images
UN
UN
ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲတွင် မြန်မာအနိုင်ရ
Tuesday, 10 December 2019

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပနေ သော အကြိမ် ၃ဝ မြောက် ဆီး ဂိမ်းစ်ပြိုင်ပွဲ၏အမျိုးသားဘောလုံး ပြိုင်ပွဲ တတိယနေရာလုပွဲတွင် မြန်မာအသင်းသည် ကမ္ဘောဒီးယား အား ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိကာ ကြေးတံဆိပ်ရယူနိုင် ခဲ့သည်။ မြန်မာအသင်းသည် ကမ္ဘောဒီးယားအား အုပ်စုတွင်း၌ အနိုင်ကစားနိုင်ခဲ့ပြီး ယခုပွဲစဉ်တွင် အဖွင့်ဂိုးစောစီးစွာ ပေးခဲ့ရသော် လည်း အောင်ကောင်းမာန်နှင့် မြတ်ကောင်းခန့်တို့၏ဂိုးများဖြင့် ပြန်လည်ဦးဆောင်ကစားနိုင်ခဲ့သည်။
သို့သော် ဒုတိယပိုင်းပွဲချိန် ၇၁ မိနစ်တွင် ကမ္ဘောဒီးယားက ချေပ ဂိုးပြန်လည်သွင်းယူခဲ့သောကြောင့် နှစ်ဂိုးစီ သရေကျခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်ယူခဲ့ရသည်။ ပင်နယ် တီတွင် မြန်မာအသင်းက ၅-၄ ဂိုး ဖြင့် အနိုင်ရရှိခဲ့၍ ကြေးတံဆိပ်ရရှိ ခဲ့ခြင်းလည်းဖြစ်သည်။