images
UN
UN
ပြည်သူလူထုကနေပြီးတော့ ရွေးချယ်လိုက်တဲ့နေရာမှာ မှားရွေးလိုက်တယ် ဒါလူထုရွေးချယ်ခဲ့တဲ့ဟာပဲဆိုပြီး ဖြစ်သွားခဲ့မယ်ဆိုရင် အဲဒီအမှားကိုဘယ်သူက ခံစားရမလဲ အားလုံးခံစားရမှာ ဒါတွေကို မဖြစ်စေချင်တဲ့အတွက်ကြောင့် UEC အပေါ်မှာ သဘောရိုးနဲ့ပဲတင်ပြတာဖြစ်တယ်
Saturday, 30 November 2019
နိုင်ငံရေးပါတီများ စုပေါင်းသတင်းစာရှင်းလင်းပွဲတစ်ရပ်ကို နိုဝင်ဘာ ၂၅ရက်က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် အနော်ရထာလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းရှိHouse of Orchid တွင် ကျင်းပခဲ့ရာ မီဒီယာများ၏ မေးမြန်းမှုကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်များကို ရေးသားဖော်ပြလိုက်ပါသည်-

5-PLUS
မေး။ ။ ကျွန်တော်ပြည်ခိုင်ဖြိုးပါတီကို မေး ချင်တာပါ။ ဆိုလိုချင်တာက ပြီးခဲ့တဲ့ အစိုး ရသက်တမ်းပေါ့နော်။ NLD အစိုးရသက် တမ်းမဟုတ်ဘူး။ ပြီးခဲ့တဲ့ အစိုးရသက် တမ်းမှာလည်း ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်ပြီးတော့ အပြင်မှာFair မဖြစ် ဘူးတို့၊ မဲနဲ့ပတ်သက်ပြီး ပြဿနာ ဖြစ် တယ်တို့ အပြင်မှာပြောခဲ့တာတွေရှိတယ် ဆိုတော့NLDအစိုးရသက်တမ်းမှာလည်း အန်ကယ်တို့က ဒီလိုပြန်ပြောတယ်ဆိုတော့ အဓိက ဒီဟာကို ဘာကြောင့် ကော်မရှင်နဲ့ ပတ်သက်ပြီးတော့ တစ်ခုခုမသေချာဘူး။ မဲရုံပဲဖြစ်ဖြစ်Fair မဖြစ်ဘူး။ ဘာကို အဓိက အချက်ကို ပြောချင်တာလဲမသိဘူး။ အဲဒါလေး တစ်ချက်လောက်သိချင်ပါ တယ်။
ဦးလှသိန်း
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်
ဖြေ။ ။ ပြောရမယ်ဆိုရင်တော့ အများကြီး ပါ။ အန်ကယ်တို့ အရင်တုန်းက အန်ကယ် တို့ ပါတီနဲ့ကြေညာချက်ထုတ်ပြန်တုန်းက လည်း ဒါတွေက ပါသွားပြီးသား ဖြစ်ပါ တယ်။ ပထမအကြိမ် UEC နဲ့တွေ့တုန်း ကလည်း အန်ကယ်ကိုယ်တိုင်ပဲ တက်ပါ တယ်။ ဒီတုန်းကလည်း အန်ကယ်တို့ UEC နဲ့ ပတ်သက်လို့ ရှင်းလင်းပြပြီး ဖြစ်ပါတယ်။ UEC ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်အား လုံးတက်ပါတယ်။ ပါတီလည်း တစ်ရာ ကျော်လောက် တက်ပါတယ်။ အဲဒီအချိန် မှာ အန်ကယ်တို့က ဖြစ်စဉ်အနေနဲ့ပြောပြီး ဥပမာပြောမယ်ဆိုရင် အန်ကယ်တို့ ရွေး ကောက်ပွဲမတိုင်ခင် တစ်ရက်မှာ မဲဆွယ်မှု