images
UN
UN
လွတ်လပ်ရေးဆုံးရှုံးမှု အနိဋ္ဌာရုံနှင့် လွတ်လပ်ရေးရရှိမှု၏ ဣဋ္ဌာရုံသရုပ်သကန်
မောင်ကျော်ဟိုး(မဟာဝိဇ္ဇာ) Sunday, 05 January 2020

လွတ်လပ်ရေးဆန္ဒမွန်
* မြန်မာ့လွတ်လပ်ရေး သမိုင်ြးေ<ွကးကို
သွေးနှင့်ပေးဆပ်
အတိတ်ဇာတ်ကြောင်း
ပုံပြင်ဟောင်းကား နှလုံးသားမှာ
ခါးသီးဆိုးညစ် ကျွန်အဖြစ်နာ
နွံနစ်ကြာဘဝ နိုးထရုန်းထွက်
အိပ်မက်ဆိုးများ ငရဲလားတည့်
မိမိလူမျိုး အညွန့်ကျိုးမခံ
ဇာတိမာန်သွေး လွတ်လပ်ရေးကို
တို့သွေးချင်းများ ပေါင်းစုအားနှင့်
သားကောင်းဇာနည် အောင်စစ်သည်တို့
တူညီမြဲမြဲ သန္နိဋ္ဌာန်ဖြင့်
မြန်မာပြည်ကြီး ကိုယ့်ထီးကိုယ်နန်း
ကိုယ့်ကြငှန်းနှင့်
ကိုယ့်လမ်းကိုယ်လျှောက်
ခရီးပေါက်ဖို့ သွေးသောက်များစွာ
မြန်မာ့မြန်မာများ တို့ဘိုးဘွားအမွေ
ပေးခဲ့လေသည့် ရွှေလွတ်လပ်ရေး
အသက်သွေးကို လေးစားဂုဏ်ပြု
* ''ပြည်ထောင်စုမြန်မာပြည်
ကမ္ဘာတည်သရွေ့
အရှည်တည်တံ့ပါစေသတည်း''
* ''လွတ်လပ်သောမြန်မာပြည်
ကမ္ဘာတည်သရွေ့
အရှည်တည်တံ့ပါစေသတည်း''
* ''စည်းလုံးသောမြန်မာပြည်
ကမ္ဘာတည်သရွေ့
အရှည်တည်တံ့ပါစေသတည်း''
* ''ငြိမ်းချမ်းသောမြန်မာပြည်
ကမ္ဘာတည်သရွေ့
အရှည်တည်တံ့ပါစေသတည်း''
ဟင်္သာတမြင့်ငွေ
၂ဝ၂ဝပြည့်နှစ် ဇန်နဝါရီလ ၄ရက် သည် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါသည်။ လွတ်လပ်ရေးဆုံးရှုံးမှု၏ အနိဋ္ဌာရုံ၊ ၁၈၂၄ခုနှစ်တွင် အင်္ဂလိပ်-မြန်မာပထမစစ်ပွဲဖြစ်ခဲ့သည်။ အင်္ဂလိပ် နယ်ချဲ့တို့၏ အဓမ္မကျူးကျော်စစ်ပင်ဖြစ် သည်။ မြန်မာတိုင်းရင်းသားများက ခုခံ တိုက်ခိုက်ရာ၌ ပြောင်မြောက်ခဲ့သည်။ ယင်းစစ်ပွဲအပြီး နယ်ချဲ့တို့၏ စီမံကိန်း အတိုင်း ရခိုင်နှင့် တနင်္သာရီဒေသတို့ကို သိမ်းယူသွားခဲ့ကြသည်။
၁၈၅၂ခုနှစ်တွင် အလားတူအင်္ဂလိပ် တို့၏ နယ်ချဲ့ကျူးကျော်စစ်ကို မြန်မာ တို့ ခုခံတိုက်ခိုက်ရပြန်သည်။ ယင်း ဒုတိယစစ်ပွဲအပြီး အောက်မြန်မာနိုင်ငံကို နယ်ချဲ့ကသိမ်းယူသွားခဲ့သည်။
