images
UN
UN
MyanmarIDOLSeason-4 Top 6 finalists ပြိုင်ပွဲဝင်များ၏ Fans Meeting ပွဲကျင်းပ
ရွှေရောင် Monday, 02 December 2019
OPPO Myanmar မှ Official Smartphone Sponsor အဖြစ် ပံ့ပိုးကူညီပေးထားသည့် Myanmar Season-4 Top 6 finalists ပြိုင်ပွဲဝင်များ၏ Fans Meeting ပွဲကို ရန်ကုန်မြို့ရှိ Junction Square (PromotionArea) တွင်နိုဝင်ဘာလနောက်ဆုံးပတ်ထဲတွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
ထိုပွဲတွင် Myanmar IDOL ပြိုင်ပွဲဝင်များကိုချစ်ခင်နှစ်သက်အားပေးကြသောပရိတ်သတ်များနှင့်OPPO Fans များအများအပြားတက်ရောက်ခဲ့ကြပြီး Myanmar Idol Season-4 Top 6 finalists ပြိုင်ပွဲဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အမှတ်တရလက်မှတ်ထိုးပေးခြင်းနှင့်ဓာတ်ပုံရိုက်ကူးခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။
ထို့အပြင် Myanmar IDOL Season-4 Top 6 finalists ပြိုင်ပွဲဝင်များမှ MMIDOL theme song ကို အတူတကွ ဖျော်ဖြေပေးခဲ့ပြီး ပရိသတ်များနှင့် ဂိမ်းဆော့ခြင်း၊ ပရိတ်သတ် သိချင်သော မေးခွန်းများကို MC ၏ အကူအညီဖြင့် မေးမြန်းခြင်းများကို လည်း ပြုလုပ်ခဲ့ပါတယ်။
OPPO Myanmar ၏ Assistant Media and PR manager မမိုးပွင့်ဖြူကလည်း “ OPPO ကနေအခုလို Myanmar IDOL ပြိုင်ပွဲကို ပံ့ပိုးကူညီခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိပါတယ်။ အခုဆိုရင် OPPO Myanmar ကနေပြိုင်ပွဲဝင်အားလုံး ကို Reno2 စမတ်ဖုန်းတစ်လုံးစီ လက်ဆောင်အဖြစ် ပေးအပ်ထားတယ်။ Myanmar IDOL Season-4 ပြိုင်ပွဲက Winners ဆုရရှိသူကိုလည်း OPPO Myanmar ကနေ ကျပ်သိန်း ၂၀၀ ကိုလည်း ထပ်မံချီးမြှင့်ပေးသွားဦးမှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။
ပွဲလာရောက်ကြသောပရိတ်သတ်များအတွက် Myanmar IDOL Season-4 finalists ပြိုင်ပွဲဝင်များ၏ ဓာတ်ပုံများနှင့် အမှတ်တရလက်မှတ်များ ပါရှိသည့် Notebooks များကိုလည်း OPPO Myanmarမှ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပြီး ပရိတ်သတ်များနှင့်ပျော်ရွှင်စရာဂိမ်းများကစားရင်းပွဲကို အဆုံးသတ်ခဲ့ပါတယ်။
OPPO Myanmar မှ OPPO Reno2| 2F စမတ်ဖုန်းဝယ်ယူသူ Ofans များအတွက် Myanmar IDOL Season-4 ပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုနိုင်မည့် အစီအစဉ်များကိုလည်း OPPO Myanmar Facebook Page မှ ပြုလုပ်ပေးနေပြီး ထိုအစီစဉ်များမှ ကံထူးသူအယောက် (၂၀)သည် ကြာသပတေးနေ့တွင် ကျင်းပပေးသွားမည့် Myanmar Idol Season (4) ပြိုင်ပွဲကို သွားရောက်ကြည့်ရှုရန် အခွင့်အရေး ရရှိသွားမည် ဖြစ်ပါတယ်။