မရှိရဘူးဆိုပြီးတော့Silent Day မှာ မလုပ် ရဘူးဆိုတာလည်း တရားဝင်အမိန့်ထုတ် ပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ တစ်ဖက်ပါတီက သုံးစွဲသွားတာရှိပါတယ်။ ဒါပေမဲ့ တိုင်ဆိုင်မှုကြောင့် ဖြစ်တာလို့ အန်ကယ်တို့ဆီကို ပြန်ကြားခဲ့တယ်။ နောက်တစ်ခါ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က ဝင်ရွေးမယ်ဆိုရင် အဲဒီ ဝင်ရွေးတဲ့အချိန်မှာ သူ့မိဘတွေက နိုင်ငံ သားဖြစ်ရမယ်။ ဒါပေမဲ့ နိုင်ငံသားမဖြစ်ခဲ့ ပါဘူး။ ဒါပေမဲ့ နိုင်သွားပါတယ်။ နိုင်သွား လို့ အဲဒါသိလို့ အန်ကယ်တို့ တက်ပါ တယ်။ တက်တဲ့အခါကျတော့လည်း ဝန်ကြီးကိုမေးတော့ ဝန်ကြီးက ရပါတယ် ဆိုတာနဲ့ အဲဒီလူကို အနိုင်ပေးပါတယ် ဆိုပြီးတော့။ ဒါပေမဲ့ ဥပဒေအပေါ်မှာ ဘာမှမရှိရဘူးလေ။ ဥပဒေက ဒါဆို ဒါပဲ ထည့်ရမှာပေါ့။ အဲဒါတွေဖြစ်တဲ့အတွက် ကြောင့် ဒီဟာလေးတွေလည်း ဟိုးအရင် တုန်းက အန်ကယ်တို့ တင်ပြခဲ့ပြီး ဖြစ်ပါ တယ်။ အခုဒီမှာကျတော့လည်း အန်ကယ် တို့ဘာမှမသိတဲ့IFES က အလိုလို ဝင်လာရင်းနဲ့ အန်ကယ်ခုနက တင်ပြသလို တစ်ခုခု ဥပမာ ဖြစ်သွားရင် ဒီအတွက် ဘယ်လိုဖြေရှင်းမလဲ။ အဲဒီကျရင် ဘယ်သူ မှ သြော်ဟုတ်လား၊ ဟုတ်လား အဲလိုဖြစ် မှာစိုးလို့ စိုးရိမ်စိတ်ကြောင့် ပြည်သူ လူထုကနေပြီးတော့ ရွေးချယ်လိုက်တဲ့နေရာ မှာ မှားရွေးလိုက်တယ်။ ဒါလူထုရွေးချယ် ခဲ့တဲ့ဟာပဲဆိုပြီး ဖြစ်သွားခဲ့မယ်ဆိုရင် အဲဒီအမှားကို ဘယ်သူကခံစားရမလဲ။ အန်ကယ်တို့ပဲ ခံစားရမှာ မဟုတ်ဘူး။ အားလုံးခံစားရမှာ။ ဒါတွေကို မဖြစ်စေချင် တဲ့အတွက်ကြောင့် UEC အပေါ်မှာ သဘောရိုးနဲ့ပဲတင်ပြတာဖြစ်တယ်။ ဘာမှ လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု ပျက်စီးရာ ပျက်စီးကြောင်း အန်ကယ်တို့ တင်ပြခဲ့တာ ဘာတစ်ခုမှမရှိဘူး။ သဘော ရိုးနဲ့ပဲတင်ပြခဲ့တယ်ဆိုတာလေးပဲ အန်ကယ် ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
5-Plus



မေး။ ။ ကျွန်တော်နောက်ထပ် ပြည်ခိုင်ဖြိုး ပါတီကိုမေးချင်တာပါ။ ဆိုလိုတာက ဒီ ၂ဝ၂ဝ ရွေးကောက်ပွဲအတွက်ကို အန်ကယ် တို့ပါတီကနေပြီးတော့ နုတ်ထွက်ပြီး တခြားပါတီထူထောင်တဲ့သူလည်းရှိတယ် ဆိုတော့ဒီအနေအထားနဲ့ပတ်သက်ပြီးတော့ အန်ကယ်တို့အနေနဲ့ ဒီ ၂ဝ၂ဝ ရွေးကောက် ပွဲနဲ့ပတ်သက်ပြီး ကိုယ့်ပါတီကို ဘယ်လို ယုံကြည်မှုရှိလဲ။ ဘယ်လိုပုံစံမျိုးတွေနဲ့ယှဉ် ပြိုင်သွားဖို့ရှိလဲ။
