images
UN
UN
မော်ကျွန်း ၁၂လမ်းမှ ကျူးကျော်ဆိုင်များဖျက်သိမ်းပေးပါ
Saturday, 28 December 2019
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့ အစိုးရရုံးပေါင်းစုံနှင့် လွတ်လပ်ရေးပန်းခြံနှင့်ကပ်လျက်ရှိသော မြို့မ (၄)ရပ်ကွက် အပိုင်ဘုရင့်နောင် ၁၂လမ်း လူနေအိမ်များ၏ လမ်း တစ်ဖက်ခြမ်း ရှေ့မျက်နှာစာ စည်ပင်သာယာမြေပေါ်တွင်စားသောက် ဆိုင်နှင့်ဈေးဆိုင်များ ကျူးကျော်ဆောက်လုပ်နေခြင်းကြောင့် ပန်းခြံ အလှပျက်စီးနိုင်ခြင်း၊ စားသောက်ဆိုင်မှ အနံ့အသက်ဆိုးများ၊ ညှော် နံ့များထွက်ပေါ်လာနိုင်ခြင်းတို့အပြင်လူနေအိမ်များနှင့် ရုံးပေါင်းစုံ တို့တွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာနိုင်ခြင်း၊ ကျန်းမာရေးထိခိုက် လာနိုင်ခြင်းတို့ကြောင့်ဆောက်လုပ်ဆဲနှင့် ဆောက်လုပ်ပြီး ဆိုင်ခန်း များသည် အမြင်မတော်မှုများရှိနေပါ၍ အမြန်ဆုံးဖျက်သိမ်းပေးပါရန် ၁၂လမ်း လမ်းသူလမ်းသားများက တင်ပြလိုက်ရပါသည်။
၁၂လမ်း၊ လမ်းသူလမ်းသားများ