images
UN
UN
လုပ်ထုံးလုပ်နည်းအတိုင်းဆက်မသွားခြင်း လူနည်းစုတိုင်းရင်းသားအခွင့်အရေးများမရနိုင်ခြင်းကြောင့် ၄၅ဦးကော်မတီမှ နုတ်ထွက်ဟု ဦးစိုင်းကျော်မိုးပြော
ကိုကိုလွင် Wednesday, 18 December 2019
ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဖွဲ့ စည်းခဲ့သည့် ၄၅ဦး ကော်မတီ အနေဖြင့် ဥပဒေပြဋ္ဌာန်းချက်ပါ လုပ်ထုံးလုပ်နည်းအတိုင်းဆက်လက် ဆောင်ရွက်မှုမရှိသည့်အတွက် လူ နည်းစုတိုင်းရင်းသားတို့၏ အခွင့် အရေးတင်ပြချက်များနှင့်ပတ်သက် ၍ ရရှိနိုင်မည်ဟု မယုံကြည်တော့ သဖြင့် ကော်မတီမှ နုတ်ထွက်ခဲ့ ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ၄၅ဦး ကော်မတီဝင်မိုင်းပန် မဲဆန္ဒ နယ်မှ ဦးစိုင်းကျော်မိုးကသတင်း မီဒီယာများသို့ပြောသည်။
ယမန်နေ့နံနက်ပိုင်းကလွှတ်တော် ကိုယ်စားလှယ်များသို့ ပြည် ထောင်စုလွှတ်တော်ရုံးမှ ဖြန့်ဝေခဲ့ သည့် မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်း ကျော်မိုးနှင့် ကချင်ပြည်နယ်မဲဆန္ဒ နယ်(၂) မှ ဦးဆီဟူးဒွေ့တို့အား ၄၅ ဦး ပူးပေါင်းကော်မတီမှ ၄င်းတို့၏ သဘောဆန္ဒအရ နုတ်ထွက်ခွင့်ပြု အကြောင်းအရာပါ ကိစ္စနှင့်ပတ် သက်၍ မည်သည့်အကြောင်း ကြောင့် နုတ်ထွက်သည်ကို သိရှိ လိုမှုအား ၄င်းကပြန်လည်ဖြေကြား ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်တို့ လုပ်ထုံးလုပ် နည်းအတိုင်းသွားမယ့်ဟာကို ပြောပြသော်လည်းပဲ ၄၅ဦး ကော်မ တီကဒီအတိုင်း မသွားဘူးဆိုတဲ့ အတွက်ကြောင့် ကျွန်တော်တို့အနေ နဲ့ကန့်ကွက်ခဲ့ကြပါတယ်။ ပြည် ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ် ချက်အရ ဒီ Process ကိုလိုက်ပါခဲ့ တယ်။ အခုနောက်ပိုင်းဘုတ်တင် လုပ်တဲ့အပိုင်းမှာ ပြဿနာရှိလာ တဲ့အတွက်ကြောင့် မဲခွဲဆုံးဖြတ် တဲ့အခါမှာ ၃၇၆၅ ချက်ထဲကနေ ပြီး လျှောကျသွားတဲ့အတွက် ကြောင့် အဆင်မပြေတော့ဘူး။ တိုင်းရင်းသားတွေရဲ့အခွင့်အရေးက မရနိုင်တော့ဘူး ဒီအတိုင်းဆက် သွားရင်လည်း ပါမယ်ဆိုရင်သိပ် ပြီးမထူးတဲ့အတွက်ကြောင့်မို့လို့ ပါတီရဲ့သဘောထား၊ကျွန်တော်တို့ ရဲ့သဘောထားအရနုတ်ထွက်ခဲ့ တာဖြစ်ပါတယ်''ဟု ၄င်းက ၄၅ ဦးကော်မတီမှနုတ်ထွက်ရသည့် ကိစ္စအား ရှင်းလင်းပြောဆိုသည်။
ဖွဲ့ စည်းပုံအခြေခံဥပဒေအခန်း (၁၂) ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ တို့နဲ့အညီ တိုင်းရင်းသားလူနည်းစု များ၏ အခွင့်အရေးအတွက် ဖက်ဒ ရယ်စနစ်သို့ အခြေခံမည့် ပုဒ်မ၂၆၁ ကဲ့သို့သော တိုင်းရင်းသားအခွင့် အရေးနှင့် သက်ဆိုင်သည့်ပြင်ဆင် ချက်များအား ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တင်ပြ ခဲ့သော်လည်း ပြည်ထောင်စုလွှတ် တော်၌ ဆွေးနွေးခွင့်မရခဲ့ကြောင်း တိုင်းရင်းသားပါတီများအပါအဝင် ပြင်ဆင်မည့် ၃၇၆၅ချက်အား မဲ စနစ်ဖြင့်ရွေးချယ်ရာ၌အင်န်အယ်လ် ဒီ၏ ပြင်ဆင်ရန် တင်ပြချက် ၁၁၄ ချက်အပေါ်တွင် ကော်မတီကိုယ် စားလှယ်များ ဘုတ်တင်ပေးမဲပေး ရွေးချယ်ရာ၌ ကော်မတီဝင်အင် အားအသာရှိသည့် အင်န်အယ်လ်ဒီ ပါတီမှ ပြင်ဆင်ရန်တင်သွင်းသည့် ၁၁၄ ချက်သာလျှင် အတည်ဖြစ် မည့်အခြေအနေဖြစ်ပြီး တိုင်းရင်း သားလူနည်းစုများ၏ ဆန္ဒသဘော ထားများ၊ ပြင်ဆင်ရန်အချက်များ ပါဝင်လာနိုင်မည့်အခြေအနေ နည်း ပါးလာခြင်းကြောင့် ကော်မတီမှ အောအင်ကလုဆစ်ဖြစ်သည်ဟုပြော ဆိုနေသည့်အပေါ်အမည်ခံ inclusive သာဖြစ်သည်ဟု မိမိတို့ယူဆ ခြင်းကြောင့် ပြည်ခိုင်ဖြိုးပါတီ၏ သဘောထားအပါအဝင် မိမိတို့ဆန္ဒ ဖြင့် နုတ်ထွက်ခဲ့သည်ဟု ဦးစိုင်း ကျော်မိုးက မေးမြန်းမှုအား ရှင်း လင်းခဲ့သည်။