images
UN
UN
လှိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ဗိုလ်အုန်း(လှိုင်) Monday, 02 December 2019
ရန်ကုန်တိုင်းဒေသကြီးအနောက် ပိုင်းခရိုင် လှိုင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁နာရီ၁၅မိနစ်တွင်ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးပွဲသို့ အနောက်ပိုင်းခရိုင်ပါတီကော်မတီဝင် ဦးရန်နိုင်သန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမင်းလွင်၊ အတွင်းရေးမှူး ဦးသန်းအေး၊ ဘဏ္ဍာရေးမှူး ဦးမြ သောင်း၊ ရပ်ကွက် ၁၆ရပ်ကွက်မှ ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင် များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပါတီ ဥက္ကဋ္ဌဦးမင်းလွင်က မဲရုံကိုယ်စား လှယ်များ၊ ပါတီအမာခံများ၊ ပါတီကို စိတ်ပါဝင်စားသူများ မကြာခင် သင်တန်းဖွင့်လှစ်မည် ဖြစ်၍ မပျက်မကွက် တက်ရောက် ကြပါရန် လိုအပ်ချက်များကို နယ်မြေခံများ ကိုတင်ပြကြပါဟု ပြောကြားသွားသည်။ အစည်း အဝေးကို မွန်းလွဲ ၂နာရီခွဲတွင် ပြီးဆုံးကြောင်းသိရသည်။