images
UN
UN
မုဒိမ်းကျင့်သတ်ဖြတ်သည့်အမှုအပေါ် အိန္ဒိယတွင်ဒေါသူပုန်ထ
KK (IR) Sunday, 01 December 2019
လူလေးဦးမှ စက်ဆုပ်ဖွယ် ကောင်းသော မုဒိမ်းကျင့်လူသတ်ခဲ့ မှုအပေါ် အိန္ဒိယတွင် ထိတ်လန့် တုန်လှုပ်ခဲ့ပြီး ¤င်းတို့ကိုထိန်းသိမ်း ထားသောရဲစခန်းကို ရာပေါင်းများ စွာသောလူများက ယမန်နေ့တွင် ဝိုင်းထားခဲ့သည်ဟု သိရသည်။
အသက် ၂၇ နှစ်ရှိ တိရစ္ဆာန် အထူးကုဆရာဝန်က အုပ်စုဖွဲ့မုဒိမ်း ကျင့်သတ်ဖြတ်ခဲ့ပြီးနောက် သူမကို မြှုပ်နှံခဲ့သည်ဟု ဟိုက်ဒါရာဘတ် မြို့တောင်ပိုင်းရှိ ရဲစခန်းအဆောက် အအုံကို ဝိုင်းထားသည့်လူအုပ်ကြီး က ပြောကြားခဲ့သည်။ သံသယရှိ သူများကို လျင်မြန်စွာထိန်းသိမ်း စဉ် ၄င်းသတ်ဖြတ်သည်ဆိုသော သတင်းသည် တစ်နိုင်ငံလုံးသို့ပျံ့နှံ့ ခဲ့သည်။ ရဲများအနေဖြင့် ဟိုက်ဒါ ရာဘတ်မြို့ ရဲစခန်းတစ်ဝိုက်တွင် လုံခြုံရေးကိုတိုးမြှင့်ချထားခဲ့ရသည်။ ¤င်းအနေဖြင့် အိမ်သို့ပြန်ရန်ငြင်း ဆန်ပြီးနောက် ရဲက ¤င်းကို ရိုက် နှက်ခဲ့သည်ဟု နယူးဒေလီရှိ အိန္ဒိယ ပါလီမန်ပြင်ပတွင် တစ် ကိုယ်တော် ဆန္ဒဖော်ထုတ်ရန်ကြိုး ပမ်းသော အမျိုးသမီးကပြောကြား ခဲ့သည်။
မုဒိမ်းကျင့်ခံရသည့် အမျိုးသမီး သေဆုံးသကဲ့သို့ အခြားသော မိန်း ကလေးများလည်း သေဆုံးခဲ့ ကြောင်း၊ မိနစ်၂ဝ တိုင်းတွင် အိန္ဒိယ တွင်မုဒိမ်းမှုရှိကြောင်း သူမကပြော ကြားခဲ့သည်။ ၂ဝ၁၇ ခုနှစ်တွင် အိန္ဒိယတွင် မုဒိမ်းမှုပေါင်း ၃၂ဝဝဝ ကျော်ရှိသည်ဟု အစိုးရ၏ ကိန်း ဂဏန်းအချက်အလက်များအရ သိ ရသည်။ Ref: CNA