images
UN
UN
ဒဏ်ရာကြောင့် လိုဗရန် အနားယူရမည်
Wednesday, 11 December 2019
လီဗာပူးဗဟိုခံစစ်ကစားသမား လိုဗရန်သည် ဒဏ်ရာကြောင့် ရက် သတ္တပတ်အနည်းငယ် အနားယူရမည်ဖြစ်ကြောင်း လီဗာပူးအသင်းဆေး အဖွဲ့က သတင်းထုတ်ပြန်သည်။ လိုဗရန်သည် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော ဆဲလ်ဘတ်အား အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ဒဏ် ရာရရှိခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာအခြေအနေကို အသေးစိတ်စစ်ဆေးလျက် ရှိသော်လည်း ရက်သတ္တပတ်အနည်းငယ်ခန့်အနားယူရမည်ဟု တွေ့ရှိ ထားသည်။ လိုဗရန် ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ယခုနှစ်မကုန်မီ ပွဲကျပ် များရင်ဆိုင်ရမည့် လီဗာပူးအတွက် အခက်အခဲများ ကြီးမားသွားခဲ့သည်။ လီဗာပူး၏ လက်ရှိလူစာရင်းအတွင်း၌ ကြံ့ခိုင်မှုပြည့်ဝသည့်ဗဟိုနောက် ခံလူနှစ်ဦးသာရှိနေပြီး ရက်ပေါင်း ၂ဝအတွင်း ခုနစ်ပွဲခန့်ကစားရမည့် ပွဲစဉ်အနေအထားကြောင့် လီဗာပူးသည် ခံစစ်ပိုင်းတွင် အားနည်းမှုများ စွာ ဖြစ်ပေါ်ဖွယ်ရှိနေကာ ကစားသမားများ ပွဲပမ်းသည့်ဒဏ်နှင့်လည်း ရင်ဆိုင်ရဖွယ်ရှိနေသည်။ Ref; BBC