images
UN
UN
ကိုယ်ကျန်းမာခြင်း
အောင်ကြည်ညွန့်(တက္ကသိုလ်) Wednesday, 18 December 2019
လူကြီးသူမ ဆရာသမား၊ ဘိုးဘွား မိဘတို့ကို ကန်တော့ပြီဆိုလျှင် ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေဟု ဆုပေးတတ်ကြပါ သည်။
မြတ်စွာဘုရားက ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု ဟောကြားတော်မူခဲ့ပါ သည်။
'ကိုယ်ကျန်းမာခြင်း' ဟူသည်မှာ ဆံပင်ဖျားမှ ခြေထောက်ဖျားအထိ ရုပ် ကိုယ်ကြီး၏ အနာမရှိခြင်း၊ ရောဂါမရှိ ခြင်း၊ အလုပ်လုပ်နိုင်ခြင်းကို ဆိုလိုပေ သည်။
ဓား၊လှံစသည်ဖြင့်ထိခိုက်မိခြင်းကြောင့် လည်းကောင်း၊ သွေးသားအလျောက် ပေါ်ပေါက်လာသောကြောင့်လည်းကောင်း၊ ကိုယ်ရုပ်ကြီး၌ အနာအဆာများရှိလျှင် ကျန်းမာသည်ဟု မဆိုနိုင်ပေ။ အနာအဆာ မရှိမှ ကျန်းမာသည်ဟု ဆိုရပေမည်။
ရုပ်ခန္ဓာကိုယ်ကြီးသည် သင့်လျော် မျှတရုံသောဒဏ်များကို မခံနိုင်ဘဲ လုပ် လိုသောအလုပ်ကို မပြုလုပ်နိုင်ပြန်လျှင် လည်း ကျန်းမာသည်ဟု မဆိုနိုင်ချေ။ သင့်လျော်၊မျှတရုံသောဒဏ်ကို ခံနိုင်ပြီး လုပ်လိုသောအလုပ်ကို လုပ်နိုင်မှသာ ကျန်းမာသည်ဟု ဆိုရပေမည်။ မှန်သည်။ ဤရုပ်ကိုယ်ကောင်ကြီးသည် သင့်လျော် ရုံမျှဖြစ်သော-
- အအိပ်ပျက်ဒဏ်
- အပူအအေးဥတုဒဏ်
- ဆာလောင်မှုဒဏ်
- ပင်ပန်းမှုဒဏ်များကို မခံနိုင်ဘဲ လုပ်လိုသောအလုပ်ကို မလုပ်နိုင်ဖြစ် တတ်သည်။
အိပ်ချိန်မအိပ်လျှင်သော်လည်းကောင်း၊ အိပ်ရာမှထချိန်မဟုတ်ဘဲ ထရလျှင်သော် လည်းကောင်း၊ အိပ်နေကျအတိုင်းအတာ ပြည့်မီအောင် မအိပ်ရလျှင်သော်လည်း ကောင်း ရုပ်ကိုယ်သည် တသမ်းသမ်း တဝေဝေဖြစ်နေတတ်သည်။ ထိုင်းမှိုင်း လေးလံနေတတ်သည်။ လုပ်လိုသည့် အလုပ်ကို မလုပ်နိုင်မကိုင်နိုင် ဖြစ်နေ တတ်သည်။ ယင်းသို့ အအိပ်ပျက်ဒဏ် မခံနိုင်လျှင်လည်း ကျန်းမာသည်ဟု မဆို နိုင်ချေ။ အအိပ်ပျက်ဒဏ် သင့်တင့်မျှတရုံ ကိုတော့ ခံနိုင်၍ လုပ်လိုသောအလုပ်ကို လုပ်နိုင်မှသာ ကျန်းမာသည်ဟု ဆိုရပေ မည်။
