images
UN
UN
နှစ်(၁ဝဝ)ပြည့် ရွှေကျင်နိကာယဝိနယဓမ္မစာပြန်ပွဲတော်အတွက် သုံးခွမြို့နယ်ပြည်ခိုင်ဖြိုးပါတီငွေလှူဒါန်း
ကြည်စိုးလွင်(သုံးခွ) Wednesday, 08 January 2020
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွ မြို့  အမှတ်(၈+၁ဝ)ရပ်ကွက် ဥက္ကံ ပရိယတ္တိစာသင်တိုက်ကြီးတွင်ကျင်းပ မည့် နှစ်(၁ဝဝ)ပြည့် ရွှေကျင်နိ ကာယဝိနယဓမ္မစာပြန်ပွဲတော်ကြီး အတွက် မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ယနေ့နံနက် ၁ဝနာရီတွင် အလှူငွေ ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရ သည်။
ယင်းအလှူငွေလှူဒါန်းရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီအတွင်းရေးမှူး ဦးမောင် မောင်သင်၊ မြို့နယ်ပါတီကော်မတီ ဝင်များဖြစ်ကြသည့် ဦးသောင်း အေး၊ ဦးကြည်ဝင်း၊ ဦးဝင်းဟန်၊ ဒေါ်ဥမ္မာဝင်း၊ ဦးသိန်းအောင်တို့က အလှူငွေကျပ် တစ်သိန်းတိတိကို ထည့်ဝင်လှူဒါန်းရာ သာသနာ့ ဂုဏ်ရည်ဝိနယနုဂ္ဂဟအကျိုးဆောင် အဖွဲ့မှ ဦးခင်မောင်ဝင်းက လက်ခံ ရယူခဲ့ကြောင်း သိရသည်။