၁၈၈၅ခုနှစ်တွင်ကား နယ်ချဲ့တို့၏ ပြည်သိမ်းကျူးကျော်စစ်ကို တိုင်းရင်း သားစုံ၊ ဒေသစုံ၊ တောင်ပေါ်မြေပြန့်စုံ၌ ခုခံတိုက်ခိုက်ခဲ့ကြရသည်။ ထိုစစ်ပွဲသည် လည်း နယ်ချဲ့စီမံကိန်းကို အင်္ဂလိပ်တို့ အင်အားသုံးကာ ရန်စကျူးကျော်ခြင်းပင် ဖြစ်သည်။ စစ်ပွဲသုံးကြိမ်စလုံး၌ မြန်မာ တိုင်းရင်းသားခေါင်းဆောင်များ၏ သူ့ ကျွန်မခံ တွန်းလှန်ခုခံသော သမိုင်းကို နယ်ချဲ့တို့ကပင် ဂုဏ်တင်ချီးကျူးရေး သားဝန်ခံခဲ့ရသည်။



ချင်းတောင်တန်း၊ ကချင်တောင် တန်း၊ ရှမ်းကုန်းမြေမြင့်မှ ရှမ်း၊ ကယား၊ ''ဝ''စသည့်တိုင်းရင်းသားမျိုးချစ်များ၊ ရခိုင်၊ ကရင်၊ မွန်မျိုးချစ်များ၊ မြေပြန့် တစ်ခွင်မှ ဗမာမျိုးချစ်များသည် မည် သူ့ကို မည်သူကမျှမစည်းရုံး၊ မညွှန် ကြား၊ မတိုက်တွန်း၊ မဆက်သွယ်ရဘဲပင် ကို သူ့ကျွန်မခံစိတ်၊ နယ်ချဲ့ဆန့်ကျင်စိတ် ကိုယ်စီ(ဘဝပေး ပင်ကိုအသိစိတ်ဓာတ် ကိုယ်စီ)ဖြင့် တွန်းလှန်တိုက်ခိုက်ခဲ့ကြ သည်မှာ မြန်မာတို့၏ ဝိသေသလက္ခဏာ တစ်ရပ် ဖြစ်ပါသည်။
အရေးကြီးလျှင် သွေးနီးသည်။ သွေး နီးလျှင် သွေးစည်းသည်။ အရေးကြုံလျှင် သက်လုံကောင်းရမည်။ တိုင်းတစ်ပါး ကျူးကျော်မှုမှန်လျှင် တွန်းလှန်ရမည်ဟူ သောစိတ်ဓာတ်သည် အနေလှမ်းသော တောင်တန်း၊ မြေပြန့်မြန်မာအားလုံး၌ အလိုလို ရှိနေကြသည်။ ဤသည်မှာ မျိုးချစ်စိတ်၊ တိုင်းချစ်စိတ်၊ ဇာတိသွေး၊ ဇာတိမာန်ပင်ဖြစ်သည်။ မျိုးချစ်စိတ်ဓာတ် ဖြင့် အကောင်အထည်ပေါ်အောင် ကာယကံမြောက်နယ်ချဲ့ကိုတွန်းလှန် ခြင်းသည် အမျိုးသားရေးပင်ဖြစ်သည်။
လွတ်လပ်ရေးဆုံးရှုံးရခြင်းမှာ ထိုစဉ် က နယ်ချဲ့သမားတို့၏ ခေတ်မီလက်နက် များ၏ စွမ်းပကားကြောင့်လည်းဖြစ် သည်။ သတ္တိအင်အားအရာကား မြန်မာ တို့က ပိုမိုသည်။ နန်းတွင်မညီညွတ်မှုကို လည်း ချွတ်ယွင်းအားနည်းချက်တွင် ထည့်သွင်းဖော်ပြကြသည်။ နယ်ချဲ့တို့၏ စစ်အင်အားကိုလည်း ထည့်ထွက်ကြ သည်။ ထိုစဉ်ကပင် ပြည်ပအားကိုး ပုဆိန်ရိုးများရှိနေခဲ့ရာ ၄င်းတို့၏စနက်ကို လည်း ထည့်တွက်ရမည်ဖြစ်သည်။ သို့ ရာတွင် ထိုအနောက်နယ်ချဲ့မျှော်ဝါဒီများ ၏မှန်းချက်နှင့် နှမ်းထွက်လွဲခဲ့ကြသည်။