အပူအအေးဟူသောဥတုဒဏ်ကိုလည်း သင့်လျော်မျှတရုံကိုတော့ ခံနိုင်ရမည်ဖြစ် သည်။ ပူလျှင်လည်း နည်းနည်းမှမခံနိုင်၊ အေးလျှင်လည်း နည်းနည်းမှမခံနိုင်၊ လုပ်လိုသောအလုပ်ကို မလုပ်နိုင်ဖြစ်နေ ပြန်လျှင်လည်း ရုပ်ကိုယ်ကျန်းမာသည် ဟု မဆိုထိုက်။ သင့်လျော်ရုံအပူအအေး ဥတုဒဏ်ခံနိုင်ကာ လုပ်လိုသောအလုပ်ကို လုပ်နိုင်မှသာလျှင် ကျန်းမာသည်ဟု ဆိုသင့်၏။


စားသောက်နေကျအချိန်ကျ၍ မစား မသောက်ရလျှင်သော်လည်းကောင်း၊ စားသောက်နေကျအတိုင်းအတာနှင့်အစား အသောက်များကို မစားရလျှင်သော် လည်းကောင်း၊ အဆာမခံနိုင်ဘဲ လုပ်ကိုင် လိုသည့်အလုပ်ကို မလုပ်နိုင်၊ မကိုင်နိုင် ဖြစ်နေပြန်လျှင် ရုပ်ကိုယ် ကျန်းမာသည် ဟု မဆိုနိုင်။ သင့်လျော်မျှတရုံ အဆာဒဏ် ကိုခံနိုင်မှသာလျှင် ရုပ်ကိုယ်ကျန်းမာခြင်း ဖြစ်ပေသည်။
နည်းနည်းကလေးလမ်းသွားရလျှင် လည်းကောင်း၊ ထိုင်ရရပ်ရလျှင်လည်း ကောင်း မခံနိုင်ဘဲ လုပ်လိုသည့်အလုပ် ကို မလုပ်နိုင်ဖြစ်ကာ သင့်လျော်မျှတ ရုံ အပင်ပန်းဒဏ်ကို မခံနိုင်သောသူမှာ ကိုယ် ကျန်းမာခြင်းမရှိချေ။ သင့်လျော် မျှတရုံသွားနိုင်၊ ထိုင်နိုင်၊ ရပ်နိုင်ခြင်းဟူ သော အပင်ပန်းဒဏ်လောက်ကိုတော့ ခံနိုင်ပြီး လုပ်လိုကိုင်လိုသောအလုပ်ကို လုပ်နိုင်မှသာလျှင် ကိုယ်ကျန်းမာမှုရှိ သည်ဟု ဆိုထိုက်ပေသည်။
စာရေးဆရာကြီးရွှေဥဒေါင်းက သူ၏ တစ်သက်တာမှတ်တမ်းတွင် အိပ်ရာမှထ လျှင် မိုးကိုဒူးနှင့်တိုက်ချင်လောက်အောင် တက်ြ<ွကလန်းဆန်းနေမှ ကျန်းမာသည် ဟု ရေးသားထားသည်ကို မှတ်သားဖူးပါ သည်။ ဆရာကြီးက စာဖတ်သူတို့ သိ လွယ်မြင်လွယ်စေရန်ဝင်္ကဝုတ္တိအင်္လကာနှင့် စာဂုဏ်မြောက်စေရန်ရေးသားထားခြင်း ဖြစ်ပါသည်။ အမှန်ဆိုလိုသည်မှာ အိပ်ရာ ထခါစကပင် တက်ြ<ွကလန်းဆန်းနေရ မည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤမျှ လောက် မလိုအပ်ပါ။
လူသားများအတွက် အနာရောဂါ ကင်း၍သင့်လျော်မျှတသည့် ''အအိပ် ပျက်ဒဏ်၊ ဥတုဒဏ်၊ ဆာလောင်မှုဒဏ်၊ ပင်ပန်းမှုဒဏ်''ကလေးများကိုတော့ ခံနိုင် မှသာကိုယ်ကျန်းမာသည်ဟု သတ်မှတ် နိုင်ပါသည်။
