images
UN
UN
မကွေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဓမ္မစကူးလ်ကျောင်းသူကျောင်းသားများအား ဆုချီးမြှင့်
Monday, 06 January 2020
မကွေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးအောင်သိန်းကျော်၊ မြို့နယ် ပါတီကော်မတီဝင်များဖြစ်ကြသော ဦးတင်ဌေးအောင်၊ဦးထွန်းထွန်းနိုင်၊ ဦးမျိုးဇော်အောင်တို့သည် မကွေးမြို့နယ် ဒဟတ်ကန်ကျေးရွာ သာသနဝိ ပုလကာရီကျောင်းတိုက်တွင်ကျင်းပသော ဓမ္မစကူးလ်ဆဋ္ဌမအကြိမ်မြောက် သင်ယူပြီးမြောက်ခြင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်က ထူးချွန် ကျောင်းသူ၊ ကျောင်းသားများအား ကျောင်းသုံးစာအုပ်များကို ဆုများချီးမြှင့် ပေးအပ် ခဲ့သည်။