images
UN
UN
နိုင်ငံ့အကျိုး ပိုမိုသယ်ပိုးနိုင်မည်ဆိုလျှင် ပါတီပြောင်းကောင်းပြောင်းမည်ဟု NLDပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျပြော
နေထက်ဝေ Saturday, 30 November 2019
နိုင်ငံ့အကျိုးပိုမိုသယ်ပိုးနိုင်မည် ဆိုလျှင် ပါတီပြောင်းကောင်း ပြောင်းမည်ဟု NLD ပါတီမှ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးကျော်ဇေယျက ယနေ့ ပြောကြားသည်။
ရန်ကုန်မြို့ Meila Hotel တွင် ယနေ့ပြုလုပ်သော ပြည်သူ့ ရှေ့ဆောင်ပါတီ၏ ပထမအကြိမ် သတင်းစာရှင်းလင်းပွဲနှင့်ပါတီမိတ် ဆက်ပွဲအခမ်းအနားတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။
''ကျွန်တော်က လေ့လာသူ အနေနဲ့ပေါ့။ ကျွန်တော်က အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှာ လက် ရှိဖြစ်ပေမယ့်အခြားပါတီက ကျွန် တော်ရဲ့ခံယူချက်အရ ဒီပါတီက တော့ နိုင်ငံအကျိုးပိုပြီးတော့ သယ်ပိုးနိုင်တယ်ဆိုရင် ကျွန်တော် ပါတီပြောင်းကောင်းပြောင်းမှာ။ဥပမာ ဒီပါတီအခမ်းအနားတွေကို ကျွန်တော်လေ့လာပါတယ်။ဒေါ် သက်သက်ခိုင်နဲ့က ပုဂ္ဂိုလ်ရေးအရ ရင်းနှီးပါတယ်။ ပါတီအခမ်းအနား တွေ၊ စာနယ်ဇင်းရှင်းလင်းပွဲတွေကို ကျွန်တော်လေ့လာတာပဲ။ ကျွန် တော်တို့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ပါတီအလံပဲ ထောင်ပါတယ်။ ဒီမှာတွေ့ရပါ တယ်။ နိုင်ငံတော်အလံရော၊ ပါတီ အလံရော၊ ကျွန်တော်ကြိုက်ပါ တယ်။ ပါတီဆိုတာ နိုင်ငံ့အရေး ဦးစားပေးရမှာ။ လွှတ်တော်ကိုယ် စားလှယ်ဆိုတာ နိုင်ငံကောင်းစားဖို့ လုပ်နေတာ။ ပြည်သူ့ရှေ့ဆောင် ပါတီကို ကျွန်တော့်အနေနဲ့ပိုပြီး တော့ သဘောကျပါတယ်''ဟု ဦးကျော်ဇေယျကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးဖြစ်သူ ဒဂုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အမတ် ဦးကျော်ဇေယျကို ကမ်း လှမ်းထားသည့် ပါတီသုံးပါတီရှိ ပြီး ၄င်းတို့မှာ သူရ ဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ ဦးကိုကို ကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party) တို့ ဖြစ်ကြောင်း သိရသည်။