းပွဲမလုပ်ခင်မှာ ကို ကျွန်တော်က ဥပဒေသည်လက်နက် လားဆိုပြီး မြန်မာတိုင်းမ်မှာ ရေးလိုက် တယ်။ ဒါကဘာလဲဆိုရင် ကျွန်တော်တို့ တိုင်းပြည်က ခုလိုပြင်ပအန္တရာယ်ကြုံရင် ကျွန်တော်တို့က ပြည်ပအန္တရာယ်ဖြစ်တဲ့ ICJ ရဲ့ကိစ္စမှာ ကျွန်တော်တို့ နိုင်ငံရေးပါတီ တွေတင်မဟုတ်ဘူး။ တစ်နိုင်ငံလုံးက ကျွန် တော်တို့ရဲ့သွေးစည်းညီညွတ်ရေးစိတ်ဓာတ် ကိုပြရမယ်။ ဒါကတစ်ချက်။ တစ်ကြိမ် တည်းမှာ ကျွန်တော်တို့က ခံခဲ့ရပေါင်းများ ပြီဖြစ်တဲ့အတွက် ခုနဦးသိမ်းကြည်ထောက် ပြသလို ကိုဖီအာနန် ဖွဲ့ကတည်းက ၂ဝ၁၆ စက်တင်ဘာ ၁၆ရက်မှာ ဒီပေါ်ပေါက်လာ မယ့်အကျိုးဆက်တွေကို ကျွန်တော်တို့ ထောက်ပြခဲ့ပါတယ်။ ဒါကြောင့် အခုကိစ္စ မှာလည်း အစိုးရအဆက်ဆက်က ပြည် တွင်းပြဿနာအဖြစ် ဖြေရှင်းခဲ့တဲ့ ပြဿနာ ကို ရခိုင်ပြည်နယ်ဗုဒ္ဓဘာသာအသိုင်းအ ဝိုင်း၊ ရခိုင်ပြည်နယ် အစ္စလာမ်အသိုင်းအ ဝိုင်းဆိုတာကနေ စလိုက်တဲ့ဇာတ်လမ်း သည် ဒါက အစောက ကျွန်တော်ပြော သလို အခုက ဂမ်ဘီယာနဲ့ဖြစ်တာမဟုတ် ဘူး။ ဒီ OIC အဖွဲ့ဝင် ၅၇ နိုင်ငံနဲ့ဖြစ်တဲ့ ဘဝရောက်သွားပြီ။ အဲဒီလိုရောက်အောင် ဘယ်သူဇာတ်ပို့ခဲ့သလဲ။ ဘယ်သူဒီကိစ္စကို ဖန်တီးခဲ့လဲဆိုတဲ့ တစ်ဖက်က ညီညွတ်ရေး လည်းပြရမယ်။တစ်ဖက်ကလည်းတရားခံ အစစ်ကိုလည်း သမိုင်းသင်ခန်းစာအတွက် ကျွန်တော်တို့ ဖော်ထုတ်ရတော့မယ်။

ဒီမိုကရေစီတူဒေး
************
မေး။ ။ အတိုချုပ်ပြောရရင် အန်ကယ်ပြော ချင်တဲ့သဘောက ထောက်ခံသွားမယ်။ နောက်တစ်ချက်က ဝေဖန်ထောက်ပြစရာ ရှိရင် ထောက်ပြသွားမယ်ဆိုတဲ့ သဘော လား။ အဓိကနိုင်ငံရေးပါတီ ၂ဝက ICJ အတွက်ကို နိုင်ငံတော်အတိုင်အပင်ခံဘက် က ထောက်ခံသွားမယ်ဆိုတဲ့သဘောလား။ ပြောမယ်ဆိုနိုင်ငံအတွက်ထောက်ခံတာပေါ့။
=========================================================
ဦးသိန်းညွန့်
ဥက္ကဋ္ဌ အမျိုးသားဒီမိုကရေစီ ပါတီသစ် ပါတီ
*******************************
ဖြေ။ ။ICJကနိုင်ငံတော်ကို တရားစွဲတယ် လေ။ အခုနေရင်းထိုင်ရင်းနဲ့ ကျွန်တော်တို့ နိုင်ငံသားတွေက ဘယ်အစိုးရလက်ထက် မှာမှမရှိခဲ့တဲ့ နိုင်ငံတော်ကိုစွဲတယ်ဆိုတာက နိုင်ငံသားအားလုံး တရားခံဖြစ်သွားပြီ။ဖြစ် သွားတော့ကျွန်တော်တို့တရားခံမဟုတ်ပါဘူး ဆိုတာဖော်ထုတ်ကြရမယ်။ ဘာပဲပြောပြော ငွေကြေးအားဖြင့် ဒီနေ့ကုလသမဂ္ဂကို ခြယ် လှယ်ထားတဲ့ OIC ရဲ့ဟာကို ရင်ဆိုင်ရမှာ ပဲ။ OIC ကအခုလိုလုပ်အောင် အခြေအနေ မျိုးဖန်တီးခဲ့တဲ့ တရားခံဘယ်သူလဲဆိုတာ သမိုင်းရေးရာပြဿနာဖြစ်တဲ့အတွက် အဲဒါ ကိုဖော်ထုတ်သွားမယ်။ တစ်လုံးတည်း ပြောရရင်တော့ညီညွတ်ရေးစိတ်ဓာတ်၊အမျိုး သားရေးစိတ်ဓာတ်ဖြင့် ရပ်တည်သွားမယ်။
(ဆက်လက်ဖော်ပြပါမည်)