images
UN
UN
ဘာစီလိုနာသို့ ကားလို့စ်ဗီလာရောက်ဖွယ်ရှိ
Wednesday, 11 December 2019
အမေရိကန်မေဂျာလိဂ်ကလပ် လော့အိန်ဂျလိစ်တွင်ပါဝင်ကစားနေ သော မက်ဆီကိုလက်ရွေးစင်တိုက်စစ်မှူး ကားလို့စ်ဗီလာသည် ဘာစီ လိုနာအသင်းသို့ ရောက်ရှိဖွယ်ရှိနေကြောင်း ရိုက်တာသတင်းဌာနကဖော် ပြသည်။ ကားလို့စ်ဗီလာသည် ဆိုဆီဒက်မှ လော့စ်အိန်ဂျလိစ်သို့ ပြောင်း ရွှေ့ခဲ့သူဖြစ်ကာ ယခုနှစ်အတွင်း ၃၆ ပွဲကစားခဲ့ရာတွင် ၃၈ ဂိုးအထိ သွင်းယူနိုင်ခဲ့သူဖြစ်သည်။ ဘာစီလိုနာကစားသမားဟောင်းတစ်ဦးဖြစ် ပြီး မက်ဆီကိုလက်ရွေးစင်တစ်ဦးလည်းဖြစ်သည့် ဒေါ့ဆန်းတို့စ်က ဘာ စီလိုနာသည် ကားလို့စ်ဗီလာအား ခေါ်ယူရန် ကမ်းလှမ်းမှုအချို့ပြုလုပ် လျက်ရှိကာ ကားလို့စ်ဗီလာဘက်မှလည်း ဥရောပဘောလုံးလောကတွင် ပြန်ကစားလိုသည့် ဆန္ဒရှိနေခြင်းကြောင့် ဘာစီလိုနာသို့ ရောက်ရှိဖွယ်ရှိ နေကြောင်း ပြောသည်။ ကာလို့စ်ဗီလာသည် လူငယ်ကစားသမားဘဝမှ စတင်ကာ ဥရောပဘောလုံးလောကတွင် ကျင်လည်ခဲ့သူဖြစ်သော်လည်း ကြီးမားသည့် အောင်မြင်မှုများ ရရှိဖူးခြင်းမရှိပေ။ Ref; Reuters