ထို့ကြောင့် ကိုယ်ကျန်းမာမှုသတ်မှတ် ချက်ကလေးများကို အရဆောင်နိုင်ကြစေ ရန်အတွက် ခန္ဓာကိုယ်ရုပ်ကောင်ကြီး၌
၁။ အနာမရှိခြင်း
၂။ ရောဂါဝေဒနာမရှိခြင်း
၃။ မျှတရုံဒဏ်ခံနိုင်ကာ အလုပ် လုပ်နိုင်ခြင်း
ဟူသော အချက်များပါဝင်အောင် ခြုံငုံ၍ ဆောင်ပုဒ်ကလေးတစ်ခုကို ဆရာကြီး ဦးစာကျော်က ရေးထားပါသည်။
ကိုယ်ကျန်းမာမှုပြလင်္ကာ
အနာရောဂါ ကင်းစင်ကွာလျက်
အိပ်ရေးပျက်ဒဏ် ဥတုဒဏ်နှင့်
ဆာဒဏ်ပန်းဒဏ် လျော်စွာခံမှ
ကိုယ်ကာယ မှတ်ကြကျန်းမာသည်။
ဆရာကြီးဦးစာကျော်သည် အထက် ပါ ကိုယ်ကျန်းမာခြင်းကို သတ်မှတ်ပြဆို သည့်လင်္ကာကလေးကို ရွတ်ပြပြီးနောက် ''ကိုယ်ကျန်းမာရေး''ကိုရရှိစေရန် မြတ် စွာဘုရားဟောတော်မူသည့်အင်္ဂုတ္ထိုရ်ပါဠိ တော် ဒုတိယတွဲစာမျက်နှာ(၁၂၈)လာ၊ ကျန်းမာခြင်း၊ အသက်ရှည်ခြင်း၊ နည်းပြ တရားတော်၏အချုပ်၊ မြန်မာပြန်လင်္ကာ ကို ဆက်လက်ရွတ်ပြပါသည်။
ကိုယ်ကျန်းမာရေးနည်းပြလင်္ကာ
လျော်စွာပြုကျင့်
လျော်သင့်သိစေ
ကြေလွယ်စားသောက်
စောင့်ရှောက်သီလ
ကောင်းလှမိတ်ဆွေ
ဤငါးထွေ
သက်ရှည်ကျန်းမာကြောင်း။
(၁) မိမိနှင့်သင့်လျော်လျောက်ပတ် သည်ကို ကျင့်သုံးခြင်း၊
(၂) မိမိနှင့်သင့်လျော်လျောက်ပတ် သည်ကို သိခြင်း၊
(၃) ကြေလွယ်၊ ကျက်လွယ်သော အာဟာရ အစားအသောက်ကို မှီဝဲခြင်း၊
(၄) သီလတရားကို စောင့်ရှောက် ကျင့်သုံးခြင်း၊
(၅) မိတ်ကောင်း ဆွေကောင်းရှိခြင်း
ဟူ သော အချက်အလက်ငါးမျိုးနှင့်ပြည့်စုံ လျှင် အမှန်မုချပင် ကျန်းမာရေးကို ရရှိ နိုင်မည်ဖြစ်ပေသည်။
အထက်ကပြဆိုခဲ့သော ''ကိုယ်ကျန်း မာရေး၊ နည်းပြလင်္ကာ''သည် မြတ်စွာ ဘုရားရှင်ဟောကြားတော်မူခဲ့သောကျန်းမာ ခြင်းဆိုင်ရာ၊ အသက်ရှည်ခြင်းဆိုင်ရာ နည်းပြတရားတော်၏ အနှစ်ချုပ်ဖြစ်ပါ သည်။ ဤတရားအနှစ်ချုပ်ကို လေ့လာ ဆည်းပူး၍ ကျင့်၊ ကြံ၊ ကြိုး၊ကုတ် အား ထုတ်နိုင်ကြပါလျှင်အနာရောဂါများကင်း ရှင်း၍ကိုယ်၏ကျန်းမာခြင်းကို ရရှိနိုင်ပါ ကြောင်း ရေးသားတင်ပြလိုက်ပါသည်။