images
UN
UN
တွမ်မီနေးအား လစာနှစ်ဆ တိုးပေး၍ မန်ယူစာချုပ် ချုပ်ဆိုမည်
Tuesday, 10 December 2019

မန်ယူအသင်းသည် ကွင်းလယ်ကစားသမားတွမ်မီနေးအား လစာ နှစ်ဆတိုးပေး၍ စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်းသိရသည်။ ပြီးခဲ့ သောရာသီတွင် စတင်ထင်ရှားလာသောတွမ်မီနေးသည် ယခုရာသီ၌ မန်ယူအသင်းကွင်းလယ်တွင် ခြေစွမ်းပြနေသူဖြစ်သည်။ သို့သော် ၄င်း သည် တစ်ပတ်လစာပေါင် ၃ဝဝဝဝ သာရရှိနေခြင်းကြောင့် မန်ယူက စာချုပ်သစ်တိုးမြှင့်ကာ လစာတိုးပေးရန်စီစဉ်ရခြင်းလည်းဖြစ်သည်။ မန်ယူအသင်းသည် ၄င်းအား ၂ဝ၂၃ ခုနှစ်ကျော်လွန်သည်အထိ စာချုပ် ချုပ်ဆိုရန် စီစဉ်နေခြင်းလည်းဖြစ်သည်။ ၄င်းအား လာမည့်ဒီဇင်ဘာလ နှောင်းပိုင်းတွင် စာချုပ်ချုပ်ဆိုမှုအပြီးသတ်ရန် မန်ယူအသင်းက ပစ်မှတ် ထားနေကြောင်းလည်း သိရသည်။ Ref; Manchester Evening