images
UN
UN
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းသန့်ရှင်းရေး မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ လုပ်အားပေးဆောင်ရွက်
တင်ဆန်းအောင်(မြောက်ဒဂုံ) Monday, 06 January 2020
ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် (၅)ရပ်ကွက် သုမင်္ဂလာ လမ်းထောင့်နှင့် အောင်မေတ္တာလမ်း ထောင့်ရှိ အမှတ်(၃)အခြေခံပညာမူလ တန်းကျောင်းဝင်း ပရဝဏ်အတွင်း ရှိ ချုံနွယ်ပိတ်ပေါင်းများနှင့် ပေါင်း မြက်တို့ကို ယမန်နေ့ နံနက် ၉နာရီ တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဆောင်ကာ ပါတီဝင်များက ခုတ်ထွင်ရှင်းလင်း ခြင်းနှင့် မြက်ဖြတ်စက်များဖြင့် ပေါင်းမြက်များ ဖြတ်တောက်ခြင်း ဆောင်ရွက်လုပ်အားပေးခဲ့ကြသည်။
အဆိုပါ လုပ်အားပေးဆောင် ရွက်ရာတွင် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းစိုး၊ အတွင်း ရေးမှူး ဦးကျော်ထင်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးမင်းဇော်ဦးနှင့် ရပ် ကွက်များမှ ပါတီဝင်များ ပူးပေါင်း ကာ ကျောင်းသန့်ရှင်းလှပစေရန် လုပ်အားပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။