images
UN
UN
အသင်းအား ဆိုးလ်ရှားပြန်လည်တည်ဆောက်မှုနှေးကွေးနေဟု ပရိသတ်များယူဆ ယခုနှစ်မကုန်မီပေါ့ဂ်ဘာ ပြန်ကစားနိုင်ရန် မျှော်လင့်ကြောင်း ဆိုးလ်ရှားပြောကြား
Wednesday, 11 December 2019
မန်ယူပရိသတ်များကြားတွင် ပြုလုပ်ခဲ့သော ဆန္ဒကောက်ခံမှုများ အရ မန်ယူနည်းပြ ဆိုးလ်ရှားသည် အသင်းအတွက် သင့်တော်သော နည်းပြတစ်ဦးအဖြစ် သတ်မှတ်ရ မည့်စွမ်းဆောင်ရည်များ ပြသ လျက်ရှိသော်လည်း အသင်းအား ပြန်လည်တည်ဆောက်မှုပြုလုပ်ရာ တွင်နှေးကွေးနေသည်ဟု ပရိသတ် များဘက်မှ ယူဆလျက်ရှိသည်ဟု တွေ့ရှိခဲ့ကြောင်း တယ်လီဂရပ်ဖ် သတင်းဌာနကဖော်ပြသည်။
ဆိုးလ်ရှားသည် ယခုဘောလုံး ရာသီတွင် ပရီးမီးယားလိဂ်ထိပ် သီးအသင်းများနှင့် တွေ့ဆုံခဲ့သည့် ပွဲစဉ်များတွင် ရလဒ်ကောင်းများ ပိုင်ဆိုင်အောင် စွမ်းဆောင်နိုင်ခဲ့ သော်လည်း အသင်းအား တည် ငြိမ်သည့်ခြေစွမ်းမျိုး ရရှိအောင် ကြိုးပမ်းရာ၌ လိုအပ်ချက်များရှိ နေသည်ဟု မန်ယူပရိသတ်များ ဘက်မှရှုမြင်လျက်ရှိသည်။ ယခု ဘောလုံးရာသီတွင်ဆိုးလ်ရှားသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ထိပ်သီး ပြိုင်ဘက်များဖြစ်သော မန်စီးတီး၊ စပါး၊ ချဲလ်ဆီးနှင့်လက်စတာတို့ အား အနိုင်ကစားနိုင်ခဲ့သည့်အပြင် လီဗာပူးအသင်းထံမှ အမှတ်ခွဲယူ နိုင်ခဲ့သည့် ထိပ်သီးအသင်းတစ် သင်း၏ တစ်ဦးတည်းသော နည်း ပြပါဖြစ်ခဲ့ခြင်းကြောင့် ဆိုးလ်ရှား ၏ မှတ်တမ်းများမှာ အခြားပြိုင် ဘက်အသင်းများ၏ မှတ်တမ်းများ ထက် ပိုမိုကောင်းမွန်ခဲ့သည်။ သို့ သော် တစ်ဆင့်နိမ့်သည့်ပြိုင်ဘက် များနှင့်တွေ့ဆုံသည့်ပွဲများတွင်မူ ရလဒ်ကောင်းများ ပိုင်ဆိုင်အောင် ရုန်းကန်နေရခြင်းကြောင့် မန်ယူ ပရိသတ်များက ဆိုးလ်ရှားအား အသင်းကို ပြန်လည်တည်ဆောက် မှုများပြုလုပ်ရာ၌နှေးကွေးနေသည် ဟု သတ်မှတ်ကြခြင်းဖြစ်သည်။
ဆိုးလ်ရှားသည် ယခုနှစ် မကုန်မီ ဒဏ်ရာကြောင့် အနားယူ နေရသည့်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ ပြန်ကစားနိုင်ရန် မျှော် လင့်သည်ဟု ပြောကြားခဲ့သည်။ ပေါ့ဂ်ဘာသည် ခြေချင်းဝတ်ဒဏ် ရာရရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့် စက်တင်ဘာလကတည်းက မန်ယူ အသင်းအတွက် ကစားပေးနိုင်ခြင်း မရှိခဲ့ပေ။ ပေါ့ဂ်ဘာသည် ယခု ဘောလုံးရာသီတွင် မန်ယူအတွက် ပွဲထွက်ခြောက်ပွဲသာ ကစားပေးရ သေးသည်။ ပေါ့ဂ်ဘာ၏ ဒဏ်ရာ မှာ ပျောက်ကင်းသွားပြီဖြစ်သော် လည်း ကြံ့ခိုင်မှုပြည့်ဝရန် ရုန်းကန် နေရခြင်းကြောင့် အသင်းအတွက် ပြန်ကစားပေးရန် နှောင့်နှေးနေခြင်း ဖြစ်သည်။ ဆိုးလ်ရှားက ပေါ့ဂ်ဘာ သည် ဒီဇင်ဘာပွဲကျပ်ကာလ မတိုင်မီအသင်းအတွက် ပြန်ကစား နိုင်ရန် နီးစပ်လျက်ရှိသည်ဟု ပြောသည်။
Ref;Telegraph