images
UN
UN
ICJ သည် ဒီအစိုးရသက်တမ်းမှာ မပြီးနိုင်သေးဘူး နောက်အစိုးရ နောက်အစိုးရတွေထိသွားနိုင်တယ်ဆိုတော့ ပြောချင်တာ အနာဂတ်အတွက်ကို အရှုပ်ထုပ်တစ်ခုထားခဲ့သလို ဖြစ်သွားတာပေါ့
နေထက်ဝေ Tuesday, 10 December 2019
မေး။ ။ICJ နဲ့ပတ်သက်ပြီး စိုးရိမ်စရာ ကောင်းတယ်ဆိုတာနဲ့ပတ်သက်ပြီး ဘယ်လို စိုးရိမ်စရာကောင်းတယ် ဆိုတာ သိလိုပါတယ်။
ဖြေ။ ။ သူကICJ မှာ စွဲတာက လူမျိုး
သုဉ်းသတ်ဖြတ်နေတယ်လို့ မပြော သေးဘူးပေါ့။ လူမျိုးသုဉ်းသတ်ဖြတ်ဖို့ အတွက်ကိုကာကွယ်ဖို့ အဲလိုပြောတယ်။နောက်ပြီးတော့ ဟိုဘက်ကနေတင်ထားတဲ့ လူမျိုးစုက ရိုဟင်ဂျာလို့ပြောထားတယ်။ လူမျိုးသုဉ်းသတ်ဖြတ်တယ်ဆိုတာကို မြန်မာ ဘက်က အာရုံထားပြီး ရိုဟင်ဂျာဆိုတဲ့ စကားလုံးကိုလက်ခံလိုက်တယ်ဆိုရင် ဒါ အသိအမှတ်ပြုပေးရာကျသွားပြီ။ တကယ် တော့ ပြောမယ်ဆိုလို့ရှိရင်တော့ ယူဂို ဆလားဗီးယားကိစ္စရပ်မှာဆိုရင် ၁၃၊ ၁၄ နှစ်လောက်ကြာခဲ့ဖူးတယ်။ အဲဒီအတွက် ကြောင့်မို့ ICJသည် ဒီအစိုးရသက်တမ်း မှာ မပြီးနိုင်သေးဘူး။ နောက်အစိုးရ၊ နောက်အစိုးရတွေထိ သွားနိုင်တယ် ဆိုတော့ ပြောချင်တာ အနာဂတ်အတွက် ကို အရှုပ်ထုပ်တစ်ခုထားခဲ့သလို ဖြစ်သွား တာပေါ့။ အဲဒီအတွက်ကြောင့် နံပါတ်တစ် ကြောက်စရာကောင်းတာပေါ့။ ကောင်းပြီ ICJကို တင်မယ်ဆိုတဲ့သတင်း ထွက်လာ တာနဲ့ အခုအင်းဒင်ကိစ္စရပ်က ပေါ်လာ တယ်။ ပွင့်လင်းမြင်သာတဲ့ဥစ္စာ Open Code လုပ်တယ်။ ပြောချင်တာက အဲမှာ တော့ ဂယက်တစ်ခုထသွားတယ်။ ဒါတွေ က တပ်ထဲမှာ သို့လော၊ သို့လောနဲ့ လှုပ်လှုပ်ရွရွဖြစ်သွားနိုင်တယ်။ တကယ် ပြောရင်တော့ အန္တရာယ်ရှိတယ်။ ဥပမာ-အားဖြင့် ကြည့်ကြည့်ရအောင် မီဒီယာမှာEleven Journal ကို ဦးသိန်းစိန်လက်ထက် မှာ ချက်ချင်းအရေးမယူခဲ့ဘူး။ သာမန် လောက်ပဲ တရားစွဲခဲ့တယ်။ အခုက ထောင် ထဲထည့်လိုက်တယ်။ ပြီးတဲ့အခါကျတော့ မီဒီယာလောကမှာ စိန်ခေါ်မှုတွေဖြစ်လာ တယ်။ ပြောရမယ်ဆိုရင် အစည်းရုံးခံ မလား၊ အတွယ်ခံမလားဖြစ်လာတယ်။ အရပ်စကားနဲ့ပြောရင်တော့ဝယ်တဲ့သဘော ပေါ့။ အစည်းရုံးခံလိုက်တဲ့ အခါကျတော့ မီဒီယာတွေ တော်တော်များများပါသွား တယ်။ ဒါမျိုးတွေပေါ့။ နောက်တစ်ခါ အမျိုးသားရေးသမားတွေ ဘေထိဆိုအနှိပ် ကွပ်ခံရတယ်။နောက်တစ်ခါ သာသနာရေး ကိစ္စတွေ၊ အင်အားကောင်းတဲ့အမျိုးဘာသာ သနာကိစ္စရပ်တွေ အနှိပ်ကွပ်ခံလိုက်ရ တယ်။ အင်အားနည်းသွားတယ်။ နောက် ဆုံးကျန်တာ တပ်ဖြစ်တယ်။တပ်ကို ICJ နဲ့ ခြိမ်းခြောက်ပြီးတဲ့အခါကျမှ အရှည်ပေါ့။ အမှုအခင်းတွေ ဘာတွေပြန်လုပ်ပေးတဲ့ အခါကျတော့ တပ်ဘက်က အင်အားနည်း သွားနိုင်တာပေါ့။ အဲဒီအတွက်ကြောင့် အန္တရာယ် အရမ်းရှိတယ်။ နောက်ဆုံး ကျန် တဲ့တပ်ရဲ့ ဖွဲ့စည်းမှုကနည်းနည်းလေးယိုင် သွားမယ်။ ကွဲသွားမယ်ဆိုရင် နိုင်ငံ အတွက်ကိုအကြီးကြီးအန္တရာယ်ရှိတယ်။အဲဒီတော့ ICJ သည် လောလောဆယ်မှာ ရလဒ်လိုချင်တာမဟုတ်ဘူး။ ရိုဟင်ဂျာ ဆိုတဲ့စကားလုံးကို အသိအမှတ်ပြုပေးတဲ့ သဘောရောက်သွားရင် မကောင်းဘူး။ ဒါအန္တရာယ်ရှိလာပြီ။ နောက် နှစ်အချက် ကအဲဒီ ICJ နဲ့တပ်ရော၊ နောက် မြန်မာ နိုင်ငံရော ကြိုတင်ပြီးဖိအားပေးထားလိုက် တာမျိုးပေါ့။ ဒါတွေကအရှည်ကျတော့ မြင့်မြင့်လာပြီးတော့ အန္တရာယ်ရှိလာ တယ်။ ဒါကြောင့်မို့ အန္တရာယ်ရှိတယ်လို့ ပြောတာ။ လောလောဆယ် ရလဒ်မထွက် နိုင်သေးဘူး။ အဲတော့ ပြောချင်တာက ရိုဟင်ဂျာလို့ တစ်ဖက်ကကိုးကားပြီး သုံးစွဲ တာကိုပဲ ရိုဟင်ဂျာမရှိပါဘူးလို့ ဒီဘက် က သက်သေအထောက်အထားပြတယ်ဆို ရင်ပဲ ရိုဟင်ဂျာဆိုတဲ့ စကားလုံးတစ်လုံး နဲ့ပဲ လူမျိုးသုဉ်းသတ်ဖြတ်တာတွေဘက်ကို မရောက်သေးဘူး။ အဲဒါတွေနဲ့ခုခံလိုက် ရင်ပဲ တစ်နှစ်လောက် ဆွဲခေါ်နိုင်သေး တယ်။ ဒါကိုမြန်မာဘက်က အသုံးချနိုင် ရင် ကောင်းတယ်။
မေး။ ။ အခုဆိုရင် ဒေါ်အောင်ဆန်းစု ကြည်ဟာ သည်ဟိတ်ဂ်မြို့ကို ရောက်ရှိနေပြီ။ သူရှင်းမယ့်ကိစ္စ ရပ်တွေနဲ့ပတ်သက်ပြီး စိုးရိမ်စိတ် တွေရှိနေတယ်လို့ လည်းကြားသိ ရ ပါတယ်။ သူခေါင်းရှောင်ပြီး တပ်ကိုပဲ အပစ်ပုံချလိုက်မလား ဆိုတဲ့ အသံလေးတွေလည်းကြား နေရတယ်။ အဲဒီအပေါ်မှာနည်း နည်း သုံးသပ်ပေးပါဦး။


ဖြေ။ ။ အဲဒါကလေ စိုးရိမ်မယ် ဆိုရင်