နန်းတွင်းမညီညွတ်ခြင်း၊ လက်နက် စွမ်းပကားအရာ၌ ခေတ်မမီခြင်းတို့သည် သာမန်အားဖြင့် သူ့ကျွန်ဘဝရောက်သည် အထိတွန်းပို့ခဲ့ခြင်းမဟုတ်။ ကမ္ဘာ့ အနောက်ခြမ်း(ဥရောပ)တွင် အရင်းရှင် များခေါင်းထောင်လာသည်။ စက်မှုကုန် ထုတ်လုပ်ငန်းများဖြစ်ထွန်းလာသည်။ ဘုရင်စနစ်၊ မြေရှင်စနစ်တို့ကိုထိုးဖောက် ပြီး ပါလီမန်ထူထောင်အုပ်စိုးနိုင်သော ဥရောပဘူဇွာတော်လှန်ရေး၌ ဘုရင်တို့ အလျှော့ပေးကာ အရင်းရှင်တို့အာဏာရခဲ့ သည်။ ထိုအာဏာကို ရွေးကောက်ပွဲဖြင့် ရ၍ ဒီမိုကရေစီအာဏာဟု ဆိုသည်။ အရင်းရှင်ပါလီမန်စနစ်ကို ပါလီမန်ဒီမိုက ရေစီစနစ်ဟုနာမည်လှလှပေးထားကြသည်။
သို့သော် ထိုပါလီမန်(ဒီမိုကရေစီ) ရွေးကောက်ပွဲများတွင် အရင်းရှင်တို့က ငွေကြေးဖြင့် အနိုင်ရခဲ့ကြသည်။ ဆင်းရဲ သားတို့မကပ်နိုင်သော ရွေးကောက်ပွဲများ ဖြစ်သည်။ အရင်းရှင်စက်မှုထွန်းကား လာသော ဥရောပမှ ဒါဇင်ဝက်ခန့်ရှိသည့် နိုင်ငံများသည် မိမိတို့စက်မှုကုန်ထုတ် လုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်းအတွက် လိုအပ်သော ကုန်ကြမ်းရရှိရေး၊ ကုန်ချော ဈေးကွက်ရရှိရေး၊ လောင်စာစွမ်းအင် ရရှိရေး၊ လုပ်အား(အလုပ်သမား)ရရှိရေး
အတွက် ရိုးရိုးသားသား မကြိုးစားဘဲ လက်နက်စွမ်းရည်ကိုမြှင့်၊ စစ်အင်အား ချဲ့ပြီး ကမ္ဘာတစ်ခွင် ပင်လယ်ဓားပြများ သဖွယ် နိုင်ငံများကိုကျူးကျော်ကျွန်ပြုပြီး အဆိုပါ လိုအပ်ချက်များရရှိအောင် ကိုလိုနီဓားပြတိုက်ယူခဲ့ကြသည်။ ကမ္ဘာ မြေပြင်၏ လေးပုံသုံးပုံမကသော နိုင်ငံ မြေများနှင့် ယင်းနိုင်ငံတို့မှ ဓနဥစ္စာများ ကို ဥရောပအရင်းရှင်နယ်ချဲ့နိုင်ငံ ဒါဇင် ဝက်ခန့်က ကျွန်ပြုလုယက်သွေးစုပ်ခဲ့ကြ သည်။
၁၈၈၅ခုနှစ် မြန်မာနိုင်ငံအင်္ဂလိပ်(ဗြိ တိသျှနယ်ချဲ့)တို့လက်အောက်မရောက်မီ ကပင် နယ်ချဲ့တို့သည် မြန်မာ့ထွက်ကုန်၊ ပတ္တမြားကျောက်သံ၊ စပါးကောက်နှံ၊ ကျွန်းသစ်၊ ရေနံအလားအလာများကို မျက်စိကျပြီး ဖြစ်သည်။ မြန်မာနိုင်ငံကို သိမ်းပိုက်မိသည်နှင့် ကမ္ဘာတွင်နာမည် ကျော်လှသော မြန်မာ့ကျွန်းသစ်များကို ဝါးမျိုရန်ဘုံဘေဘားမားကုမ္ပဏီ၊ မြေ အောက်သတ္တုစုံဝါးမျိုရန် ဘားမားကော်ပို ရေးရှင်း၊ ရေနံကိုရယူရန် ဘီအိုစီကုမ္ပဏီ၊ စပါးနှင့်ကောက်ပဲသီးနှံစိုက်ပျိုးထွက်ကုန် များလက်ဝါးကြီးအုပ်ရန်စတီးဘရားသား စသည်ဖြင့် ဘူလင်ဂျာပူးလ်တို့ အကွက် စေ့စွာဝင်ရောက်၍ သွေးစုပ်ခဲ့ကြသည်။
