images
UN
UN
MFF လူငယ်မျိုးဆက်သစ်ဒိုင်လူကြီးသင်တန်းဆင်းပွဲကျင်းပ
ဇင်မင်းနိုင် Saturday, 30 November 2019
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF) မှ ကြီးမှူးကျင်းပသည့် လူငယ်မျိုးဆက်သစ် ဒိုင်လူကြီး သင်တန်း(၂/၂ဝ၁၉) ဆင်းပွဲအခမ်း အနားကို ယမန်နေ့ မွန်းလွဲပိုင်းက သုဝဏ္ဏဘောလုံးကွင်း သတင်းစာ ရှင်းလင်းပွဲခန်းမ၌ ကျင်းပခဲ့ ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်မှ သိရသည်။
အဆိုပါအခမ်းအနားကို မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအကြံ ပေးဦးဘန်နီတင်အောင်၊ ဒိုင်ကော် မတီဥက္ကဋ္ဌဦဝင်းချို၊ ဒိုင်လုပ်ငန်း ဌာန ဒါရိုက်တာဦးထွန်းလှအောင် နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းဆရာ များတက်ရောက်ခဲ့ကြပြီး သင် တန်းသားသင်တန်းသူများကို သင် တန်းဆင်းလက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ယင်း MFF လူငယ်မျိုးဆက် သစ်ဒိုင်လူကြီးသင်တန်းကို နှစ်စဉ် တစ်နှစ်နှစ်ကြိမ်ဖွင့်လှစ်လျက်ရှိပြီး ယခုသင်တန်းသည် ၂ဝ၁၉ ခုနှစ် အတွက် ဒုတိယအကြိမ်မြောက် သင်တန်းဖြစ်ပြီး ယင်းသင်တန်းကို နိုဝင်ဘာ ၂၃ရက်မှ ၂၉ရက် အထိ ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံအနှံ့အပြား မှ သင်တန်းသားသင်တန်းသူ ၂၄ ဦး တက်ရောက်ခဲ့ကြကြောင်း သိရ သည်။