စိုးရိမ်စရာကောင်းဖို့ အခြေအနေ ဖြစ်လာတယ်ပေါ့။ နံပါတ်(၁)က ဒီ ICJ ကိုစပြီး တရားကြားနာတဲ့အချိန်မှာကျွမ်း ကျင်သူကနေ လျှောက်လွဲတာပိုကောင်း တယ်။ ဥပမာနှစ်ဖက်ငှားထားတဲ့ရှေ့နေ တွေပေါ့။ အဲဒါတွေက သူတို့ရဲ့တာဝန် ပေါ့။ အဲတော့ဒီဥပဒေထဲကသူမဟုတ်ဘဲနဲ့ သွားပြီး လျှောက်လွဲမယ်ဆိုရင် ဘာပဲ ပြောပြော ဥပဒေသမားလောက် မပီပြင် နိုင်ဘူး။ ဒါငြင်းလို့ကိုမရဘူး။ နောက် တစ်ခုကဘာလဲဆိုရင် အတိုင်ပင်ခံသွားတဲ့ အတွက်ကြောင့်မို့ အတိုင်ပင်ခံက ဥပဒေ သမားမဟုတ်ဘူး။ နိုင်ငံတကာရေးရာကို လည်းအင်မတန်ကျွမ်းကျင်တယ်လို့ယူဆဖို့ အင်မတန်ခက်ခဲတယ်။ ဘာကြောင့်လဲဆို တော့ သူသည်ဒီအစိုးရတက်လာကတည်း က နိုင်ငံတကာဆက်ဆံရေးကို လွန်းထိုး သွားနေပြီ။ နိုင်ငံခြားရေးဝန်ကြီးရဲ့တာဝန် ကို ထမ်းဆောင်နိုင်ခဲ့တယ်ဆိုရင်တော့ နိုင်ငံတကာရေးရာပါ အတော်အသင့် ကျွမ်းကျင်တယ်လို့ယူဆနိုင်စရာရှိတယ်။အခုဟာက အဲဒီလောက်မမြင်ဘူးပေါ့။ကောင်းပြီ။ ICJ ဖြစ်လာပြီ။ ဥပဒေပိုင်း ဆိုင်ရာမှာ အထောက်အကူပြုကော်မတီ တစ်ခုခေါ်သွားသင့်တယ်ပေါ့။ ခေါ်သွား သင့်တယ်ဆိုတော့ဘာနဲ့ပြန်ဆက်စပ်နေ သလဲဆိုတော့ တပ်နဲ့ပြန်ဆက်စပ်နေတယ်။ အစိုးရအမိန့်ပေးတယ်။ တပ်ကအရေးယူ တယ်။ ထိတွေ့ရတာတပ်ဖြစ်နေတယ်။ ပထမကြားလိုက်တာက တပ်ဘက်က လည်းဘယ်သူပါမယ်။ သုံးယောက်လေး ယောက်လောက်ပါမယ်ဆိုပြီးကြားလိုက် တယ်။ အဲ့ဒါတွေအကုန်လုံးကို အစည်း အဝေးတွေအများကြီးထိုင်ပြီးတော့မှ ကြား ပြီးတော့မှ အနားလည်းနီးလည်းနီးရော၊ အစိုးရရဲ့ညွှန်ကြားချက်ကြောင့်မခေါ်သွားဘူး ဆိုတော့ ဒါစိုးရိမ်စိတ်မရှိစရာအကြောင်း ကို မရှိတော့ဘူးဖြစ်သွားတယ်။
မေး။ ။ အခုဆိုရင် OIC ရဲ့ တရားစွဲခိုင်း တဲ့ပုံစံမျိုးနဲ့ဂမ်ဘီယာက တရားစွဲ ရတယ်။ သူတို့ကိုင်တာကလည်း ကိုဖီအာနန်တို့Fact Finding Mission တို့နဲ့ ဆက်နွှယ်နေတယ် ဆိုပြီး သတင်းစကားတွေထွက် နေတယ်။ အဲဒီအပေါ်မှာရော နည်းနည်းလောက် ဆွေးနွေးပေး ပါဦး။
ဖြေ။ ။ အဲဒါတွေကလေ ကြိုပြီးပြင်လာ
