images
UN
UN
အင်းစိန်တွင်WY ဆေးပြားများ ဖမ်းဆီးရမိ
ရွှေမြင့်ဦး(ရွှေပြည်သာ) Sunday, 22 December 2019

အင်းစိန်မြို့နယ်အတွင်းရှိ ဟို တယ်တစ်ခု၌WYစိတ်ကြွဆေးပြား ၁၉၅ဝဝနှင့်အတူလာရောက်တည်း ခိုသူတောင်ကြီးမြို့မှအမျိုးသားတစ် ဦးအားဖမ်းဆီးရမိခဲ့ကြောင်းပြည်ထဲ ရေးဝန်ကြီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသ ကြီး အင်းစိန်မြို့မရဲစခန်းမှ နယ် ထိန်းအရာရှိ ရဲအုပ်ဇာမဲဖုန်ရမ်နှင့် အမှတ်(၄၁)မူးယစ်တပ်ဖွဲ့စုမှရဲတပ် ကြပ်ကြီးစန်းသိန်းဦးနှင့် တပ်ဖွဲ့ဝင် များသည် သက်သေများနှင့် အတူ မူးယစ်ဆေးဝါးသတင်းအရ ယမန် နေ့ ညနေ ၄နာရီကအင်းစိန်မြို့ နယ်ရွာမအရှေ့ရပ်ကွက် ဂျပန်လမ်း ရှိမြို့တော်ဂေါက်ကွင်း ဟိုတယ် တစ်ခု ၏ မြေညီထပ်အခန်းအမှတ် ၁၂၄တွင် တည်းခိုနေထိုင်သူ ဇင် မောင်ဝင်း၏အခန်းအား ဝင်ရောက် ရှာဖွေရာ အဖြူရောင်မှိုင်းခံစက္ကူ ဖြင့်ထုပ်လျက်အပြာရောင်ပလတ် စတစ်ကပ်ခွာအိတ်တစ်အိတ်လျှင် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရ သောWYစာတန်းပါပန်းရောင်ဆေး ပြား၁၉၅ပြားစီပါ ၁ဝထုပ်စည်းငါး တောင့်ပါနှစ်ထုပ် စုစုပေါင်းအပြာ ရောင်ပလတ်စတစ်ကပ်ခွာအိတ် ထုပ် ၁ဝဝ စုစုပေါင်း ဆေးပြား ၁၉၅ဝဝ အလေးချိန်(၁ ဒသမ ၉၅)ကီလို ဂရမ်နှင့် ခေါက်ပိုက်ဆံ အိတ်အတွင်းမှဇင်မောင်ဝင်းအမည် ပါ မှတ်ပုံတင်တစ်ခု၊ ယာဉ်မောင်း လိုင်စင်တစ်ခု၊ဆင်းမ်ကတ်ပါဆမ်မ် ဆောင်းအနက်ရောင်လက်ကိုင်ဖုန်း တစ်လုံး၊ တောင်ကြီးမြို့မှ ရန်ကုန် သို့မောင်းနှင်လာသည့်8B/------(SHN) လိုက်ထရပ်အဖြူရောင် ယာဉ်တစ်စီးတို့အား တွေ့ရှိရပြီး သက်သေများရှေ့တွင် သိမ်းဆည်း ခဲ့ကြသည်။
ဆက်လက်စစ်မေးခဲ့ရာ ၄င်း နှင့်အတူ မူးယစ်ဆေးဝါးများ ပူး ပေါင်းရောင်းဝယ်သည့် (အင်း စိန် မြို့နယ် ဖော့ကန်ရပ်ကွက် (၂၂) စိုက်ပျိုးရေးလမ်းနေသူ)သူရအောင် က အဆိုပါဟိုတယ်သို့လာရောက် မည်ဖြစ်ကြောင်းပြော၍ တာဝန်ရှိ သူများစောင့်ဆိုင်းနေစဉ် ညနေ ၅ နာရီခန့်၌ သူရအောင်သည် 1G/----(MDY)ဟွန်ဒါဖစ်ခဲရောင်ယာဉ် ဖြင့်ရောက်ရှိလာပြီး ၄င်းအားဆက် လက်ရှာဖွေခဲ့ရာလွယ်အိတ်အတွင်း မှဆင်းမ်ကတ်ပါ VIVO ရွှေရောင် လက်ကိုင်ဖုန်းတစ်လုံးနှင့် ၄င်း အမည်ပါယာဉ်မောင်းလိုင်စင်တစ်ခု တို့အား သက်သေများရှေ့တွင်ရှာ ဖွေသိမ်းဆည်းခဲ့ကြသည်။
မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသည့် ဇင်မောင် ဝင်း(၃၆နှစ်)နှင့် ပူးပေါင်းရောင်း ဝယ်သူ သူရအောင်(၃ဝနှစ်)တို့ နှစ်ဦးအား အင်းစိန်မြို့မရဲစခန်းမှ မယ(ပ) ၂ဝ၉/၂ဝ၁၉၊ မူး/စိတ် ပုဒ်မ ၂ဝ(က) ၂၁ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။