images
UN
UN
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ရေဆုံးကျေးရွာအုပ်စုတွင် ပါတီဆိုင်းဘုတ်တင်ပွဲကျင်းပ
Monday, 02 December 2019
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်း မြို့နယ် ရေဆုံးကျေးရွာအုပ်စုတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကိုယမန်နေ့ကကျင်းပ ခဲ့ရာ ဝမ်းတွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်သိန်း ဦးဆောင်၍ မြို့နယ်ပါတီကော်မတီဝင်များ၊ ရုံးအဖွဲ့နှင့် အမာခံ ကေဒါများ၊ကျေးရွာပါတီဥက္ကဋ္ဌနှင့်ပါတီဝင်များတက် ရောက်ခဲ့ကြပြီးဆိုင်းဘုတ်တင်ပွဲအပြီး၌ပါတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ယနေ့ဖြစ်ပေါ်နေသော အခြေအနေ များ၊စီးပွားရေးအခြေအနေများ၊ပါတီဆိုင်ရာလုပ်ငန်း များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။