images
UN
UN
သြဇာတိက္ကမကြီးမားသည့် ခေါင်းဆောင်တစ်ယောက်တည်းကိုသာ အားကိုးသောပါတီမဟုတ်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ ဦးဆောင်သူ ဒေါက်တာသက်သက်ခိုင်ပြောကြား
နေထက်ဝေ Saturday, 30 November 2019
ပြည်သူ့ရှေ့ဆောင်ပါတီသည် သြဇာ တိက္ကမကြီးမားသည့် ခေါင်းဆောင် တစ် ယောက်တည်းကိုသာ အားကိုးသောပါတီ မဟုတ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ဦးဆောင်သူတစ်ဦးဖြစ်သော ဒေါက်တာ သက်သက်ခိုင်က ယနေ့ ပြောကြား သည်။
ရန်ကုန်မြို့ MELIA HOTELတွင် ယနေ့ နံနက် ၁ဝနာရီက ကျင်းပသည့် ပထမအကြိမ် သတင်းစာရှင်းလင်းပွဲနှင့် ပါတီမိတ်ဆက်ခြင်း အခမ်းအနားတွင် ၄င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
''ကျွန်မတို့ ပါတီဟာ ဗဟိုဦးစီး စနစ်နဲ့သွားမယ့် Paternalistic Party မဟုတ်သလို သြဇာတိက္ကမကြီးမားတဲ့ ခေါင်းဆောင် တစ်ယောက်တည်းကိုသာ အားကိုးတဲ့ Personalistic Party လည်း မဟုတ်ပါဘူးရှင့်။ ကျွန်မတို့ ပါတီဟာ ပြည်သူလူထု တစ်ရပ်လုံးလူမှုစီးပွားဖွံ့ဖြိုး တိုးတက်ဖို့ တိကျတဲ့ မူဝါဒမူဘောင်နဲ့ လုပ်ငန်းစဉ်တွေ အပေါ်အခြေခံပြီး တည် ဆောက်သွားမယ့် Programmatic Party ဖြစ်ပါတယ်။ Programmatic Party လို့ ဆိုရာမှာ လူတစ်စု တစ်ယောက်ရဲ့ ထင်မြင် ယူဆချက် အပေါ်အခြေမခံဘဲ ယုံကြည် စိတ်ချရတဲ့ သုတေသနတွေ့ရှိချက်များ၊ လက်တွေ့ကျတဲ့သုံးသပ်ချက်များအပေါ် အခြေခံပြီး မူဝါဒများချမှတ်ခြင်း၊ နိုင်ငံ တော်မှ လက်ရှိအကောင်အထည်ဖော်နေတဲ့ လုပ်ငန်းစီမံချက်များအပေါ် သင်ခန်းစာ ယူပြီးအနာဂတ်မူဝါဒများချမှတ်သွားမှာ ဖြစ်ပါတယ်''ဟု ဒေါက်တာသက်သက် ခိုင်က ပြောသည်။
ဒေါက်တာသက်သက်ခိုင်သည် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ နုတ် ထွက်ကာ ပြည်သူ့ရှေ့ဆောင်ပါတီကို ထူထောင်ခဲ့သူဖြစ်ပြီး ၄င်းတို့ပါတီတွင် ပါတီဝင် အင်အား ၉ဝဝ ကျော်ရရှိနေပြီ ဖြစ်ကြောင်းသိရသည်။