images
UN
UN
ကိုယ်စီတာဝန် ကျေပွန်စေလို
မောင်သောင်းဝင်း(တမန်ဟောင်း) Monday, 06 January 2020
''နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက် ဖို့ဆိုရင် မိဘတွေအလုပ်ကိုကြိုးစားလုပ် နိုင်ဖို့ ကျောင်းတွေကို မတ်လ ၃၁ ရက် အထိဖွင့်ရတယ်လို့'' ရွှေဥာဏ်တော်စူး ရောက်သည့် ပုဂ္ဂိုလ်တစ်ဦးကပြောကြား သွားသည့် ဗီဒီယိုဖိုင်သည် လူမှုကွန်ရက် တွင်ပျံ့နှံ့လျက်ရှိသည်။ ထိုပုဂ္ဂိုလ်အား ပညာရေး ဝန်ထမ်းများနှင့် ကျောင်းသား မိဘများက ကောင်းချီးပေးထားသည့်ပို့စ် များမှာလည်းပလူပျံလျက်ရှိသည်။ကျောင်း သားမိဘတစ်ဦး ဖြစ်နေသောကြောင့် မြန်မာနိုင်ငံပညာရေးစနစ်အပေါ် စိတ် မကောင်းဖြစ်မိပါသည်။ ကလေးငယ် များသည်အစမ်းသပ်ခံများဖြစ်နေသည်။
ဟန်ပြသာဖြစ်နေ
ဆိုရလျှင် စာရေးသူ၏ သမီးငယ် သည် ပညာရေးစနစ်ပြောင်းလဲမှုအရ စတုတ္ထတန်းအောင်ပြီးချိန်တွင် Grade-VI ဆိုသော ဖတ်စာအုပ်များကိုသင်ကြားရ သည်။ ကျောင်းစာအပြင် ပန်းချီ၊ ဂီတ နှင့်အနုပညာကိုပါ သင်ကြားရမည်ဟု ဆိုသဖြင့် စည်းနှင့်ဝါးကိုပါ ဝယ်ပေးရ သည်။ ပုံဆွဲစက္ကူနှင့် ရောင်စုံခဲတံများ လည်းဝယ်ပေးရသည်။ သမီးငယ်သည် စည်းနှင့်ဝါးကိုဝယ်ပြီး တစ်ပတ်လောက် သာကိုင်သည်။ အလားတူပန်းချီဆွဲတာ ကိုလည်း တူတူတန်တန်မတွေ့ရပေ။ ကျောင်းမှာဂီတသင်လားမေးကြည့်တော့ ဝေ့လည်ကြောင်ပတ် ဖြေသည်။ အမှန် တော့ဆရာမတွေကိုယ်တိုင်ပင်လျှင် ထဲ ထဲဝင်ဝင်မတတ်သဖြင့် ကလေးများကို သင်ပြနိုင်စွမ်းမရှိသည်မှာ သဘာဝပင်ဖြစ် သည်။ ထိုနည်းတူစွာ ပန်းချီတွင်လည်း ဆရာမများသည် ဆေးရောင်ကိုတောင် မှန်ကန်အောင်မစပ်တတ်သဖြင့် ကလေး များကို မည်သို့သင်သွားမည်နည်း။ အက သင်ပြရာတွင်လည်း ဆရာမကိုယ်တိုင် လက်မချိုးတတ်သဖြင့် ကလေးတွေကို ပြောင်ပြသလိုဖြစ်နေသည်။ စင်စင်အား ဖြင့် အနုပညာဆိုသည်မှာ လုပ်ယူ၍ မရပေ။ ပါရမီရှိမှသာလျှင် တတ်မြောက် နိုင်ပေသည်။
ဆရာ၊ ဆရာမများကို အပြစ်တင်နေ ခြင်းမဟုတ်ပါ။ ဆရာများသည် ဂီတအနု ပညာကိုလေ့လာ သင်ယူထားသူများ မဟုတ်ပါ။ ထို့ပြင် တချို့သောဆရာ၊ ဆရာမများသည် ဆရာဖြစ်သင်တန်းကို တောင် မတက်ရသေးသည့် ဆွဲခန့်ဆရာ၊ ဆရာမများပင်ဖြစ်သည်။ အမှန်တော့စနစ် တစ်ခုကိုပြောင်းမည်ဆိုလျှင် မဟာဗျူ ဟာနှင့် နည်းဗျူဟာများလိုအပ်ပါသည်။ သင်ထောက်ကူပစ္စည်းများ ကြိုတင်စု ဆောင်းဖို့လိုအပ်ပါသည်။ လက်တန်းသာ လုပ်နေမည်ဆိုလျှင် အဆန်မရှိဘဲ ဟန်ပြ လောက်သာဖြစ်နေပါမည်။ အထူးသဖြင့် ကွန်ပျူတာသင်ကြားရေးနှင့်စပ်လျဉ်း၍ တချို့သောကျောင်းများသည် မီးမရ သဖြင့် ကွန်ပျူတာများသည် ဖုန်အထပ် ထပ်တက်လျက်ရှိသည်။ မီးရသည့် ကျောင်းများတွင်လည်း ကွန်ပျူတာနှင့် ကျောင်းသားအချိုးအစားကွာဟလွန်း သဖြင့် တချို့သောကလေးများသည် ကျောင်းသာ ပိတ်သွားသော်လည်း ကွန်ပျူတာအဖွင့်၊ အပိတ်ပင်မလုပ်တတ် ကြပေ။ စိတ်မကောင်းစရာပင်ဖြစ်သည်။အမှန်တော့လက်ရှိပညာရေးစနစ်သည် အလှမ်းကျဲပြီး အလယ်လပ်နေသည်။ အဆန်မရှိဘဲ ဟန်ပြလောက်သာဖြစ်နေ သည်။
ဝန်ထုပ်ဝန်ပိုးသာပိုဖြစ်

ကလေးငယ်များကို မတ်လ ၃၁ ရက်အထိ ကျောင်းဖွင့်ထားခြင်းသည် မိဘများကိုအထောက်အကူ မဖြစ်သည့် အပြင် ဝန်ထုပ်ဝန်ပိုးပင်ပိုဖြစ်ရပါသည်။ ပထမဆုံးအနေဖြင့် မိဘများသည်ကလေး များကို ကျောင်းပို့၊ ကျောင်းကြိုလုပ်ဖို့ အချိန်တစ်လပိုတိုးသွားပါသည်။ ထိုသို့ ကျောင်းကြို၊ ပို့လုပ်ရသည်မှာ တချို့ သောမိဘများဆိုလျှင် အချိန်များစွာပေး ကြရပါသည်။ တချို့မိဘများသည် လမ်း လျှောက်သွားရသည်။ တချို့မိဘများ သည် လိုင်းကားစီးသွားရသည်။ ကိုယ် ပိုင်ကားရှိသည့် မိဘများအနေဖြင့်လည်း ကားပါကင်ရရှိရေးအတွက် အချိန်များ စွာပေးကြရသည်။
ထို့ပြင် ကျောင်းဖွင့်ထားသဖြင့် ကလေးများကို ကျူရှင်ပါဆက်ပို့ရမည် ဖြစ်သည်။ ကျူရှင်ကြို၊ ပို့တာဝန်ပါပို လာသဖြင့်ကုန်ကျစရိတ်များလည်း ပိုမို လာမည်ဖြစ်သည်။ ကျောင်းတစ်လပိုဖွင့် ရုံမျှဖြင့် မည်သည့်မိဘမျှ စီးပွားရေး လုပ်ငန်းကြီး ထူထောင်နိုင်မည်မဟုတ် ချေ။ စင်စစ်အားဖြင့် စီးပွားရေးလုပ်ငန်း ရှင် မိဘများသည် ကလေးများကိုကိုယ် တိုင်ထိန်းကျောင်းလေ့မရှိဘဲ ကလေး ထိန်းများ၊ အိမ်ဖော်အကူများနှင့်သာ ကျောင်းကြို၊ ပို့လုပ်ပါသည်။ ဆိုရလျှင် မတ်လကုန်အထိ ကျောင်းဖွင့်ခြင်းသည် ကျောင်းသားမိဘများကို ဝန်ထုပ်ဝန်ပိုး သာပိုမိုဖြစ်စေပါသည်။
စစ်တမ်းကောက်ယူစေလို
နိုင်ငံတကာတွင် မူဝါဒတစ်ခုပြောင်း လဲတော့မည်ဆိုလျှင် စစ်တမ်းကောက်ယူ လေ့ရှိသည်။ မြန်မာနိုင်ငံသည် ဒီမိုက ရေစီစနစ်ကျင့်သုံးနေသည်ဟုဆိုသော် လည်းအစိုးရသည် အာဏာရှင်ဆန်ဆန် လုပ်ဆောင်လျက်ရှိသည်။ အမှန်တော့ မတ်လကုန်အထိ ကျောင်းဖွင့်သွားမည့် ကိစ္စကို ပညာရေးဝန်ကြီးဌာန တစ်ခု တည်း၏ဆုံးဖြတ်ချက်ဖြင့် အတည်မပြု သင့်ပေ။ ပညာသင်နှစ်စကတည်းကပင် ကျောင်းသားမိဘများ၏သဘောထားကို စစ်တမ်းကောက်ယူထားသင့်ပေသည်။ လူတစ်ဦးတည်း၏ဦးနှောက်နှင့်ဗဟုသုတြ<ွကယ်ဝသည့် ကျောင်းသားမိဘများ ၏ဦးနှောက်သည်ကွဲပြားမှုရှိနိုင်ပေသည်။ အထူးသဖြင့် အကြောင်းအရာတစ်ခုကို သုတေသနပြုလုပ်ပြီးမှသာလျှင်အကောင် အထည်ဖော်သင့်ပေသည်။
