images
UN
UN
ပေါင်မြို့နယ်တွင်မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
နိုင်နိုင်(မွန်) Tuesday, 31 December 2019
မွန်ပြည်နယ် သထုံခရိုင် မှုခင်းနှိမ်နင်းရေးဌာနမှ ဒုရဲအုပ်တင်ကို ထွန်းနှင့်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ည ၇နာရီခွဲက မူးယစ်ဆေးဝါး သတင်းအရ ပေါင်မြို့နယ် နတ်ကြီးချောင်ကျေးရွာ နတ်ကြီးချောင်-အုန်းတစ်ပင်သွားကားလမ်းဘေးရှိ ဓမ္မသစ္စာဘုန်းကြီးကျောင်းရှေ့၌ သက်သေများနှင့်အတူ စောင့်ဆိုင်းနေစဉ် အုန်းတစ်ပင်ကျေးရွာဘက်မှ နတ်ကြီးချောင်ကျေးရွာဘက်သို့ လမ်းလျှောက်လာသူ ပေါင်မြို့ ကဒါ ရပ်ကွက် ဝါးကျောင်းလမ်းနေ ဝေယံ(ခ)ဝေယံလင်းထက် (၂၃နှစ်) အား စစ်ဆေးရှာဖွေခဲ့ရာ ၄င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ အပြာရောင်ကပ်ခွာအိတ်ဖြင့်ထည့်ထားသည့် WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁ဝဝ၊အစိမ်းရာင်နှစ်ပြား၊ စုစုပေါင်းဆေးပြား ၁ဝ၂ပြား၊ အလေးချိန်၁ဝဒသမ ၂ ဂရမ်ခန့်မှန်းကာလတန်ဖိုး ငွေကျပ် ၅၁ဝဝဝဝ၊ အဖြူရောင်ကပ်ခွာအိတ်အတွင်းမှICEဟုယူဆရသော မူးယစ်ဆေးဝါးပုံဆောင်ခဲတစ်ထုပ်၊ အလေးချိန်သုည ဒသမ၉ ဂရမ်၊ Huawei အဖြူရောင်လက်ကိုင် ဖုန်းတစ်လုံးတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ မုတ္တမနယ်မြေရဲ စခန်းမှ ဝေယံအပေါ်မယ(ပ)၁၂/၂ဝ၁၉၊ မူးယစ်/စိတ်ပြောင်း ဥပဒေ ပုဒ်မ၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။