images
UN
UN
အားကျအတုယူစေချင်လွန်းလို့
အောင်ကြည်ညွန့်(တက္ကသိုလ်) Saturday, 04 January 2020


''ဒုက္ခမျိုးစုံ ခုန်ကျော်လွှားပြီး မသန် သော်လည်း စွမ်းဆောင်သွားသည့် လူပင် သေငြား နာမည်ထားခဲ့ မမြင်မကြား ဟယ်လင်ကဲလား''
ဟယ်လင်ကဲလားရဲ့စာဖတ်ခြင်းနဲ့စပ် လျဉ်းတဲ့ပြောစကားကို တစ်သက်တာ ထာဝရ ရင်ထဲမှာသိမ်းထားမိပါသည်။ မိမိသိသော၊ ဖတ်မှတ်ထားသောစကား များကို စာရှုသူအပေါင်းသို့ မျှဝေလိုပါ သည်။
ဟယ်လင်ကဲလားက -
'' စာအုပ်တွေဟာ ကျွန်မ မမြင်ရ တာတွေနဲ့ပတ်သက်ပြီး သိပ်စိတ်ဝင်စား စရာကောင်းတာတွေ အများကြီးပြောပြ တယ်။ သူတို့ဟာ လူတွေလို မမောမပန်း ကြဘူး။ ဒုက္ခတွေလည်း မပေးကြဘူး။ သူတို့ဟာ ကျွန်မသိချင်တာတွေကိုသာ ထပ်တလဲလဲပြောပြနေတော့တာပဲ''
ဟယ်လင်၏စကားများကို စာရှုသူ များ စေ့စေ့တွေးလျှင် ရေးရေးပေါ်လာပါ လိမ့်မည်။ စာအုပ်များသည် လူသားတွေ အဖို့ မည်၍မည်မျှတန်ဖိုးရှိသည်ကိုတွေ့ နိုင်ပါသည်။ အချိန်မရွေးဖွင့်၍ ဖတ်နိုင် သည့် ထာဝရမိတ်စစ်၊မိတ်ဆွေမှန်ဖြစ်ပါ သည်။
ဟယ်လင်ကဲလား၏ ဘဝဇာတ် ကြောင်းသည် အခြေခံပညာအထက် တန်း(တက္ကသိုလ်ဝင်တန်း)တွင် ပြဋ္ဌာန်း ထားသောစာအုပ်၌ တစ်ခုအပါအဝင် ဖြစ်သော သင်ခန်းစာတစ်ပုဒ်ဖြစ်ပါ သည်။
ပညာရေးစုံညီပွဲတစ်ခုတွင် ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာပါမောက္ခ၊ ဌာန မှူး ဆရာကြီး ဦးဟန်တင်ကို ဟယ်လင် ကဲလားအကြောင်း ကျောင်းသင်ခန်းစာ ပြဋ္ဌာန်းစာအုပ်တွင် ထည့်သွင်းထားရ ခြင်းအကြောင်းကို တွေ့ဆုံမေးမြန်းစုံစမ်း ခြင်း (ှုညအနမလငနတ) တစ်ခုလုပ်ဖူးပါသည်။
ဆရာကြီးက(၁ဝ)တန်း၊ တက္ကသိုလ် ဝင်တန်းကျောင်းသား ခုနစ်သိန်းလောက် ရှိတယ်။ အသက် ၁၅ နှစ်၊ ၁၆နှစ် အရွယ်လူငယ်မောင်မယ်တွေ သူတို့ကို ဘဝဆုံးပြီလို့ တွက်ထားတဲ့ဆွံ့အနား မကြားသူ ဆယ်ကျော်သက်အရွယ်လူမ မည် သူငယ်မလေးရဲ့ ဘဝကိုကြံ့ကြံ့ခံ ပြီး၊ အောင်မြင်အောင်စွမ်းဆောင်သွား တာကို အတုယူစေချင်တာက ပထမ၊ နောက် အင်္ဂလိပ်စာအရေးအသား၊ အတွေးအခေါ်၊ အယူအဆက ဒုတိယ ဒီ ၾန််ေါန ကို ပေးချင်တာ၊ အားကျစေ ချင်လွန်းလို့ပါ''ဟု ဖြေကြားခဲ့သည်ကို မှတ်တမ်းပြုထားခဲ့ပါသည်။