မခံမရပ်နိုင်သော တိုင်းရင်းသားစုံ မြန်မာတို့ကလည်း ၁၈၈၅ခုနှစ်မှ ၁၉ဝဝ ပြည့်လွန်နှစ်များအထိ သူ့ကျွန်မခံခုခံရေး စစ်ပွဲများဆင်နွှဲခဲ့ကြသည်။ ၁၉ဝ၆ခုနှစ် တွင် ဝိုင်အမ်ဘီအေ၊ ၁၉၂ဝပြည့်နှစ်တွင် ဂျီစီဘီအေ(မြန်မာအသင်းချုပ်ကြီး)နှင့် တို့ ဗမာအစည်းအရုံးတို့ကို ဖွဲ့စည်းတည် ထောင်ကာ အမျိုးသားလွတ်မြောက်ရေး အတွက် လှုပ်ရှားတိုက်ပွဲဝင်ခဲ့ကြသည်။ ဘီအိုင်အေ၊ ဘီဒီအေ၊ ဗမာ့တပ်မတော်၊ ဖတပလ၊ ဖဆပလတို့သည် လွတ်လပ် ရေးကို အပြီးအပိုင်ရယူနိုင်ရန် စည်းလုံးမှု အင်အားဇာတိမာန်တို့ဖြင့် ကြိုးပမ်းခဲ့ ကြသည်။
၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး လွတ်လပ်၍ အချုပ်အခြာအာဏာ ပြန် လည်ပိုင်ဆိုင်ခဲ့သည်။ြ<ွကယ်ဝလှသော သယံဇာတ၊ သဘာဝအရင်းအမြစ်၊ နိုင်ငံ ၏ဓနဥစ္စာများ မြန်မာတို့ပြန်လည်ပိုင်ဆိုင် ခဲ့သည်။ ၁၉၄၇ခုနှစ်ဖေဖော်ဝါရီလ ပင် လုံညီလာခံဖြင့် ရာစုနှစ် တစ်ခုမက နယ် ချဲ့တို့၏ သွေးခွဲမှုကို ပယ်လှန်ကာ တိုင်း ရင်းသားအားလုံး၏ အချုပ်အခြာအာဏာ ပိုင်ပြည်ထောင်စုနိုင်ငံတော်ကြီးများ ထူ ထောင်နိုင်ခဲ့သည်။လွတ်လပ်ရေးအတွက် နယ်ချဲ့ခုခံရေး စစ်ပွဲကာလများ၊ လွတ်လပ်ရေးကြိုးပမ်း မှုကာလများတွင် မြန်မာတို့သည် အမျိုး သားရေးစိတ်ဓာတ်ဖြင့် အမျိုးသားနိုင်ငံ ရေးကိုစွဲကိုင်ခဲ့ကြသည်။ ထိုတူညီသော ခံယူချက်ကြောင့်လည်း စည်းလုံးညီ ညွတ်ခဲ့သည်။ လွတ်လပ်ရေးရပြီးသည် နှင့် ပြည်ပ ပယောဂစုံဖြင့် ပါတီ၊ ဂိုဏ်း ဂဏ၊ ဝါဒစွဲများက မြန်မာတို့၏စည်းလုံး မှုနှင့် အမျိုးသားရေးခံယူချက်များကို ထိပါးလာခဲ့သည်။ ဤသို့ဖြင့် အမျိုးသား စည်းလုံးညီညွတ်မှု သို့မဟုတ် တိုင်းရင်း သားစည်းလုံးညီညွတ်မှု အစည်းပြေခဲ့ရ သည်။
