ကင်ညာရေဘေးကယ်ဆယ်ရေးလုပ်ငန်းစဉ်များတွင်
အခက်အခဲများဖြစ်ပေါ်နေဟုဆို
Sunday, 01 December 2019
ကင်ညာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသော ရေဘေးဒဏ်အတွက်ကယ် ဆယ်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာ၌ အခက်အခဲများကြုံတွေ့လျက် ရှိကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနကဖော်ပြသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းမှစတင်ကာ မိုးရက်ဆက်ရွာသွန်းမှု များဖြစ်ပေါ်ခဲ့သောကြောင့် ကင်ညာနိုင်ငံအတွင်းရှိ ဒေသအချို့တွင်အရေး ပေါ်အခြေအနေသတ်မှတ်ခဲ့ရသည်အထိ အကျိုးသက်ရောက်မှုကြီးမားခဲ့ သော ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကင်ညာအစိုးရက ရေဘေးကယ်ဆယ်ရေးလုပ်ငန်းစဉ်များအတွက် လိုအပ်သည့်အရေးပေါ် အခြေအနေဆိုင်ရာ လုပ်ဆောင်ချက်များကိုခွင့်ပြုခဲ့သော်လည်းလမ်းများ ပျက်စီးနေခြင်းကဲ့သို့အကျိုးဆက်များကြောင့် ကယ်ဆယ်ရေးလုပ်ငန်း စဉ်များဆောင်ရွက်ရာတွင် အခက်အခဲများနှင့်ရင်ဆိုင်နေရခြင်းဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်နေရာများတွင် နေထိုင်သောရေဘေး သင့်ပြည်သူများအတွက် စားနပ်ရိက္ခာအပါအဝင် လိုအပ်သည့်ထောက်ပံ့ မှုများပြုလုပ်ရန်ကြိုးပမ်းရာ၌ အဆင်မပြေမှုများနှင့်ကြုံတွေ့လျက်ရှိသည်။ ရေဘေးဒဏ်ကြောင့် ယနေ့အထိသေဆုံးသူဦးရေမှာ ၁၂ဝ ခန့်ရှိကြောင်း ကင်ညာအစိုးရ၏ သတင်းထုတ်ပြန်ချက်အတွင်း၌ ဖော်ပြသည်။ ကင်ညာ သည် ပြီးခဲ့သည့်လအနည်းငယ်ခန့်ကလည်း အင်အားပြင်းမုန်တိုင်းများ ဝင်ရောက်တိုက်ခတ်မှုနှင့်ရင်ဆိုင်ခဲ့ရသည်။
NG(Ref; Aljazeera)