images
UN
UN
စာအုပ်စင်
Saturday, 30 November 2019


စာအုပ်အမည် - ကျန်းမာချမ်းသာအောင်
ဘယ်လိုလုပ်မလဲ
စာရေးသူ - မြင်းခြံကျော်အောင်
တန်ဖိုး - ကျပ် ၂ဝဝဝ

ဆရာမြင်းခြံကျော်အောင်သည် စာရေးအားကောင်းသော စာရေးဆရာ တစ်ယောက်ဖြစ်ကြောင်းသတိထားမိပါသည်။ စာရေးသူတို့၏ ပြည်ထောင်စု နေ့စဉ် သတင်းစာတွင်လည်း အစဉ်တစိုက် ဆောင်းပါးများရေးနေသူ ဖြစ်သည်။
ယခုစာအုပ်တွင်ပါသော ဆောင်းပါးများသည် ''ဒို့ကျေးရွာဂျာနယ်နှင့် ရတနာပုံသတင်းစာတို့တွင် ဖော်ပြထားပြီးဆောင်းပါးများကို စုပေါင်း၍ စာအုပ်ထုတ်ထားခြင်းဖြစ်သည်။
ဤစာအုပ်တွင် အခန်း(၁)နှင့်(၂)ဟူ၍ နှစ်ပိုင်းခွဲခြားဖော်ပြထားသည်။ အခန်း(၁)တွင် ဆောင်းပါးပေါင်း ၁၂ပုဒ်ပါဝင်ပြီး အခန်း(၂)တွင် ဆောင်းပါး ပေါင်း ၁၂ ပုဒ်ပါဝင်ပါသည်။
ကျန်းမာရေးနှင့်ချမ်းသာရေးသည်ခွဲခြားမရသော အချက်ကြီးနှစ်ချက်ဖြစ်သည်။ ထို့ကြောင့်ပင် လူကြီးမိဘသက်ကြီးဝါကြီး များက လာရောက်ဂါရဝပြုသူများကို ဆုပေးရာတွင်''ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ''ဟူသော ဆုကိုအမြဲတမ်းပေးလေ့ ရှိသည်ကို တွေ့ကြရလိမ့်မည်ဖြစ်သည်။
''အရပ်ရပ်ရောဂါအနာကင်းခြင်း၊ ကျန်းမာအသက်ရှည်ခြင်းသည် သင်းပင်းများစွာ သတ္တဝါဖြစ်သော ဤလောက၌ အသီးသီးသောပုဂ္ဂိုလ်တို့ အလိုရှိအပ်နှစ်သက်မြတ်နိုးအပ်နှလုံးကိုတိုးပွားစေအပ်သော ရခဲလှစွာသော မဟာဒုလ္လဘကြီး တစ်ပါးပင်''ဟု အဂုင်္တ္တနိကာယ ဒသနိပါတ်ပါဠိတော်၌ ဆိုထားတာရှိသည်။
''ရသာထွေပြား၊ မြိန်မြက်ငြားလည်း
စားမကြူးရာ၊ ပူဆာစပ်ငန်
ချိုဖန်ချဉ်ခါး၊ ထွေထွေစားလည်း
သုံးပါးဥတု၊ မျှော်ရမ်းရှုလော့။

ဟု သြဝါဒထူးပျို့တွင် ဆိုထားတာမှတ်သားရပါသည်။ ကျန်းမာခြင်းသည် ဘဝ၏အလိုအပ်ဆုံးသော အချက်လည်းဖြစ်သည်။
အခန်း(၂)တွင် ချမ်းသာရေးအတွက် လိုအပ်သောအချက်များကိုရေးထားသည်။ ကြီးပွားအောင်မြင်ချမ်းသာသော ဘဝကို လူတိုင်းပင်အလိုရှိကြသည်။ ထိုသို့ဖြစ်စေရန် ကျန်းမာဖို့လိုသည်။ အသိÓဏ်ပြည့်ဝဖို့လိုသည်။ ပစ္စည်းဥစ္စြာ<ွကယ်ဝဖို့လိုသည်။ ဂုဏ်ကျက်သရေရှိဖို့လိုသည်၊ ရိုးသားကြိုးစားဖို့လိုသည်။
''လုံ့လဝီရိယသည် လုပ်ငန်းအောင်မြင်ဖို့အတွက် အသက်ဝိညာဉ်ဖြစ်ပြီး ကြီးပွားချမ်းသာခြင်း၏ သော့ချက်ဖြစ်သည်''
ချားလ်စ်ဒစ်ကင်(ကမ္ဘာကျော်စာရေးဆရာကြီး)
စံရိပ်ငြိမ်ဆရာတော်ကြီးကတော့ ဤသို့မိန့်ဆိုခဲ့သည်။
-အောင်ရမယ်ဆိုတဲ့ ယုံကြည်စိတ်ထား
-ဝီရိယနဲ့အားထုတ်
-ဇွဲနဲ့ကြိုးစား
-စိတ်အားထက်သန်မှုကနေ အောင်မြင်မှုကိုရနိုင်တယ်။
-စိတ်ကိုစည်းကမ်းနဲ့ချုပ်ထားရင် ကိုယ်ခန္ဓာပါစည်းကမ်းရှိလာမယ်။
စသည့် မှတ်သားလိုက်နာဖွယ်များနှင့် စိတ်ဝင်စားဖွယ်ရာတင်ပြထားသော ဆောင်းပါးများကို ဖတ်ရှုရပါမည်။ ဤစာအုပ်ကို ရွက်စိမ်းစာပေမှ ၂ဝ၁၉ နိုဝင်ဘာလတွင် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။