images
UN
UN
ပေါင်မြို့နယ် ဇင်းကျိုက်မြို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နိုင်နိုင်(မွန်) Sunday, 08 December 2019

မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်နယ်မြေ ရဲစခန်းမှူး ရဲအုပ် ရဲလင်းနောင်နှင့် တပ်ဖွဲ့ဝင် များသည် ယမန်နေ့မွန်းတည့် ၁၂ နာရီက မူးယစ်ဆေးဝါးသတင်း အရ ဇင်းကျိုက်မြို့ ဆားဖိုစုရပ်ကွက် နယ်မြေ(၃)ရှိ ဦးစိုးလွင် ပိုင် ဘိလိ ယက်ခုံ၌ ဘိလိယက်ထိုးနေသော ဇင်းကျိုက်မြို့ ဖလပ်ရပ်ကွက်နေ ရဲမင်း(ခ) အပေါင်းနှင့် ဇင်းကျိုက်မြို့ ဇင်းကျိုက်ရပ်ကွက်နေ ဝင်းမင်းကို (၂၄ နှစ်)တို့နှစ်ဦးအား စစ်ဆေး ရှာဖွေရာ ရဲမင်း(ခ)အပေါင်း ဝတ် ဆင်ထားသည့် ဘောင်းဘီကြိုး ပေါက်အတွင်းမှWY စာတန်းပါ ပန်းရောင်စိတ်ြ<ွကရူးသွပ်ဆေးပြား ၂၂ ပြား၊ အလေးချိန် ၂ ဒသမ ၂ ဂရမ် ခန့်မှန်း ကာလတန်ဖိုးငွေကျပ် တစ်ပြားလျှင် ကျပ်၅ဝဝဝနှုန်းဖြင့် ငွေကျပ် ၁၁ဝဝဝဝ၊ ဝင်းမင်းကို ထံမှ မီးခြစ်နှစ်လုံးနှင့် ငွေကျပ် ၁၂၇ဝဝဝ တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးများနှင့်ပတ်သက် ၍ ၄င်းတို့နှစ်ဦးအား မေးမြန်းရာ ကရင်ပြည်နယ် ဘားအံမြို့နေ လူမြင်လျှင်မှတ်မိ (၃ဝ နှစ်)ခန့်ရှိ အမည်မသိ ကရင်အမျိုးသား တစ်ဦးထံမှ ဆေးပြားတစ်ပြားလျှင် ငွေကျပ် ၅ဝဝဝ နှုန်းဖြင့် ဝယ်ယူ ခဲ့ခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ ပေါင်မြို့မရဲစခန်းမှ ရဲမင်း(ခ)အပေါင်းနှင့် ဝင်းမင်း ကိုတို့နှစ်ဦးအပေါ် မယ(ပ) ၁၄/ ၂ဝ၁၉၊ မူးယစ်/စိတ်ပြောင်း ဥပဒေ ပုဒ်မ ၁၆(ဂ)/၂ဝ(က)/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။