ထိုစည်းလုံးညီညွတ်မှုပြိုကွဲကာ လက်နက်ကိုင်ပြီး အချင်းချင်း ကိုယ့်အစွဲ မာနပြည်တွင်း၊ ပြည်ပ ပယောဂများဖြင့် တိုက်ခိုက်လာကြရာ ရာစုနှစ်တစ်ဝက်ခန့် ပြည်သူတို့အသက်ကို ဖက်နှင့်ထုပ်ကာ ပြေးလွှားနေခဲ့ရသည်။ လွတ်လပ်လာ သော်လည်း ပြည်သူတို့သည် လွတ်လပ် ရေး၏ အရသာမခံစားကြရ။ နယ်ချဲ့ဆိုး မွေဖြင့် လုံးထွေးရစ်ပတ်ကာ ဒုက္ခစုံအ တောမသတ်နိုင်ဘဲရှိခဲ့ရသည်။ လွတ်လပ် ရေးပြန်လည်ဆုံးရှုံးလုနီးနီးအခြေအနေများ၊ ၁၉၄၈-၁၉၄၉ (ရန်ကုန်ခြောက်မိုင်အစိုးရ ဟုဆိုရလောက်အောင် သောင်းကျန်းမှု မင်းမူချိန်) ကာလတွင် တစ်ကြိမ်၊ ၁၉၅၈ ခုနှစ် အာဏာရဖဆပလနှစ်ခြမ်းကွဲကာ လူသူ လက်နက်စုပြီး ရန်စောင်ကြသော ခက်ဖွယ်ရယ်ကြုံလက်နက်ကယ်စုံအညီ နဲ့ကာလတွင် တစ်ကြိမ်၊ ၁၉၆၂ခုနှစ်ဦး ပိုင်းဖက်ဒရယ်မူအမည်ခံ ပြည်ထောင်စု ကြီးခုနစ်စိတ်ရှစ်စိတ်ကွဲပြီး နယ်ချဲ့စစ် အုပ်စု(ဆီးတိုး)အတွင်းဝင်ရောက်ရန်အထိ ပြည်ပနယ်ချဲ့မှိုင်းမိခဲ့ကြစဉ်က တစ်ကြိမ်၊ ၁၉၈၈ခုနှစ် ပြည်တွင်း၌ ပယောဂစုံပူး ကပ်ပြီးဆူပူနေကြချိန်၊ အင်အားကြီး အနောက် နိုင်ငံတစ်ခုမှ လေယာဉ်တင် သင်္ဘောအပါအဝင် စစ်သင်္ဘောငါးစင်း အုပ်စု မြန်မာ့ရေပိုင်နက်အတွင်း ကျူးကျော် ဝင်ရောက်ကာ မြန်မာနိုင်ငံကို ကျားချောင်း ချောင်းစဉ်က တစ်ကြိမ်၊ လွတ်လပ်ရေး ပြန်လည်ဆုံးရှုံးမှုလုလု၊ ပြည်ထောင်စုပြို ကွဲလုလု သွေးချောင်းစီးကာ အလုံးစုံ ပျက်သုဉ်းလုလု အခြေအနေဆိုးဆိုက် ရောက်ခဲ့သည်။
တိုင်းရင်းသားပြည်သူများနှင့် အမျိုး သားရေးအမာခံအင်အားစုကြီးဖြစ်သည့် တပ်မတော်တို့ ညီညာလက်တွဲကာ ထို အန္တရာယ်ဆိုးလေးကြိမ်မှ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခဲ့ရသည်။ ယနေ့ တပ်မတော်နှင့် ပြည်သူတို့ပင် နိုင်ငံတော် (ပြည်ထောင်စုကြီး)နှင့် လွတ်လပ်ရေး (အချုပ်အခြာအာဏာ)ကိုကာကွယ်လျက် ရှိသည်။ နိုင်ငံတော်အေးချမ်းသာယာလာ စေရန်၊ ငြိမ်းချမ်းသော ပတ်ဝန်းကျင်ထူ ထောင်ပြီး နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးစေရန် လည်း ဤမည်သော အမျိုးသားရေးအင် အားစုကြီးကပင်ဆောင်ရွက်လျက်ရှိသည်။
ဤသည်မှာ လွတ်လပ်ရေးဆုံးရှုံးမှု၏ အနိဋ္ဌာရုံများကို ဖယ်ရှားကာ လွတ်လပ် ရေး၏ ဣဋ္ဌာရုံ သို့မဟုတ် လွတ်လပ်ရေး အရသာကို အမျိုးသားနိုင်ငံရေးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မှု၏ သရုပ်သကန်ပင်ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။