မိခင်ဖြစ်သူ ဒေါ်ဝါဝါဝင်းရွှေ ၏ ၁ဝနှစ်နီးပါးစိတ်ကူးတွေကို ထပ်တူအကောင်အထည်ဖော်ပေးခဲ့သည့် သရုပ်ဆောင် ၀ါဇင်
ဒဂုံဝေလင်း
Monday, 02 December 2019
ဒီဇင်ဘာ ၁၂ရက်နေ့တွင်ရုံတင် ပြသမည့် ဘာသာရေးအသားပေး ရိုက်ကူးထားသော ''ရှင်ဥပဂုတ္တ'' ရုပ်ရှင်ဇာတ်ကားကြီးသည်အကယ် ဒမီများရှင်ဝါဝါဝင်းရွှေ၏အနုပညာ သက်တမ်းတစ်လျှောက် အထူး ခြားဆုံးရိုက်ကူးတင်ဆက်ထားသည့် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ယင်း ဇာတ်ကားကြီးအကောင်အထည် ပေါ်လာရန်အတွက် မိခင်ဖြစ်သူ နှင့် အတူကြိုးစားထားခဲ့သည်များ ကို ယခုလိုပြောဆိုလာသည်။
''ကျွန်တော်အဓိကတော့အဝတ် အစားပေါ့၊အဲ့ဒီခေတ်ကအတိုင်းဝတ် စားပုံနန်းဝတ်နန်းစားပုံစံအတိုင်း ပြန်လိုက်ဝတ်ရတာဆိုတော့ဖိနပ် စီး တာကအစတော်တော်လေးအဆင် မပြေဘူး။ အစဒီဇိုင်းနာ ပြောတဲ့ အတိုင်း ဝတ်ရတာဆိုတော့လေ စကားပြောတဲ့ ဒိုင်ယာလော့ခ်က အစတစ်ခြားကားနဲ့မတူဘူး။ ရှေး ခေတ်နန်းတွင်းကပုံစံအတိုင်းပြောရ တာဆိုတော့ ကြိုတင်ပြင်ဆင်လေ့ ကျင့်ထားရတာပေါ့လေ။ကျွန်တော် တို့တော်တော်လေးတော့ ကြိုးစားရ တယ်။ တချို့ Sean တွေဆိုတစ် ခန်းတစ်ခန်းကို နှစ်ရက် သုံးရက် ရိုက်ရတာမျိုးတွေရှိတယ်။outdoor တွေလည်းပါတယ်။လုပ်ရတဲ့အိုက် တင်ပိုင်းက အစကသိကအောက် ဖြစ်တာပေါ့နော်။ အဲ့ဒါကိုအဆင် ပြေအောင်လုပ်ရတာပေါ့။ ကြိုးစား ထားပါတယ်။ ကျွန်တော်ကကိုယ့် အခန်းမပါလည်း ကိုယ့်အခန်းမ ဟုတ်လည်းဘေးကနေ ဝိုင်းကူပေး ရတာမျိုးတွေလည်းရှိပါတယ်။ ပုံစံ နေရာမျိုးစုံကနေ ကူညီနေပါတယ်။အမေကဒီကား လေးကိုတော်တော် ရိုက်ချင်နေတာကြာပါပြီ ၁ဝ နှစ်နီး ပါးလောက်ရှိပြီ။ အဓိကကတော့ ရိုက်ဖို့ သာသနာပြုဖို့ရိုက်ချင်တယ် ပေါ့နော်။ ရှင်ဥပဂုတ္တမထေရ်မြတ် ကြီး ဇာတ်ကားကိုသာသနာပြု ရိုက်ချင်တယ်ပေါ့နော်။ကျွန်တော် ကလည်းဒီကားနဲ့ပတ်သက်ပြီး ရှင် ဥပဂုတ္တမထေရ်မြတ်ကြီးရဲ့ရာဇဝင် ကို အတတ်နိုင်ဆုံးလေ့လာတယ်။ပြီးပုံဖော်ထားပါတယ်အဓိကက ဗမာပြည်က Animation animator သမားတွေနဲ့အကောင်းဆုံး တော့ ကိုယ်မကြိုက်မချင်းကိုယ်လို ချင်တဲ့ပုံစံရအောင်တော့လုပ်ထား ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားက Hollow က ကားတွေနဲ့ မတူဘူး ပေါ့နော် သုံးတဲ့ပိုက်ဆံလည်း ကွာ တယ်လေ ဟိုက ဒေါ်လာနဲ့ချီပြီး သုံးတာ ဒီမှာက ဗမာ့ဈေးကွက် ဗမာရုံးနဲ့ ဗမာတွေအကြိုက် Tase ကြိုက်မဲ့ဟာမျိုးကြိုးစားလုပ်ထား ပါတယ်'' ဟုပြောသည်။