ဟယ်လင်ကဲလားသည် အသက် တစ်နှစ်ခွဲကျော်ကျော်တွင် မမျှော်လင့် သော ဖျားနာမှုတစ်ခုကြောင့် အမြင်အာ ရုံနှင့် အကြားအာရုံချို့တဲ့သွားခဲ့သော် လည်း ဘဝကိုအရှုံးမပေးဘဲ ဒုက္ခမျိုးစုံ ကို သံမဏိစိတ်ဓာတ်ဖြင့် ရင်ဆိုင်ကျော် လွှားကာ ကမ္ဘာကျော်စွမ်းဆောင်ရှင်ဖြစ်ခဲ့ သည်။ အသက် ၁၁နှစ်အရွယ်တွင် မျက်မမြင်သုံးစာအကူအညီဖြင့် စာရေး စာဖတ်အလုပ်ကိုလုပ်နိုင်ခဲ့သည်။
မျက်မမြင်သုံးစာဖြင့် စာရေးတတ် ခါစတွင်ပင်လျှင် သူသည် ပုံပြင်များ၊ ဇာတ်လမ်းများ စမ်းသပ်ရေးသားခဲ့ သည်။ ၁၉ဝ၁ ခုနှစ်မှ ၁၉ဝ၃ ခုနှစ် အတွင်းတက္ကသိုလ်တက်ရင်း ကျွန်မ ဇာတ်ကြောင်း ကိုယ်ရေးအတ္ထုပ္ပတ္တိ ကို လစဉ် အခန်းဆက်ရေးသားခဲ့သည်။ ထိုဆောင်းပါးများကို စုစည်းပြီး စာအုပ် ထုတ်ဝေခဲ့သည်။
ကျွန်မဘဝဇာတ်ကြောင်း(The Story of Mylife) စာအုပ်ကို ၁၉ဝ၃ ခု နှစ်တွင် ထုတ်ဝေဖြန့်ချိခဲ့သည်။ သူ၏စာ အုပ်သည် ထိုခေတ်အခါကပင် ဂန္ထဝင် စာအုပ်အဖြစ်ထင်ပေါ်ကျော်ကြားခဲ့သည်။
၁၉ဝ၄ ခုနှစ် အသက်၂၄နှစ်အရွယ် တွင် ရက်(ဒ်)ကလစ်ကောလိပ်မှဝိဇ္ဇာဘွဲ့ ရသည်။ ဘွဲ့ရပြီးနောက် စာအုပ် ၁၁အုပ် ရေးသားခဲ့ရာတွင်လည်း စာအုပ်အားလုံး ကမ္ဘာကျော်ခဲ့သည်။
ဘွဲ့ရပြီးနောက် တက္ကသိုလ်၊ ကော လိပ်များစွာ၌သွားရောက်၍စာပေပညာများ၊ သင်ကြားပို့ချပေးခဲ့သည်။ ဟယ်လင်ကဲ လားကို မျက်မမြင်ဒုက္ခိတဟူ၍အထင် သေး အမြင်သေးမဖြစ်စေလိုပါ။ ဟယ် လင်သည် သီချင်းဆိုတတ်သည်။ စန္ဒရား တီးတတ်သည်။ ရေကူးတတ်သည်။ မြင်းစီးတတ်သည်။ သစ်ပင်တက်တတ် သည်။ လှေလှော်ကျွမ်းကျင်သည်။ နားမကြားသော်လည်း တေးဂီတကို မြတ်မြတ်နိုးနိုးနားဆင်တတ်သည်။ အင်္ဂ လိပ်စာပေသာမက လက်တင်ဘာသာစာ ပေ၊ ပြင်သစ်ဘာသာစာပေ၊ ဂျာမန်ဘာ သာစာပေတို့ပါ ကျွမ်းကျင်နှံ့စပ်သည်။
သူမအသက် ၇၅ နှစ်အရွယ်တွင် နောက်ဆုံးရေးခဲ့သော စာအုပ်အမည်မှာ သူ၏ငယ်ဆရာမအန်နီဆာလီဗန် အကြောင်းရေးသားထားသည့်Redcliffe College အမည်ရစာအုပ်ဖြစ်သည်။
သူ၏ငယ်ဆရာမနှင့်အတူ ကမ္ဘာ လှည့်၍ ဘဝတူမသန်စွမ်းသူများအား ''မသန်သော်လည်း စွမ်းရမည်''ဟူ သော သံမဏိစိတ်ဓာတ်မွေးမြူနိုင်ရန် လှုံ့ဆော်ဟောပြောခဲ့သည်။
