ယခုလလယ်ပိုင်းတွင် အီဘရာဟီမိုဗစ်ကို အေစီမီလန် အပြီးသတ်စာချုပ်ချုပ်ဆိုလို
Sunday, 01 December 2019
အေစီမီလန်အသင်းသည် တိုက်စစ်မှူးအီဘရာ ဟီမိုဗစ်အား ယခုလလယ်ပိုင်းတွင် အပြီးသတ်စာ ချုပ်ချုပ်ဆိုရန် ဆန္ဒရှိနေသည်ဟုသိရသည်။ လက်ရှိ တွင် အသင်းလက်မဲ့ဖြစ်နေသော အီဘရာဟီမိုဗစ် အား အေစီမီလန်က ကမ်းလှမ်းမှုပြုလုပ်ထားသည်။ ယခုလ ၁၅ ရက်သည် အေစီမီလန်အသင်း၏ နှစ် ၁၂ဝ ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ အဆိုပါနေ့ တွင် ၄င်းအား စာချုပ်ချုပ်ဆိုနိုင်ကြောင်းကို တရား ဝင်ကြေညာနိုင်ရန် အေစီမီလန်က စီစဉ်နေခြင်း လည်းဖြစ်သည်။
အေစီမီလန်သည် တိုက်စစ်မှူးအီဘရာဟီမိုဗစ် အား ၁၈ လစာချုပ်အတွက် ယူရိုခြောက်သန်းဖြင့် ကမ်းလှမ်းမှုပြုလုပ်ထားသည်။ သို့သော် တစ်နှစ်ခွဲ စာချုပ်၌ နောက်ဆုံးခြောက်လတွင် လွတ်လပ်စွာ အသင်းပြောင်းခွင့်ကို အီဘရာဟီမိုဗစ်ဘက်မှ တောင်းဆိုထားပြီး လစာလည်း ပိုမိုတောင်းဆိုထား သည်ဟုသိရသည်။ Ref ;Tuttosport