images
UN
UN
ရဲအယောင်ဆောင်၍ ဆိုင်ကယ်များ လိုက်လံဖမ်းဆီးသူများကို အရေးယူ
ရွှေမြင့်ဦး(ရွှေပြည်သာ) Sunday, 15 December 2019
ရဲအယောင်ဆောင်ကာ ဆိုင် ကယ်များလိုက်လံဖမ်းဆီးသူလေးဦး တို့အား ဖမ်းဆီးအမှုဖွင့်ထားကြောင်း ယမန်နေ့က ရွှေပြည်သာလှော်ကား နယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ပတ်လမ်းအနီး၌ ရဲယူနီဖောင်းဝတ်ဆင်၍ စည်းကမ်း ပျက်ဆိုင်ကယ်များအား လိုက်လံ ဖမ်းဆီးနေကြောင်း ယခုလ ၁၁ ရက် ည ၁၁ နာရီ မိနစ် ၅ဝ က သတင်းရရှိသဖြင့် လှော်ကားနယ် မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ဦးစီး သည့်အဖွဲ့က သွားရောက်စစ်ဆေး ခဲ့ရာ ရဲတပ်ဖွဲ့၏နက်ပြာရောင် ယူနီ ဖောင်းအင်္ကျီလက်တိုအား ဝတ်ဆင် ထားသူထွန်းမျိုးကျော်(ခ)ထော်ကြီး (၂ဝနှစ်)နှင့် လင်းလင်းဖြိုး(၁၉နှစ်) တို့နှစ်ဦးသည် ၄၈ယ/xxx နံပါတ် ပါ ဆိုင်ကယ်ဖြင့်လည်းကောင်း၊ မင်းခန့်ဇော်(၁၉နှစ်)နှင့် ဘိုဘိုဝင်း (ခ)စည်သူ(၁၉နှစ်)တို့ နှစ်ဦးမှာ နံပါတ်မပါ ဆိုင်ကယ်ဖြင့်လည်း ကောင်း မောင်းနှင်ထွက်ပြေးသွား သဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ၄င်း တို့အား ရွှေပြည်သာမြို့နယ် (၉) ရပ်ကွက် ငုရွှေဝါပန်းခြံအတွင်း၌ ဖမ်းဆီးရမိကာ ၄င်းတို့အား စစ်မေး ရာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ နှင့် ရဲတပ်သားအဆင့်တံဆိပ်ပါ နက်ပြာရောင်ယူနီဖောင်းအင်္ကျီလက် တိုအား ဝတ်ဆင်ထားသူမှာ ထွန်း မျိုးကျော်(ခ)ထော်ကြီးဖြစ်ပြီး၎င်း၏ ခါးကြားမှ အရိုး/အသွား၁၁လက်မ ခန့်ရှိ ဓားဦးချွန် တစ်ချောင်းအား လည်းကောင်း၊ လင်းလင်းဖြိုး၏ ခါးကြားမှအရိုး/အသွားကိုးလက်မ ခန့်ရှိ ဓားဦးချွန် တစ်ချောင်းအား လည်းကောင်း၊ မင်းခန့်ဇော်၏ခါး ကြားမှ အရိုးအသွား ၁၅ လက်မ ခန့်ရှိဓားဦးချွန်တစ်ချောင်းအားလည်း ကောင်း၊ ဘိုဘိုဝင်း(ခ)စည်သူ၏ ခါးကြားမှ အရိုး/အသွား၁၁လက်မ ခန့်ရှိ ထိပ်ဦးချွန်ဆန် ထိုးပိုက်တစ် ချောင်းတို့အားလည်းကောင်း သိမ်း ဆည်းရမိခဲ့၍ အမှုဖွင့်ခဲ့ခြင်းဖြစ် သည်။
ပြစ်မှုကျူးလွန်သူများဖြစ်သည့် ထွန်းမျိုးကျော်(ခ)ထော်ကြီး၊ လင်း လင်းဖြိုး၊မင်းခန့်ဇော်နှင့် ဘိုဘိုဝင်း (ခ)စည်သူ(ဖမ်းမိ)တို့ လေးဦးအား လှော်ကားနယ်မြေ ရဲစခန်း(ပ) ၁၉၃၁/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၁၇ဝ (ပြည်သူ့ဝန်ထမ်းအယောင် ဆောင်မှု)ဖြင့်လည်းကောင်း၊ လက် နက်အက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် လည်းကောင်း၊ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈/၁ဝဖြင့်လည်းကောင်း အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။