images
UN
UN
ဗန်းမော်မြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီး ဖမ်းဆီးရမိ
မိုဃ်းကျ(မြစ်ကြီးနား) Sunday, 08 December 2019

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် အတွင်း ယမန်နေ့က ရွှေကူလေး လမ်းဆုံတွင် မော်တော်ယာဉ်များ အား ရှောင်တခင်စစ်ဆေးရာမှ လိုင်စင်မဲ့ မော်တော်ယာဉ်နှစ်စီး ဖမ်းဆီးရမိကြောင်း ဗန်းမော်မြို့ အမှတ်(၁ဝဝ)ယာဉ်ထိန်းရဲတပ်ဖွဲ့စု ၏ မှတ်တမ်းအရ သိရသည်။
ဖြစ်စဉ်မှာ ယခုလ၆ရက် နံနက် ၃နာရီခွဲကဗန်းမော်မြို့အမှတ်(၁ဝဝ) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲအုပ် ဆွေချစ်ကိုဦးဆောင်သည့် ရဲတပ်ဖွဲ့ ဝင်များက ဗန်းမော်မြို့ရွှေကူလေး လမ်းဆုံကွင်းလမ်းမှ လိုင်စင်မဲ့ မော်တော်ယာဉ်များဖြတ်သန်းမောင်း နှင်လျက်ရှိကြောင်း သတင်းအရ သက်သေများနှင့်ပူးပေါင်းကာဗန်း မော်-မန္တလေးကားလမ်းစီဟဲကျေး ရွာတံတားထိပ်တွင် ယာဉ်များအား ရှောင်တခင်ရပ်တန့်စစ်ဆေးဆောင် ရွက်ရာဂျိုးဇက်(၄၇နှစ်)မောင်းနှင် သည့်MDY-RLG ------- နံပါတ် ပါကရောင်းအမျိုးအစားမော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် စာရွက် စာတမ်းအထောက်အထားတစ်စုံ တစ်ရာပြသနိုင်မှုမရှိခြင်းကြောင့်လိုင် စင်မဲ့ယာဉ်အား လက်ဝယ်တွေ့ ရှိရသဖြင့် ဂျိုးဇက်(၄၇နှစ်)အား ဗန်းမော်မြို့မရဲတပ်ဖွဲ့စခန်းမှ (ပ) ၄၄ဝ/၂ဝ၁၉၊ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ၈အရအမှုဖွင့်အရေးယူခဲ့သည်။
အလားတူ ဖမ်းဆီးရေးအဖွဲ့မှ ဆက်လက်စောင့်ဆိုင်းနေစဉ် နံနက် ၃နာရီမိနစ်၎ဝတွင် ယာဉ်မောင်းခင် မောင်ရဲနိုင်ဦး(၂၉နှစ်)မောင်းနှင် လာသည့်MDY-RLG-------- TOYOTARCROWN အဖြူ ရောင် မော်တော်ယာဉ်အားစစ်ဆေး ရာ ယာဉ်နှင့်ပတ်သက်သည့် အ ထောက်အထားတစ်စုံတစ်ရာပြသ နိုင်ခြင်းမရှိသည့်အတွက် လိုင်စင်မဲ့ ယာဉ်အား မောင်းနှင်လာသူ ယာဉ် မောင်း ခင်မောင်ရဲနိုင်ဦး (၂၉နှစ်) အား ဗန်းမော်မြို့မရဲတပ် ဖွဲ့စခန်းမှ (ပ)၄၄၁/၂ဝ၁၉၊ပို့ကုန်/ သွင်းကုန် ဥပဒေပုဒ်မ၈အရ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။