အမှန်တော့ ကလေးငယ်များကို ဖေဖော်ဝါရီလတွင် စာမေးပွဲဖြေဆိုပြီး မတ်လတွင်ကျောင်းပိတ်ရသည့်အကြောင်း တရားများစွာရှိပါသည်။ မြန်မာနိုင်ငံ၏ ရာသီဥတုအခြေအနေ၊ ယဉ်ကျေးမှုအစဉ် အလာတို့အရ နွေရာသီကျောင်းပိတ်ရက် ကို သုံးလပိတ်ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာ နိုင်ငံ၏ လူဦးရေရာခိုင်နှုန်း ၇ဝသည် ကျေးလက်ဒေသတွင် နေထိုင်လျက်ရှိ သည်။ ကျေးလက်နေပြည်သူများသည် နွေရာသီကျောင်းပိတ်ရက်တွင်ကလေးများ ကို ရွာဦးဘုန်းကြီးကျောင်း ပို့ကြသည်။ သင်္ကန်းတောင်းအပါအဝင် ဗုဒ္ဓဘာသာ အခြေခံကို သင်ယူခိုင်းသည်။ သင်္ကြန် ကာလတွင် ကိုရင်နှင့်မယ်သီလရှင်ဝတ် ခိုင်းသည်။ တရားရိပ်သာဝင်ခိုင်းသည်။
ထို့ကြောင့်ကျေးလက်နေကလေးများ သည်ယဉ်ကျေးသိမ်မွေ့ကြသည်။လူကြီး မိဘကို ရိုသေကိုင်းရှိုင်းသည်။ ကျေး လက်ဒေသတွင် ဘုန်းကြီးကျောင်းနေဖူး သည့်ကလေးများသည် ခန္ဓာကိုယ်တစ်ခု လုံးကိုတက်တူးထိုးခြင်း၊ ဆံပင်ကိုဖြူနီ ကြောင်ကျားဆေးများဆိုးခြင်းနှင့် နား ရွက်တွင်နားကွင်းကြီးများချိတ်ထားခြင်း၊ ဂျင်းဘောင်းဘီအစုတ်များ၊ စကတ်အတို အကွဲများနှင့် ချက်ပေါ်ချိုင်းပြတ်ကိုယ် ကျပ်အင်္ကျီများ ဝတ်ဆင်ခြင်းကဲ့သို့သော မြန်မာ့ယဉ်ကျေးမှုနှင့်ဖီလာဆန့်ကျင် သည့်အပြုအမူများကိုရှောင်ကြဉ်လေ့ရှိ သည်။
ထို့ကြောင့်ရှေးလူတွေက လက်နှင့် ရေးခဲ့သည်ကို နောက်လူတွေက ခြေနှင့် ဖျက်နေမည်ဆိုလျှင်တော့ ကလေးငယ် များသည် မြေစာပင်ဖြစ်ပြီးတိုင်းပြည် အနာဂတ်မှာလည်းဆုတ်ယုတ်မှုဆီသို့ သာဦးတည်နေမည်ဖြစ်သည်။ စိတ် မကောင်းစရာပင်ဖြစ်သည်။
ကလေးများကိုညှာတာစေလို
စင်စစ်အားဖြင့် မြန်မာနိုင်ငံရာသီဥတု သည် ဖေဖော်ဝါရီလကတည်းကအတော် လေးပူနေပြီဖြစ်သည်။ မတ်လဆိုလျှင် ချစ်ချစ်တောက်ပူနေပြီဖြစ်သည်။ ယမန် နှစ်ကမတ်လအပူချိန်သည် ၄၄ ဒီဂရီ စင်တီဂရိတ်ကျော်ခဲ့သည်။ ထိုသို့ ပူပြင်း လွန်းလှသည့် မတ်လတွင် ကလေးငယ် များကို ပန်ကာပင်မရှိသည့် စာသင်ခန်း ထဲတွင်ြ>ွပတ်သိပ်စွာ လှောင်ပိတ်ထား မည်ဆိုလျှင်မည်မျှပင်ပန်းလိုက်မည်နည်း။ လုပ်ပိုင်ခွင့်အာဏာနှင့် ငွေကြေးဓနြ<ွကယ်ဝသူများ၏ သားသမီးများ ပညာ သင်နေသည့်ကျောင်းများတွင်မူ အဲကွန်း များ ရှိချင်ရှိနိုင်ပါသည်။ ကျေးလက် ဒေသရှိ ကျောင်းများသည် ယပ်တောင် ပင်မရှိပေ။