အသက် ၃ဝအရွယ်မှစ၍ ဆရာမနှင့် အတူ ကမ္ဘာလှည့်ကာ ကမ္ဘာကျော်သိပ္ပံ ပညာရှင် ''ဂရေဟမ်ဘဲ''၊ ''အိုင်း စတိုင်း''၊ စာပေပညာရှင်များဖြစ်သော မတ်တွိန်း၊ ဂျွန်ဂရင်းလိ(ဖ်)ရှစ်တာ၊ အော်လီဗာဝင်ဒယ်ဟုန်း တို့နှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။ အမေရိကန်ပြည်ထောင် စုသမ္မတ ရောဘတ်ကနေဒီလို ပုဂ္ဂိုလ်မျိုး နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဘဝတူမျက်မမြင်များအတွက် ရန်ပုံ ငွေများရှာဖွေထူထောင်ပေးခဲ့သည်။ နိုင်ငံ တကာသို့လှည့်လည်ရင်း မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံဘာသာပြန် စာပေအသင်း စာပေဗိမာန်အဖွဲ့တွင် လာရောက်ဟောပြောခဲ့သည်။ ထိုစဉ်က စာပေဗိမာန်အဖွဲ့က''ဟယ်လင်ကဲလား'' ကိုဂုဏ်ပြုပြီး အမှတ်တရစာအုပ်ထုတ် ဝေခဲ့ဖူးပါသည်။ မှတ်မှတ်ရရထိုနေ့မှာ ၁၉၅၅ ခုနှစ် မေလ ၁၄ရက်နေ့ဖြစ်သည်။ ထိုစဉ်က ဟယ်လင်၏အသက် ၇၅နှစ် ရှိပါပြီ။ သူသည် ၁၉၆၈ခုနှစ် ဇွန်လ ၁ရက် အသက် ၈၈နှစ်အရွယ်တွင် ကွယ်လွန်ပါသည်။
ဟယ်လင်ကဲလားကို ၁၈၈ဝပြည့်နှစ် ဇွန်လ ၂၇ရက်နေ့တွင် အမေရိကန်ပြည် ထောင်စုအလာဘားမားပြည်နယ် တပ် ကမ်ဘီယာ တောမြို့လေးတွင် ကပ္ပတိန် အာသာကဲလားနှင့် မိခင်ကိတ်ကဲလားတို့ ကမွေးဖွားခဲ့သည်။
၁၈၈၂ခုနှစ် ဖေဖော်ဝါရီလတွင် ထူး ဆန်းသောအဖျားရောဂါကြောင့် မျက် မမြင်၊ နားမကြားဖြစ်ခဲ့ရသည်။
အသက်ခြောက်နှစ်အရွယ် ဘော် စတွန်ရှိ 'ပါကင်'မျက်မမြင်ကျောင်းတွင် စတင်ပညာသင်ကြားသည်။ လက်ဦး ဆရာမ အန်နီဆာလီဗန်၏အကူအညီဖြင့် သူ၏ဘဝများစွာပြောင်းလဲခဲ့သည်။ သူ၏ ဆရာမသည် ဟယ်လင်နှင့် သေတစ်ပန် သက်ဆုံး အတူနေထိုင်သွားခဲ့သည်။ ဟယ်လင်အတွက် သူ့ဘဝကို လုံးဝမြှုပ် နှံပေးခဲ့သူလည်းဖြစ်သည်။
ထူးခြားမှုမှာ ဟယ်လင်ကဲလားသည် အသက်၇၅နှစ်အရွယ်တွင် သူဝိဇ္ဇာဘွဲ့ ရခဲ့သော Redcliffe College မှ ဂုဏ် ထူးဆောင်ဒေါက်တာဘွဲ့L.L.D ရခဲ့ သည်။ သူမမှာ ပထမဦးဆုံးအမျိုးသမီး အဖြစ်ရခြင်းဖြစ်သည်။ မျက်မမြင်နား မကြားသူလည်းဖြစ်သည်။
ဟယ်လင်ကဲ့သို့ မျက်မမြင် နားမ ကြားသူက ထိုမျှလောက်စွမ်းဆောင်နိုင် လျှင် အကောင်းပကတိ၊ ဥာဏ်ရည်ပြည့် မျိုးဆက်သစ်လူငယ်မောင်မယ်များကပို၍ စွမ်းဆောင်နိုင်ရန် ကြိုးစားအားထုတ်သင့် ပါကြောင်း စေတနာကောင်းဖြင့် တင်ပြ လိုက်ပါသည်။