images
UN
UN
တောင်ပံကစားသမားသစ် ခေါ်ရန် လမ်းပတ်စဉ်းစား
Wednesday, 11 December 2019
ချဲလ်ဆီးနည်းပြလမ်းပတ်သည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်အတွင်း၌ ကွင်းလယ်တောင်ပံကစားသမားတစ်ဦးခေါ်ယူရန် စဉ်းစားနေကြောင်း ပြောသည်။ ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ဈေး ကွက်အတွင်း၌ အသင်းမှထွက်ခွာသွားခဲ့သော ဟာဇက်၏နေရာတွင် အစားထိုးနိုင်မည့် ကစားသမားမျိုးကို ခေါ်ယူဖွယ်ရှိနေသည်။ ပြောင်း ရွှေ့စရိတ် ပေါင်သန်း ၁၅ဝ ခန့်အသုံးပြုခွင့်ရဖွယ်ရှိနေ၍ လမ်းပတ်သည် ဒေါ့မွန်တောင်ပံကစားသမားဆန်ချိုနှင့်ပဲလေ့စ်တောင်ပံကစားသမားဇာဟာ တို့နှစ်ဦးအနက်မှတစ်ဦးအား ခေါ်ယူဖွယ်ရှိနေသည်။ Ref; Sky Sports