ဦးလှသိန်း
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်
ဖြေ။ ။ အန်ကယ်တို့ပါတီကတော့ မိသားစု လိုပါပဲ။ အန်ကယ်တို့ပါတီဝင်တွေက ဥက္ကဋ္ဌကြီးကအစ ပါတီဝင်အားလုံး ကိုယ့် ပါတီကို ထဲထဲဝင်ဝင်ယုံကြည်ပြီးသားဖြစ် ပါတယ်။ ဒီထဲမှာ စုန်းပြူးတွေအနေနဲ့ ဟိုဘက်ပါတီပါ၊ဒီဘက်ပါတီပါ ကူးပြောင်း တာရှိပါလိမ့်မယ်။မိဘတစ်ယောက်ရဲ့အောက် မှာရှိတဲ့ သားသမီးသုံးလေးယောက်တောင်မှ မိဘသဘောမတူတဲ့သူနဲ့ယူသေးတာပဲ။ဒီလို ပဲရှိမှာပေါ့။အန်ကယ်တို့ ဘာမှပြောစရာ မရှိပါဘူး။ သူလည်းသူ့သဘောသူဆောင် မှာပေါ့။ အဲဒီလိုတစ်ယောက်နှစ်ယောက် ထွက်သွားတာကို စဉ်းစားဖို့ အန်ကယ်တို့ အခြေအနေမပေးနိုင်ဘူး။ ကျေးဇူးတင်ပါ တယ်။
News Watch Journal
မေး။ ။မေးချင်တာက ဂမ်ဘီယာ နိုင်ငံမှာ သွားရှင်းမယ်ဆိုတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ သွားရှင်းလို့ရှိရင် လွတ်သွား နိုင်တယ်ဆိုပြီး ပြောသံလေးကြားလိုက်ပါ တယ်။ အဲဒီတော့ ဘယ်သူ့ကိုများ ရှင်းရင် ပိုကောင်းမလဲလို့ အန်ကယ်တို့အနေနဲ့ အကြံ ပြုပေးပါ။
ဦးသိမ်းကြည်
ဥက္ကဋ္ဌ အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီ
ဖြေ။ ။နိုင်ငံတော်အတိုင်ပင်ခံက နိုင်ငံ တော်အတိုင်ပင်ခံအနေနဲ့ သွားရှင်းတာ မဟုတ်ဘူး။ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ သွားရှင်းမှာ။ အဲဒီဥစ္စာ သူ့တာဝန် သူရှင်းရ မှာ ဘာဖြစ်လို့တုံး။ သူကနိုင်ငံခြားရေး ဝန်ကြီးလေ။ သူမလုပ်လို့ ဘယ်သူလုပ် မှာတုံး။ အရင်တုန်းကမသွားခဲ့တာ မသွား ခဲ့ဘူး။အခုသွားတယ်။ သွားပေါ့၊ဒါကြောင့် ကယ်ပါ။ကျွန်တော်တို့တိုင်းပြည်ကိုခင်ဗျား အပါအဝင် ကျွန်တော်တို့ ဒီမှာရှိတဲ့လူတွေ အကုန် တရားခံတွေ။ အဲဒီတရားခံထဲက လွတ်အောင် ခင်ဗျားလုပ်။ အဲဒါဆောင် ရွက်ပေးပါ။ သူသွားမယ့်ဟာကို မသွား ပါနဲ့လို့ ကျွန်တော်တို့ ပြောခွင့်မရှိဘူး။ ဒါကြောင့်မို့ သူသွားတာကို မြန်မာပြည် မှာရှိတဲ့ အကုန်လုံး သန်း ၅ဝ တရားခံ အားလုံးကိုလွတ်အောင်လုပ်ခဲ့ပေးပါ။ ဒါပဲ။
ဦးမြင့်ဆွေ
ပြည်ထောင်စုဒီမိုကရေစီပါတီ
မေး။ ။ကျွန်တော် အဆိုပြုချက်တစ်ခု နဲ့အကြံပေးချက်တစ်ခုကို နည်းနည်းလေး ပြောချင်ပါတယ်။
