သံတွဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီ
ကျောင်းခြံဝင်းအတွင်းရှိ ချုံနွယ်များအားရှင်းလင်းပေး
အောင်လှဖြူ(ရမ်းဗြဲ)
Monday, 02 December 2019
ရခိုင်ပြည်နယ် သံတွဲမြို့နယ် အမှတ်(၇)ရပ်ကွက် အမက ကျောင်းခြံဝင်းအတွင်းရှိ ချုံနွယ်များ၊ အမှိုက်သရိုက်များကို သံတွဲမြို့ နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစန်းနိုင်နှင့် အရန်ပါတီကော်မတီ ဝင်များ၊ ခရိုင်အရန်ပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခင်မူနှင့် အမှတ်(၇)ရပ်ကွက်မှ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ကလုပ်အား ဒါနပြုရှင်းလင်းခဲ့ကြကာ အမကဆရာဆရာမများက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ရခိုင်မုန့်တီဖြင့် ဧည့်ခံကျွေးမွေး ခဲ့ကြောင်း သိရသည်။