images
UN
UN
အန်ဆယ်လော့တီ၏နေရာကို ဂတ်တူဆို အစားဝင်မည်ဟုရေပန်းစား
Tuesday, 10 December 2019

နာပိုလီအသင်းသည် နည်းပြအန်ဆယ်လော့တီ၏နေရာတွင် အေစီ မီလန်နည်းပြဟောင်း ဂတ်တူဆိုကိုအစားထိုးရန် အလွန်နီးစပ်နေပြီဖြစ် ကြောင်း သိရသည်။ အန်ဆယ်လော့တီသည် စီးရီးအေပြိုင်ပွဲတွင် အသင်း အား ရလဒ်ကောင်းမွန်စေရန်စွမ်းဆောင်နိုင်ခြင်း မရှိခဲ့သောကြောင့် နာပိုလီ အသင်းဥက္ကဋ္ဌက ၄င်းကိုဆက်လက်စောင့်ကြည့်ရန် အချိန်မပေးနိုင်တော့ ကြောင်းသိရသည်။ အင်္ဂါညတွင် ယှဉ်ပြိုင်ခဲ့သည့်ချန်ပီယံလိဂ်ပွဲရလဒ် အပေါ်မူတည်၍ အန်ဆယ်လော့တီ၏အနာဂတ်ကို ဆုံးဖြတ်တော့မည်ဟု အီတလီသတင်းဌာနများက ဖော်ပြနေသည်။ နာပိုလီအသင်းသည် လက်ရှိ တွင် စီးရီးအေအမှတ်ပေးဇယား၌ အဆင့် ၇ နေရာတွင် ရပ်တည်နေပြီး စီးရီးအေနောက်ဆုံးငါးပွဲဆက်မနိုင်ခဲ့ပေ။ Ref; Gazzetta