အဲဒီကနေ သတင်းစာရှင်းလင်းပွဲလုပ် မယ်ဆိုပြီး ဖိတ်စာလေးသွားဖတ်လိုက်ရပါ တယ်။ အဲဒီဖိတ်စာလေးက ဘာလဲဆို တော့ UEC ရွေးကောက်ပွဲကော်မရှင်နဲ့ ကျွန်တော်တို့ပါတီတွေရဲ့ အနေအထား ဆက်ဆံမှု ဘယ်လိုရှိပါသလဲဆိုတဲ့ခေါင်း စဉ်ဖြစ်ပါတယ်။ အခုအားလုံးပဲ သတင်း ထောက်လေးတွေ မေးကြ၊ ပြောကြ၊ ဆိုကြတာကICJ ကိစ္စ နည်းနည်းလေး ဟိုဘက်ကို ရောက်သွားတယ်ထင်တယ်။ နောက် ရွေးကောက်ပွဲကော်မရှင်နဲ့ ပါတီ တွေ အဆက်အဆံဘယ်လိုရှိလဲဆိုတာ မေးခွန်းမေးရမှာ ဖြစ်ပါတယ်။ ကျွန်တော် တို့ ICJ ကိစ္စ မဟုတ်သေးပါဘူး။
ဒါပေမဲ့ခုန ကျွန်တော့်မိတ်ဆွေကြီး မေးသွားတာလည်း အင်မတန်မှ လိုအပ် ပါတယ်။ကျွန်တော်အကြံပြုချက်လေး တစ်ခုပေးချင်တာကတော့ြ<ွကရောက်လာ တဲ့ သတင်းသမားတွေက ဒီခေါင်းစီးကို ကြည့်ပြီး မေးခွန်းတွေကိုမေးမှာဖြစ်ပါ တယ်။ အခုတော့ နည်းနည်းလေးချွန်ချွန် ပြီးထွက်သွားသလိုဖြစ်နေပါတယ်။ဒါကျွန် တော့်အကြံပြုချက်လေးတစ်ခုပါ။နောက် မေးခွန်းလေးတစ်ခုမေးချင်တာက ကျွန် တော်တို့ UEC နဲ့ပတ်သက်ပြီး Facebook မှာလည်း စကားခဏခဏစာတင်တယ်။ ကျွန်တော်က လက်ရှိရွေးကောက်ပွဲကော် မရှင်ကို ခင်ဗျားတို့ ယုံကြသလား မယုံ ဘူး။ ခုနဆရာဦးသိမ်းကြည်လည်းပြော သွားပြီးဖြစ်တဲ့အတွက်ကြောင့် ကျွန်တော် တို့လည်းမယုံဘူး။ ဘယ်သူကမှလည်း ယုံမှာမဟုတ်ဘူး။ရှေ့ဆက်ပြီးတော့လည်း ယုံစရာအကြောင်းမရှိဘူး။ကျွန်တော်ပြော မယ်နော်။ ပထမဆုံးတစ်ကြိမ်ပါတီတွေကို ခေါ်ပြီးတော့ ဘာပြောလိုက်တယ်မှတ်လဲ။ကျုပ်တို့ကလှည်းတန်းကြီးတဲ့ လှည်းက တော့ မောင်းမြဲမောင်းသွားနေမှာပဲတဲ့။ ခွေးတွေဟောင်လို့ ကျုပ်တို့ကဂရုမစိုက်ဘူး တဲ့။ အားလုံးလည်းမှတ်မိပါတယ်။ ဒါ ကျွန်တော်က လုပ်ကြံပြီးပြောတဲ့စကား မဟုတ်ဘူး။ အဲဒီစကားရှိတဲ့အတွက်ကြောင့် အဲဒီလက်ရှိကော်မတီကို ကျွန်တော်တို့ ဘယ်လိုလုပ်ယုံကြည်မလဲ။ ကျွန်တော် တို့နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမား တွေ၊ နိုင်ငံရေးပါတီခေါင်းဆောင်ကြီးတွေ၊ ဟိုမှာ ဆရာဦးသိမ်းကြည်ဆိုရင် ထဲထဲ ဝင်ဝင်ဖြတ်ကျော်ခဲ့ရတဲ့ ကာလတွေဟာ လည်းများလှပါပြီ။ ဆရာဦးသိမ်းကြည် တို့၊ ဆရာဦးသိန်းညွန့်တို့ဆိုရင် အများ ကြီးဖြစ်လာပါပြီ။ ကျွန်တော်ဆိုရင်လည်း မမီမကမ်းလေးပေါ့။ ကျွန်တော့်ရဲဘော်ကြီး