images
UN
UN
လီဗာပူးနှင့် အမှတ်ကွာဟမှုပိုများလာသော်လည်း ရာသီပိတ်ပွဲစဉ်အထိ မန်စီးတီးအသင်း ကြိုးစားသွားမည်ဟု နည်းပြဂွါဒီယိုလာပြောကြား
Sunday, 01 December 2019
မန်စီးတီးအသင်းနည်းပြ ဂွါဒီ ယိုလာက လီဗာပူးနှင့်အမှတ်ကွာဟ မှုပိုများလာသော်လည်း ရာသီပိတ် ပွဲစဉ်အထိ ၄င်းတို့ကိုဖိအားပေးနိုင် ရန် ဆက်လက်ကြိုးစားသွားမည် ဟု ပြောကြားလိုက်သည်။ မန်စီး တီးသည် နယူးကာဆယ်နှင့်သရေ ကျခဲ့ပြီးနောက် လီဗာပူးအသင်းနှင့် ၁၁ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ် သည်။ အဆိုပါပမာဏသည် ပရီး မီးယားလိဂ်ဟု အမည်ပြောင်းပြီး နောက်ပိုင်း အမှတ်ပေးဇယားဦး ဆောင်သူနှင့် အဆင့်နှစ်နေရာကြား နိုဝင်ဘာလအကုန်တွင် ဒုတိယ အများဆုံးအမှတ်ဖြတ်ထားနိုင်သည့် မှတ်တမ်းလည်းဖြစ်ခဲ့သည်။ သို့ သော် မန်စီးတီးသည် ပြီးခဲ့သော ရာသီက လီဗာပူးအသင်း၏ခုနစ် မှတ်ဖြတ်၍ ဦးဆောင်မှုကို အမီ လိုက်ကာ ချန်ပီယံဆုယူနိုင်ခဲ့ဖူး သည့် မှတ်တမ်းလည်းရှိသည်။
ဂွါဒီယိုလာက ''နိုင်ပွဲမရတဲ့ အခါ ခက်ခဲတဲ့အခြေအနေတွေကို ရင်ဆိုင်ရမယ်ဆိုတာ ပြောနေစရာ တောင် မလိုတော့ပါဘူး။ ကျွန် တော်တို့ကြိုးစားရမှာက နိုင်ပွဲတွေ ပြန်လည်ရရှိရေးအတွက်ပါပဲ။ ဆက်ကစားရမယ့်ပွဲစဉ် ၂၄ ပွဲ ကျန် ရှိနေသေးလို့ နောက်ဆုံးပွဲအထိ ကျွန်တော်တို့ဘက်က လက်လျှော့ မှာမဟုတ်ပါဘူး''ဟု ပြောသည်။
ပရီးမီးယားလိဂ်သမိုင်း၌ နိုဝင် ဘာလအကုန်တွင် အမှတ်အများ ဆုံးဖြတ်နိုင်သည့်စာရင်း၌ မန်ယူ က ၁၄ မှတ်ဖြင့် မှတ်တမ်းတင် ထားပြီး အဆိုပါရာသီတွင် မန်ယူ အသင်းပင် ဗိုလ်စွဲခဲ့သည်။ ၂ဝဝ၅ ခုနှစ်၊ ၂ဝဝဝ ပြည့်နှစ်နှင့် ၂ဝ၁၇ ခုနှစ်တို့တွင်လည်းချဲလ်ဆီး၊ မန်ယူ နှင့် မန်စီးတီးတို့က ပြိုင်ဘက် အား အနိမ့်ဆုံးရှစ်မှတ်အထိဖြတ်နိုင်ကာ ဗိုလ်စွဲနိုင်ခဲ့ကြသည်။ Ref ;BBC
Image may contain: 1 person