ဆိုရလျှင်တပေါင်းလရောက်ပြီဆိုလျှင် ရွက်ဟောင်းမျာြးေ<ွကနေပြီဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ပူပြင်းခြောက် သွေ့နေပြီဖြစ်သည်။ နေထွက်သည်နှင့် ချွေးတစ်ပြိုက်ပြိုက်ကျနေပြီဖြစ်သည်။
ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ ငြိမ်ငြိမ်ထိုင်နေလျှင်တောင် ပင်ပန်းနွမ်းနယ် သည့်အချိန်မျိုးတွင် ကလေးငယ်များအား စာသင်ခန်းထဲ၌ ပိတ်လှောင် ထားခြင်းသည် ညှာတာမှုကင်းမဲ့ရာရောက်ပေမည်။ ထို့ပြင် မီးဘေး အန္တရာယ်လည်း စိုးရိမ်ရပေသည်။ မတော်တဆမီးလောင်မှုသာ ဖြစ်ပွားခဲ့ မည်ဆိုလျှင် အပြစ်မဲ့ကလေးများသည် အဝင်အထွက်မကောင်းသည့် စာသင်ခန်းများထဲတွင် ပိတ်မိနိုင်ပါသည်။
ကိုယ်စီတာဝန်ကိုသာကျေပွန်စေလို
ဆိုရလျှင် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းတို့ လက် ထက်ကလည်း မတ်လဆန်းသည်နှင့် နွေရာသီကျောင်းပိတ်ခဲ့သည်။ အာဇာနည်ခေါင်းဆောင်ကြီးသည် နွေရာသီတွင်ဘုန်းကြီး ကျောင်းသွား ခဲ့သည်။ ထိုစဉ်က ကျေးလက်နေပြည်သူများသည် ယခုကာလထက်ပင် အေးချမ်းလှပါသည်။ မတောင့်မတ မကြောင့်မကြနေကြရပါသည်။ တိုင်းပြည်သည်လည်း ယခုလောက် အဘက်ဘက်မှချွတ်ခြုံမကျခဲ့ပေ။ အမှန် တော့ကျောင်းသားမိဘများ တစ်လလောက်အလုပ်ပိုလုပ်ရုံမျှဖြင့် တိုင်းပြည် စီးပွားရေးသိသိသာသာ တိုးတက်လာမည်မဟုတ်ပေ။ တိုင်း ပြည်တာဝန်ယူနေသည့် အစိုးရအဖွဲ့၏အရည်အချင်းနှင့် စွမ်းဆောင်ရည် ပေါ်တွင်သာ များစွာမူတည်နေမည်ဖြစ်သည်။ တိုင်းပြည်တစ်ခုသည် အိမ်တစ်အိမ်နှင့်အလားသဏ္ဌာန်တူပေသည်။ အိမ်ထောင်ဦးစီးမိဘများက အရည်အချင်းရှိမှသာလျှင် ထိုမိသားစုသည် တိုးတက်ကြီးပွားနိုင်မည်ဖြစ် သည်။ အလားတူ တိုင်းပြည်ကိုဦးဆောင်နေသည့်အစိုးရအဖွဲ့သည် စွမ်း ဆောင်ရည်ရှိမှသာလျှင် တိုင်းသူပြည်သားများလည်း လူမှုဘဝချောင် လည်မြင့်မားစွာ နေထိုင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်စီးပွား ရေးတိုးတက်ဖို့ဆိုလျှင်တော့ ပူပြင်းလှသည့် နွေရာသီတွင် ကလေးငယ် များကို စာသင်ခန်းထဲ၌ မညှာမတာပိတ်လှောင်ထားသည်ထက် ကိုယ်စီ တာဝန်ကိုသာ ကျေပွန်အောင်ထမ်းဆောင်သွားကြပါလို့သာ တိုက်တွန်း ချင်ပါသည်။