ဦးမျိုးညွန့်ဆိုရင် သူက ကိုကိုးကျွန်ပြန်ပါ။ အဲ့လောက်ထိ နိုင်ငံရေးခေါင်းဆောင်တွေ ဟာ အဲဒီလိုဖြတ်သန်းလာခဲ့တဲ့ နိုင်ငံရေး အတွေ့အကြုံတွေရှိနေတာကို အဲဒီလို ရက်ရက်စက်စက်ပြောလိုက်တာ ဝမ်းနည်း လို့မဆုံးပါဘူး။ နောက်ဘာထပ်ပြော လိုက်သလဲဆို ခုနလည်း ဆရာဦးလှသိန်း ပြောသွားတာရှိပါတယ်။ ဒီရွေးကောက်ပွဲ က လျှို့ဝှက်မဲစနစ်နဲ့ရွေးကောက်ပွဲလား၊ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲလား၊ ဒါ ကျွန်တော်တို့မေးခွန်းမေးရမယ့် အနေ အထားလေးတွေဖြစ်လာပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ခုနလျှို့ဝှက်မဲစနစ်မှာ တယ်လီနော ပရိုဗိုက်တာ ကွန်ထရိုးဆိုပြီးတော့ရှိတယ်။ အခုကွန်ပျူတာ System က အဲဒီအတိုင်း လာတာ။ ကျွန်တော်တို့အရင်က ကျွန်တော် တို့Facebook လိုင်းက ကျွန်တော်တို့ဘယ် နေရာကပဲလွှင့်လွှင့်၊ ပြောပြော၊ရေးရေး ကျွန်တော်တို့ကို နောက်ကြောင်းလိုက်လို့ မရဘူး။ အခုဘာလုပ်လဲ Unicode နဲ့ လုပ်ကြမှာတဲ့။ အဲဒါ တစ်ဖက်လှည့်နဲ့ အနိုင်ကျင့်ဖို့ လုပ်တဲ့စနစ်။ အဲဒီစနစ်နဲ့လုပ် လိုက်တဲ့အတွက်ကြောင့် လုံခြုံမှုဘယ်မှာ ရှိတော့မလဲ။ အဲဒီ တယ်လီနောနဲ့ပရို ဗိုက်တာSystem က ဘယ်လောက်ထိ ကြောက်ဖို့ကောင်းလဲဆိုရင် မဲရုံထဲမှာ အဲဒီSystem ကိုချ။System ကိုချ ပြီးတာနဲ့ သူကဘယ်နေရာမှာ ဘယ်သူက မဲပေးနေ သလဲ။ ဥပမာ ကျွန်တော်တို့စော်ဘွား လေးမြင့်ဆွေဘယ်သူ့ကို မဲပေးလိုက် တယ်ဆိုတာကအစ သွားပြီးပေါ်တော့ မှာ သိပ်ကြောက်စရာကောင်းတဲ့စနစ်ဖြစ် တယ်။ အဲ့ဒါကြောင့် ဦးလှသိန်းခင်ဗျား။ ဒီကိစ္စနဲ့ပတ်သက်လို့ ကော်မရှင်ကို ဆက်လက်ယုံကြည် အားထားရှိပါသေး သလား။ မယုံကြည်တော့ဘူးဆိုရင်တော့ ဒီကနေ့အဲဒီကော်မရှင်ကို အပြောင်းအလဲ လုပ်ရတော့မယ်။ အဲဒီတော့ ဆရာဦးလှ သိန်းကို မေးခွန်းလေးတစ်ခုမေးချင်တာက အခုရှိနေတဲ့ ပါတီတွေအခြားပါတီတွေက သေးငယ်တဲ့ပါတီ၊ ငယ်ရွယ်တဲ့ပါတီအဖြစ် နဲ့အင်အားနည်းတာတွေရှိတယ်၊ ရှိတော့ အဲဒီပါတီတွေကို စုစည်းပြီးတော့ ဆရာ ဦးလှသိန်းတို့ပါတီ၊ ဆရာဦးသိန်းညွန့်တို့၊ ဆရာဦးသိမ်းကြည်တို့ ဦးဆောင်ပါတီတွေနဲ့ အဲဒီ ကျန်တဲ့ပါတီငယ်လေးတွေကို စုစု စည်းစည်းနဲ့ ဦးဆောင်ပါတီအဖြစ်ဆောင် ရွက်မပေးနိုင်ဘူးလားလို့ မေးခွန်းတစ်ခု မေးခဲ့ပါရစေဗျာ။