တာအများကြီးပဲ။ ဥပမာ ဝလုံး တို့ကိစ္စရပ်ဆိုရင် နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့အများကြီးငြိတယ်။ အဲဒါတွေကို လွှတ်ပေးလိုက်တာကိုက သံသယနည်း နည်းရှိတယ်။ ကောင်းပြီတဲ့ အဲဒါရှိတဲ့ အပြင်ကို အခုပြည်ပရောက်သွားပြီ။ဒီ အချိန်မှာ ICJ မှာထွက်ချက်တွေပေးတဲ့ အချိန်မှာ သူတို့ကအဓိကဇာတ်ကောင်တွေ အနေနဲ့ပါလာတော့မယ်။ အဲဒါမျိုးတွေ ကစပြီးတော့ ဆင်လာတာတွေပေါ့။ဥပမာ အားဖြင့် ၂ဝ၁၆ ခုနှစ်မှာပထမတစ်ကြိမ် တိုက်တယ်။ စနစ်တကျစခန်း ၃ဝ တိုက် တယ်။ တိုက်ပုံတိုက်နည်းကိုကြည့်မယ်။နောက်ပိုင်းသူတို့ ခွာစစ်ပြန်ဆင်သွား တာကိုကြည့်ရင် ဒါလေ့ကျင့်သင်ကြား ထားတယ်။ နောက်တစ်ခုကပါကစ္စတန် ကနေတိုက်ခိုင်းတယ်။
တိုက်မယ်ဆိုရင် လည်း ကိုဖီအာနန် စုံစမ်းစစ်ဆေးရေး တစ်ဝက်လောက်မှတိုက်ပါလားတဲ့။ အဲဒီ ကိစ္စလည်းပါသွားတယ်။ ကိုဖီအာနန်ရဲ့ Report ကို စောင့်ပြီးတိုက်သွားတဲ့အခါ ကျတော့ ဒုတိယဟာကပိုကြမ်းတယ်။စခန်း ၃ဝ က အဲဒီမှာလည်းနည်းနည်း လေးပြဿနာပိုရှိလာတယ်ပေါ့။ အဲဒါတွေ အားလုံးရဲ့မြင်ကွင်းတစ်ခုလုံးကို ဆက်စပ် ကြည့်လိုက်မယ်ဆိုရင် ပေါ်တင်လုပ်တာ သေချာသွားပြီ။ နောက်တစ်ခါ အင်မတန် အံ့သြဖို့ကောင်းတာက ICJ ကနေစွဲချက် တင်ပါတယ်လို့ ကြေညာလိုက်တယ်။ ၁၈ ရက်နေ့မှာ။ ၂ဝ ရက်နေ့မှာ ဒေါ်အောင် ဆန်းစုကြည်သွားမယ်လို့ ပြောတယ်။ တကယ်ပြောရင် တရားရုံးရဲ့သဘောက သူမသွားဘဲနဲ့ တရားရေးနဲ့ပတ်သက်ပြီး ကျွမ်းကျင်တာကိုလွှတ်ရင် ပိုကောင်း တယ်။ နောက်တစ်ရက်ခြားမှာ ရှေ့နေ ငှားပြီးပြီးပြောတယ်။ အဲတော့ နိုင်ငံတကာ ခုံရုံးကိုသွားတဲ့ကိစ္စရပ်မှာ ကမ္ဘာပေါ်မှာ အင်မတန်ကျွမ်းကျင်ရှေ့နေ ၁ဝ ယောက် လောက်ပဲ ရှိတယ်ပြောတယ်။ ဒါကနံပါတ် (၁)က ဘယ်ရှေ့နေက ဘာဆိုတာကိုစုံစမ်း ရဦးမယ်။ (၂)က ရှေ့နေငှားရမ်းခတွေ စကားပြောရဦးမယ်။ ဒါအင်မတန်ကြန့် ကြာတဲ့ကိစ္စရပ်တွေ။ အဲဒါကို သုံးရက်လေး ရက်အတွင်း ဘာလို့ပြီးအောင်လုပ်သလဲ။ ဒါတွေပါ စဉ်းစားရင် နည်းနည်းခက်သွား ပြီ။ ပြည်တွင်းမှာ သာမန်ရိုးရိုးတရားမ မှုတစ်ခုဖြစ်ရင်တောင်မှ ရှေ့နေငှားဖို့ကို တစ်ပတ် ၁ဝ ရက်စဉ်းစားရတာကို၊ ဒါက သုံးရက်နဲ့ ထွက်လာတယ်ဆိုတေှာု့ဃဲ အရေးကြီးတဲ့ဟာ။ ဒါတွေက မြန်ဆန်လွန်း အားကြီးတယ်လေ။ ယုတ္တိဗေဒနည်းနဲ့ ကြည့်မယ်ဆို နည်းနည်းလေးလွဲနေတယ်။ ဒါက (၁)၊ (၂) ကကျတော့ အထောက် အကူပြုကော်မတီကိုခေါ်သွားမယ်။ တပ် ဘက်က ပြီးတော့ အနားနီးမှဖြုတ်ချခဲ့ တယ်။ ဒီအချက်တွေအကုန်လုံးကို ဆင် ကြည့်လိုက်လို့ရှိရင် ဟိုးတိုက်ခိုက်တဲ့ ၂ဝ၁၆၊ ၂ဝ၁၇ ကနေစပြီးတော့မှ ဝ လုံးတို့ လွှတ်တာကအလယ်၊ အခုနောက်ဆုံး ICJ ရဲ့ အဖြစ်အပျက်တွေကို ကြည့်လိုက်လို့ ရှိရင် တစ်ခုချင်းက မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ စိုးရိမ်စရာရှိတာပေါ့။
မေး။ ။ ဒီ ICJ မှာတရားစွဲလို့ ကျွန်တော် တို့နိုင်ငံက ဘာဖြစ်နိုင်သလဲ။ နောက် ၂ဝ၂ဝ ရွေးကောက်ပွဲ ဆိုတာတွေနဲ့ရော သက်ဆိုင်နေမ လား။ ဒါကိုလည်း သုံးသပ်ပေး ပါဦး။
ဖြေ။ ။ တစ်ခုတော့ရှိတယ်။ အခု လာမယ့်
၂ဝ၂ဝ ရွေးကောက်ပွဲနဲ့ အနည်း ငယ်တော့သက်ဆိုင်လိမ့်မယ်။ သို့သော် လည်း မြန်မာနိုင်ငံကို အနာဂတ်မှာ တောက်လျှောက်ဖိအားပေးထားဖို့အတွက် ကို ဒီအမှုဖြစ်လာတာလို့ပြောရင် အဲဒါ ပိုများလိမ့်မယ်။ ဟိုက ၂ဝ၂ဝ ရွေးကောက် ပွဲ ကိုခဏပဲကျော်သွားမယ်။တစ်ခါပြီးရင် ပြီးပြီ။ ICJ မှာ က ကြားနာစစ်ဆေးတာ။ဆုံးဖြတ်တာစသဖြင့်ပေါ့။အဲကာလတစ် လျှောက်မှာ နိုင်ငံရော၊ စစ်တပ်ရောဖိအား ပေးထားတာပဲလေ။ အဲလိုပြောလို့ရတယ်။ ICJ က လောလောဆယ် အဖြူအမည်း မကွဲသေးဘူး။ လောလောဆယ်ကြောက် စရာမကောင်းပါဘူး။ လောလောဆယ်ဆို တာက လောလောဆယ်နဲ့မပြီးသွားပါဘူး။ အနာဂတ် အကြာကြီးကိုလျှောက်ရမှာပါ။ နိုင်ငံအပေါ်မှာ တောက်လျှောက်ရှိနေမယ့် ဖိအား၊ တပ်ကိုတောက်လျှောက်ရှိနေ မယ့်ဖိအား၊ တကယ်လို့များ နောက်အစိုးရ သည် အနောက်နိုင်ငံနဲ့အဆင်မပြေတဲ့ အစိုးရ ဖြစ်နေမယ်ဆိုရင် ICJ ၊ ဟိုဘက်မှာ သွားမယ့် ICCအဲဒါတွေက နိုင်ငံအတွက် ကို ဖိအားတွေဖြစ်လာလိမ့်မယ်။ အဲဒါကို တစ်ဖက်ကအချိန်မရွေးသုံးနိုင်တယ်။ အဲဒါ တော့ရှိတယ်လို့ ပြောချင်ပါတယ်။