images
UN
UN
အသင်းအား ဝယ်ယူရန် အမေရိကန်သူဌေး၏ကမ်းလှမ်းမှုကို ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျ ပယ်ချ
Tuesday, 10 December 2019

ချဲလ်ဆီးအသင်းပိုင်ရှင် အေ ဘရာမိုဗစ်ခ်ျသည် အသင်းအား ဝယ်ယူရန် အမေရိကန်သူဌေးတစ် ဦးမှ ကမ်းလှမ်းလာခြင်းကို ပယ်ချ လိုက်ကြောင်းသိရသည်။ အမေရိ ကန်မေဂျာလိဂ်ဘေ့စ်ဘောအသင်း အား ပိုင်ဆိုင်သည့်သန်ြး<ွကယ် သူဌေးဘွတ်ရှ်လေက ချဲလ်ဆီး အသင်းအားဝယ်ယူရန် မြင့်မား သည့်ငွေပမာဏဖြင့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ချဲလ်ဆီးအသင်းပိုင်ရှင် အေ ဘရာမိုဗစ်ခ်ျသည် ယခင်က အသင်းအား ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ခဲ့သော်လည်း ရုရှားနိုင်ငံ သားတစ်ဦးဖြစ်နေခြင်းကြောင့် နောက်ပိုင်းတွင် ဗြိတိန်၌ နေထိုင်ခွင့် နှင့်ဆိုင်သော ပြဿနာများကြုံ တွေ့ခဲ့ရသူဖြစ်သည်။ ထို့ကြောင့် အသင်းအပေါ်တွင် အာရုံစိုက်မှု လျော့ကျလာပြီဟု သုံးသပ်မှုများ ရှိနေပြီး ချဲလ်ဆီးအား လွှဲပြောင်း ရယူရန် ကမ္ဘာ့ထိပ်တန်းသူဌေး အချို့က ကမ်းလှမ်းမှုများ ပြုလုပ် နေကြခြင်းဖြစ်သည်။
ချဲလ်ဆီးအား ကမ်းလှမ်းမှုပြု လုပ်ခဲ့သည့် အမေရိကန်သူဌေး သည် လန်ဒန်စီးပွားရေးတက္ကသိုလ် တွင် တက်ရောက်ခဲ့ဖူးသူဖြစ်သည်။ ထို့ကြောင့် လန်ဒန်မြို့ခံအသင်း အား ဝယ်ယူရန်ကမ်းလှမ်းမှုပြု လုပ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ပရီးမီးယားလိဂ်၌ အမေရိကန် သူဌေးများပိုင်ဆိုင်သည့်အသင်း အရေအတွက် ခြောက်သင်းအထိ ရှိနေပြီဖြစ်သည်။ ချဲလ်ဆီးသည် အေဘရာမိုဗစ်ခ်ျပိုင်ဆိုင်ပြီးနောက် ပိုင်း ပရီးမီးယားလိဂ်ဖလားကို ငါးကြိမ်အထိ ရယူနိုင်ခဲ့ပြီး ယူရို ပါလိဂ်နှစ်ကြိမ်နှင့် ချန်ပီယံလိဂ် တစ်ကြိမ် ရယူနိုင်ခဲ့သည်။ ထို့ အပြင် အက်ဖ်အေဖလားပြိုင်ပွဲတွင် ငါးကြိမ်အထိ ဗိုလ်စွဲနိုင်ခဲ့ပြီး လိဂ် ဖလားတွင် သုံးကြိမ်ဗိုလ်စွဲကာ ယခုရာသီတွင်လည်း အောင်မြင်မှု မျှော်လင့်နိုင်သော အခြေအနေတွင် ရပ်တည်လျက်ရှိနေသည်။
Ref;Dailymail