images
UN
UN
ဆီးဂိမ်းစ်ဘိလိယက်ပြိုင်ပွဲမှ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆွတ်ခူး
Tuesday, 10 December 2019

ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိမှုအနည်းငယ်သာ ရှိခဲ့သည့် မြန်မာအသင်းအတွက် အဖိုးတန်ရွှေတံဆိပ်ကို ယနေ့တွင် ယှဉ်ပြိုင်ကစားခဲ့သော ဘိလိယက် ပြိုင်ပွဲမှ ဆွတ်ခူးရယူနိုင်ခဲ့သည်။ ယနေ့ မွန်းလွဲပိုင်းတွင် ယှဉ်ပြိုင် ကစားခဲ့သော 9-Ball Pool အမျိုး သားတစ်ဦးချင်း ဗိုလ်လုပွဲစဉ်တွင် မြန်မာကစားသမား ဘုန်းမြင့်ကျော် က ဗီယက်နမ်ကစားသမားDo The Kien အား အနိုင်ရရှိခဲ့ခြင်း လည်းဖြစ်သည်။
ဘုန်းမြင့်ကျော်သည် ဗီယက် နမ်ကစားသမားအား ဆက်တိုက် ဦးဆောင်ကစားနိုင်ခဲ့ပြီး ပွဲအပြီး တွင် ၉-၄ရလဒ်ဖြင့် အနိုင်ရရှိကာ မြန်မာနိုင်ငံအတွက် စတုတ္ထမြောက် ရွှေတံဆိပ်အား ဆွတ်ခူးရယူပေး နိုင်ခဲ့သည်။ ၄င်းသည် နှစ်ယောက် တွဲပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ဆု ဆွတ်ခူးပေးနိုင်ခဲ့သူဖြစ်သည်။ မြန်မာအားကစားအဖွဲ့များအတွင်းမှ ဘိလိယက်အဖွဲ့အပြင် အာနစ်နှင့် လှေလှော်အဖွဲ့တို့က ရွှေတံဆိပ် တစ်ခုစီ ဆွတ်ခူးရယူပေးထားနိုင် ခြင်းဖြစ်သည်။ ယနေ့ မွန်းလွဲ ပိုင်းပွဲစဉ်များအပြီးအထိ ဆု တံဆိပ်ရရှိမှုတွင် မြန်မာသည် ရွှေ လေးခု၊ ငွေ ၁၈ ခုနှင့် ကြေး ၄၉ ခု ရရှိထားသည်။